
တစ်သောင်းတန်အုပ်တွေမှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး သိန်း၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းကို ဖမ်းဆီး ကျပ်တစ်သောင်းတန်အုပ်တွေမှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းကို ဖမ်းဆီးအရေးယူထားတယ်လို့ ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ KBZ ဘဏ်ခွဲ ၁ မှဝန်ထမ်းတစ်ဦးဟာ ငွေကျပ်သိန်းပေါင်း (၄၈၅၁) သိန်းကို အခုလို အလွဲသုံးစားလုပ်လို့ သက်ဆိုင်ရာပုဒ်မ အသီးသီးနဲ့ ဖမ်းဆီးခဲ့ရတယ် လို့ ရွှေဘိုမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဖြစ်စဉ်ကတော့ မေ ၁၉ ရက် ညနေ ၃နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူတစ်ဦးက ငွေရေတွက်စစ်ဆေးတဲ့အချိန် ကျပ်တစ်သောင်းအုပ်တစ်အုပ်မှာ တစ်သောင်းကျပ်တန်နှစ်ရွက်ကို အပေါ်နဲ့ အောက် တစ်ရွက်စီ ညှပ်ထားပြီး ကျန်တဲ့(၉၈)ရွက်ကို တစ်ထောင်ကျပ်တန်တွေနဲ့ အစားထိုးထည့်ထားတာတွေ့ရှိရကြောင်း ဘဏ်တာဝန်ရှိသူတွေအား အကြောင်းကြားခဲ့လို့ … Read more