ကိုယ်တိုင် Lock down ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးပါ

Lock down အတွေ့အကြုံလေးပါ အလှူရှင်တွေ လာတဲ့အခါ ခံစားရတဲ့ ခံစားချက်ကို ကောင်းကောင်းသိသွားပြီ အရင်ကဆို ကိုယ်ကသာ သွားလှူဖူးတာလေ အခုတော့ ကိုယ့်ကို လာလှူတဲ့လူတွေ ပြန်ကြုံဖူးရပြီ ဘယ်လို ဝမ်းသာသလဲဆိုတာရယ်၊ ဘယ်လောက်ကျေးဇူးတင်လဲ ဆိုတာရယ်က ပြောမပြတတ်အောင်ပဲ တကယ်ပါ ကိုယ်တွေတိုက်ရဲ့ ပထမထပ်က ၂ ယောက် positive ထွက်တော့ ညတွင်းချင်းပဲ တစ်တိုက်လုံးကို Lock down ချပစ်လိုက်တယ် ၂၁ ရက်တိတိ တိုက်အောက်ကို မဆင်းရဘူး။ ရုံးတွေ၊ ကျောင်းတွေမသွားရတော့ဘူးဆိုတာ သိတဲ့အချိန်မှာ အလန့်တကြားနဲ့ မီးဖိုခန်းထဲ ပြေးကြည့်မိတယ် အဲ့ဒီအချိန် ကိုယ့်အိမ်မှာ ဆန်၊ဆီ၊ဆားကတော့ ပြည့်စုံနေပေမယ့် ကုန်ခြောက်ဆိုလို့ ကြက်ဥ ၅ လုံး၊ ငါး သေတ္တာ ၅ ဘူးနဲ့ ခေါက်ဆွဲ … Read more