Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များတွင် လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ

ယနေ့မှ စ၍ လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ လူနာတင်ယာဉ်များ အခမဲ့ စက်သုံးဆီထုတ်ယူခွင့်ရယူနိုင်ရန်အတွက် Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း၏ စက်သုံးဆီအခမဲ့ ထုတ်ယူခွင့်ကတ်နှင့်အတူ ယနေ့ နံနက်ပိုင်းမှ စတင်၍ တစ်ရက်လျှင် စက်သုံးဆီ (၂၅)လီတာ အောက်တိုဘာ လကုန်အထိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ အခမဲ့ ထုတ်ယူလိုသည့် လူနာတင်ယာဉ်များ အနေဖြင့် အဖွဲ့အစည်းအမည်၊ လူနာတင်ယာဉ်အမှတ်၊ တာဝန်ခံယာဉ်မောင်းအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာ၊ မော်တော်ယာဉ်၏ ဓာတ်ပုံတို့နှင့်အတူ Ayeyarwady Center ၏ Messenger (သို့) Viber (09 88 760 7500) (သို့) အောက်ပါ Website Address … Read more