နေ့တိုင်းဆွမ်းလောင်းတဲ့ အဖွားအိုကို တိုက်အိမ် ဆောက်ပေးခဲ့တဲ့ ဦးဇင်းလေး

ထိိုင်းနိုင်ငံအရှေ့ပိိုင်း၊ ပရာကျင်းပူရီခရိုင်ထဲမှာ ဒုလ္လဘရဟန်းခံခဲ့သူတစ်ဦးက သူ့ကို မနက်တိုင်းဆွမ်းလောင်းခဲ့တဲ့ အဘွားအိုအတွက် တိုက်အိမ်တစ်လုံး ဆောက်ပေး လိုက်ပါတယ်။ နိိုင်းနတ်ထဝုတ် ငူးဆွန် ဆိုသူဟာ ဘန်ကောက်က ကုမ္ပဏီကြီးတစ်ခုရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့လက ပရာကျင်းပူရီခရိုင် ကပင်ပူရီမြို့ရှိ ဆာမတ်ခီး ဆမိုးဆွန်ကျောင်းတိုက်မှာ ဒုလ္လဘရဟန်းခံခဲ့ပါတယ်။ ရဟန်းဘဝမှာ ဆွမ်းခံထွက်စဉ် ယိိုင်နဲ့နဲ့အိမ်စုတ်တစ်လုံးရှေ့ကနေ မနက်တိိုင်း ဆွမ်း လာလောင်းတဲ့ အဘွားအိုတစ်ယောက်ကို သူက သတိထားမိနေပါတယ်။ အဆိုပါ အဘွားအိုဟာ အသက် ရ၀ ရွယ်ရှိ နန်းဆိုဝဖား ဖွန်းလ်ဆင်် ဆိိုသူဖြစ်ပြီး ခင်ပွန်းသည် ကွယ်လွန်သွားပြီဖြစ်ကာ သားသမီး ၄ ယောက်ရှိပေမယ့် အားလုံးက အဝေးမှာ အိိမ်ထောင်အသီးသီး ကျသွားလို့ တဲအိမ်လေးမှာ တစ်ဦးတည်းနေနေ ရတယ်လို့ ဆိုပါတယ်။ အဘွားအိုနေထိုင်တဲ့ တဲစုတ်မှာ အလွန်ယိုင်နဲ့နေပြီး … Read more