ဇူလိုင် ၁ ရက်မှစပြီး ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်းခွင့် ရမည်

ဇူလိုင် ၁ ရက်မှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်း ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ဇွန် ၃၀ ရက်တွင် အသိပေးကြေညာထားသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ယာဉ်အမည်ပြောင်းဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့်ယာဉ်ပိုင်ရှင်များ လူကိုယ်တိုင်လာရောက်ရေး အခက်အခဲမဖြစ်စေရန် ရည်ရွယ်၍ ယာဉ်အမည်ပြောင်းပိုင်ရှင်ကိုယ်တိုင် လုပ်ငန်းလာရောက်ဆောင်ရွက်ခြင်းအား ဖြေလျှော့ပေးခြင်းဖြစ်သည်။ “အရင်က ယာဉ်အမည်ပြောင်းဆောင်ရွက်တာကို ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့ လုပ်ထားတာကနေ ကိုဗစ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေဖို့နဲ့ ပိုင်ရှင်တွေအခက်အခဲမရှိစေဖို့အတွက် ဇူလိုင် ၁ ရက်ကစပြီး ယာဉ်အမည်ပေါက်ပြောင်းလဲတာကို ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့မလိုတော့ဘဲ ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်”ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနရုံးချူပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်က ဇွန် ၃၀ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောကြားသည်။ ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူ ပြီးကြောင်း အခွန်ပုံစံ၌ အမည်ပေါက်ပေးဆောင်သူ၏ … Read more