တစ်စုံတစ်ယောက်က သင်ကို သတိရနေပြီဆိုတာ သေချာနေတဲ့ နမိတ်များ

လူတစ်ယောက် ကိုယ့်ကို သတိရနေပြီဆိုရင် ဘယ်လိုနမိတ်တွေဖြစ်လာလဲ သင်သိလား။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ဆိုတာ သိပ်ကိုဆန်းကျယ်ပါတယ်။ စိတ်စွမ်းအင်ဆိုတာလည်း မယုံမရှိနဲ့နော်။ ဒါဆိုရင် တစ်ယောက်ယောက်က သင့်ကို အရမ်းပဲ သတိရနေ၊ လွမ်းနေပြီဆိုရင် ဘယ်လိုတွေဖြစ်လာတတ်သလဲဆိုတာ ကြည့်လိုက်ကြရအောင်.. သင့်မျက်နှာကိုတွေ့လိုက်တာနဲ့ ပြုံးသွားမယ် အပြင်မှာပဲဖြစ်ဖြစ်၊ ဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်ကို တွေ့လိုက်တာနဲ့တင်ကို သူ့မျက်နှာလေးမှာ နှုတ်လမ်းလေးကွေးပြီး ပြုံးသွားမယ်ဆိုရင်တော့ သူဒီရက်ပိုင်းအတွင်းသင့်ကို အရမ်းလွမ်းနေတာ သေချာနေပါပြီ။ သင်သူ့အကြောင်း အိပ်မက်ထဲ ထည့်မက်မယ် ဒါကတော့ သိပ္ပံနည်းမကျတဲ့ အယူအဆပေါ့နော်။ ဒါပေမဲ့လည်းတကယ်ပဲ အိပ်မက်ထဲ မဆီမဆိုင် သူ့ကို ထည့်မက်ခဲ့မယ်ဆိုရင် သူသင့်ကို အရမ်းကို မနေထိထိုင်မသာနဲ့ လွမ်းနေရလို့ပါတဲ့။ ကောက်ခါငင်ခါ နှာချချီမယ် ဒါကလည်း အိပ်မက်လိုမျိုး တော်တော်လေးကို လူယုံကြည်မှုများတဲ့ နမိတ်ဆစ်ခုပါ။ ဓာတ်မတည့်လို့လည်းမဟုတ်ဘူး၊ … Read more