တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေ ပျောက်ကင်းသွားစေမယ့်နည်း
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး။ ဆားဝက်ခြံတွေဟာ နှာခေါင်း၊ မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ်။ ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။ ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။ ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီး ကို အကွင်းပုံစံ လှီးလိုက်ပါ။ တစ်ခုဆို လုံလောက်ပါပြီ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။ ပြုလုပ်နည်း ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး … Read more