မိန်းကလေးတစ်ယောက် စိတ်နာ သွားပြီဆိုရင်

အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားက အမှန်တကယ်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိန်းမသားတွေအတွက် ပိုမှန်နိုင်ပါတယ်။ ဘာလို့ဆို အချစ်ကြီးတဲ့မိန််းမသားတွေဟာ သူတို့ချစ်မိတဲ့သူအတွက် ဘာမဆိုပေးဆပ်ဖို့ဝန်မလေးသလို၊ သူတို့အချစ်ကိုတန်ဖိုးမထားဘဲ နာကျင်အောင်လုပ်ရင်တော့ လုံးဝလှည့်မကြည့်တော့ဘဲကျောခိုင်းသွားတတ်လို့ပါ။ အချစ်ကြီးတဲ့ မိန်းမတစ်ယောက်ဟာ….. အရှုံးပေးရတယ်လိို့မတွေးဘူး ချစ်မိသွားပြီဆိုရင် ကိုယ်ချစ်တဲ့သူကရော ကိုယ်ချစ်သလောက်ကိုယ့်ကိုချစ်ရဲ့လား ၊ တကယ်ရောချစ်ရဲ့လားဆိုတာကို သံသယဖြစ်တတ်ကြပြီး ကိုယ်ချစ်သလောက်ကိုယ့်ကိုမချစ်ဘူးလို့ထင်တဲ့အခါ အရှုံးသမားလိုခံစားရပါတယ််။ အချစ်ကြီးတဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့ဘက်က ကိုယ့်လောက်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်က အကောင်းဆုံးချစ်သွားပြီး ပေးဆပ်တတ်ပါတယ်။ ဒါကို ရှုံးတယ်လို့လည်းမတွေးပါဘူး။ မျှော်လင့်ချက်အနည်းဆုံးထားတယ် ကိုယ့်ဘက်ကအကောင်းဆုံးတွေကိုပဲပေးလို့ သူ့ဆီက ဘာတွေပြန်ရရမယ်ဆိုတဲ့စိတ်မျိုးမထားဘူး။ ဒီချစ်ခြင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်ကိုအနည်းဆုံးပဲထားထားတယ်။ အကြိမ်ကြိမ်ခွင့်လွှတ်နိုင်တယ် အမှားတွေခဏခဏလုပ်ပေမယ့် ၊ ကိုယ့်ကိုစိတ်ပျက်စေမယ့်အပြုအမူတွေလုပ်ပေမယ့် အကြိမ်ကြိမ်ခွင့်လွှတ်ပေး၊ နားလည်ပေးနိုင်တာလည်း အချစ်ကြီးချစ်ကြသူတွေပါပဲ။ အကောင်းဆုံးတွေကိုသာပေးချင်တယ် သူနဲ့ချစ်နေတဲ့အချိန်မှာ အရှုံးအမြတ်တွက်တာတွေမရှိဘဲ ကိုယ့်ဘက်ကအကောင်းဆုံးဘာတွေပေးနိုင်မလဲဆိုတာကိုပဲ တွေးတယ်။ ကိုယ်တတ်နိုင်တာတွေရဲ့ အကောင်းဆုံးတွေကိုပဲပေးတယ်။ စိတ်နာသွားရင်တော့ဘာကြီးပဲဖြစ်နေနေလှည့်မကြည့်တော့ဘူး … Read more