နေထိုင်စားသောက်ရေး ကိစ္စ အဝဝကို အကုန်ကျခံပေးသွားမည်ဟု ဦးဇော်ဇော် မှပြော

နေထိုင်စားသောက်ရေး ကိစ္စ အဝဝကို ကျခံပေးသွားမည်ဟု ဦးဇော်ဇော်ပြော ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီး တည်ဆောက်လျက်ရှိပါတယ်။ ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် … Read more