မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင်

အချစ်ကြီးရင် အမျက်ကြီး တယ်ဆိုတဲ့စကားက အမှန်တကယ်ဖြစ် နိုင်ပါတယ်။ အထူးသဖြင့် မိန်းမသားတွေအတွက် ပိုမှန်နိုင် ပါတယ်။ ဘာလို့ဆို အချစ်ကြီးတဲ့မိန်းမသားတွေဟာ သူတို့ချစ်မိ တဲ့သူအတွက် ဘာမဆိုပေးဆပ်ဖို့ဝန်မလေးသလို၊ သူတို့အချစ်ကို တန်ဖိုးမထားဘဲ နာကျင်အောင် လုပ်ရင်တော့ လုံးဝလှည့်မကြည့်တော့ပဲ ကျောခိုင်းသွား တတ်လို့ပါပဲ …။ အချစ်ကြီးတဲ့ မိန်းမတစ်ယောက်ဟာ အရှုံးပေးရတယ်လို့ မတွေးဘူး” ချစ်မိသွားပြီဆိုရင် ကိုယ်ချစ်တဲ့သူကရော ကိုယ်ချစ်သလောက် ကိုယ့်ကို ချစ်ရဲ့လား ၊ တကယ်ရောချစ်ရဲ့လားဆိုတာကို သံသယဖြစ် တတ်ကြပြီးကိုယ်ချစ်သလောက် ကိုယ့်ကိုမချစ်ဘူးလို့ ထင်တဲ့အခါ အရှုံးသမားလို ခံစားရပါတယ်။ အချစ်ကြီးတဲ့ သူတွေကတော့ ဒီလို မဟုတ်ပါဘူး။ သူ့ဘက်က ကိုယ့်လောက် ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်က အကောင်းဆုံးချစ် သွားပြီး ပေးဆပ် တတ်ပါတယ်။ အဲ့ဒါကို ရှုံးတယ်လို့လည်း မတွေးပါဘူး … Read more