မန္တလေးသို့ လာမည်ဆိုပါက Facility Quarantine မိမိ စရိတ်ဖြင့် ဆောင်ရွက်ရမည်ဟုပြော ..

မန္တလေးသို့ လာမည်ဆိုပါက FQ နှင့် Swab နမူနာစစ်ဆေးခြင်း မိမိ စရိတ်ဖြင့် ဆောင်ရွက်ရမည် မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားနေသည့် တိုင်းနှင့် ပြည်နယ်များ (ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ် ) မှ လာရောက်မည်ဆိုပါက မဖြစ်မနေ Facility Quarantine ( သတ်မှတ်နေရာများတွင် ထားရှိကာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း) ဝင်ရောက်ရမည်ဖြစ်ကာ Swab နမူနာယူ ဓာတ်ခွဲစစ်ဆေးခြင်းများအား မိမိတို့ စရိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ယခုလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန်ံ့ပြန်ရေး ကော်မတီအစည်းအဝေးအပြီးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ကိုဗစ်ကူးစက်ပြန့်ပွားရာ ဒေသများမှ တစ်ဆင့်မန္တလေးမြို့သို့ လာရောက်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်းနေထိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ဇော်မြင့်မောင်က … Read more