အောက်တိုဘာ ၃၁ ရက်နေ့ .. ည တွင် အပြာရောင်လ ထွက်ပေါ်မည်

“အောက်တိုဘာ ၃၁ ရက်နေ့(Halloween Night)ည တွင် အပြာရောင်လ ထွက်ပေါ်မည်” ၂၀၂၀၊ အောက်တိုဘာ ၃၁ ရက်(ဟောလိုးဝင်းပွဲတော်ည)မှာ အပြာရောင်လ (Blue Moon)ထွက်ပေါ်လာမှာဖြစ်တယ်လို့ နာဆာအမျိုးသားအာကာသသိပ္ပံအချက်အလက်စင်တာ (NASA’s National Space Science Data Center)က ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာလထဲမှာ လပြည့်ည နှစ်ကြိမ်ထွက်ပေါ်မှာဖြစ်ပြီး ပထမလပြည့်ရက်က အောက်တိုဘာလရဲ့ပထမဆုံးအပတ် နဲ့ နောက်တစ်ကြိမ်ကတော့ အောက်တိုဘာနောက်ဆုံးပတ်ဖြစ်ပါတယ်။ တကယ်တော့ အပြာရောင်လ ဆိုတာ တင်စားခေါ်ဝေါ်မှုတစ်ခုသာဖြစ်ပြီး အဲ့ဒီနေ့ညမှာ ပုံမှန်မြင်နေကျ လ ကို အရွယ်အစားပိုကြီးပြီး ပိုတောက်ပတဲ့ပုံစံနဲ့သာမြင်ရမှာဖြစ်ပါတယ်။ လတစ်လရဲ့ပုံမှန်လပြည့်ရက်က တစ်ကြိမ်သာဖြစ်ပေမယ့် ၂၀၂၀ အောက်တိုဘာမှာတော့ လပြည့်ညကို နှစ်ကြိမ်မြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ကြိမ်က အောက်တိုဘာလအစမှာဖြစ်ပြီးနောက်တစ်ကြိမ်ကတော့ အောက်တိုဘာ ၃၁ မှာဖြစ်ပါတယ်။ ဒီလို တစ်လထဲမှာ လပြည့်ရက်နှစ်ခါဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး … Read more