paung

ေတာင္ေစာင္းေျမၿပိဳမႈ

မုဒံုRescue မွအုပ္​ႀကီးရန္​ကုန္​မွအျပန္​..မြန္​ျပည္​နယ္​ ေပါင္​ၿမိဳ ့နယ္​၊မုတၱမအပိုင္​..ပဲျပာကုန္​းရြာတြင္ ​​ေတာင္​​ေစာင္​း​ေျမၿပိဳက်၍​ ေနအိမ္​ဆယ္​လံုးခန္​႔​ေျမႀကီးပိကာ မိသားစုဝင္​အမ်ားအျပားထိခိုက္​​ေသဆံုးဒဏ္​ရာရ႐ွိ…..

1 63

လူနာမ်ားအား​႐ွာ​ေဖြကယ္​ဆယ္​ၿပီး​ ေပါင္​ၿမိဳ႕နယ္​ျပည္​သူ႔​ေဆးရံုသို ့ဆက္​လက္​ကူညီလႊဲ​ေျပာင္​းပို႔​ေဆာင္​၊ျဖစ္​စဥ္​မ်ား အာဏာပိုင္​အဖြဲ႔အစည္​း၊​ ေမာ္​လၿမိဳင္​ႏွင္​့​ေပါင္​ၿမိဳ႕Rescue,ကူညီကယ္​ဆယ္​​ေရးအဖြဲ႔မ်ားထံခ်ိတ္​ဆက္​သတင္​းပို႔​ေပးခဲ့ပါသည္​။

3 23ေပါင္​႐ိုးက်ိဳးလူနာ၊ ဦး​ေခါင္​းထိခိုက္​ဒဏ္​ရာရလူနာ၊ ကိုယ္​ဝန္​​ေဆာင္​ဒဏ္​ရာရ လူနာ၊စိတ္​ဂ​ေယာင္​​ေခ်ာက္​ျခားျဖစ္​ေန​သူ လူနာစုစု​ေပါင္​း​ေလးဦးအား ​ေပါင္​ၿမိဳ႕ျပည္​သူ ့​ေဆး ရံုသို ့လႊဲ​ေျပာင္​းပို႔​ေဆာင္​​ေပး​ေန…

အညတရ မုဒံုအုပ္​ႀကီး ​ေခတၱ- ​ေပါင္​​ေဆးရံု

Breaking News

ေပါင္ၿမိဳ့နယ္၊ သဲျဖဴကုန္းေက်းရြာေပၚ ေတာင္ၿပိဳက်၊ အိမ္မ်ားပိေနၿပီ လူမ်ား ဆြဲထုတ္ေနရ

မြန္ျပည္နယ္၊ ေပါင္ၿမိဳ့နယ္၊ သဲျဖဴကုန္းေက်းရြာေပၚသို့ ယေန႔ နံနက္ ၈ နာရီေက်ာ္ခန္႔က ေတာင္ၿပိဳက်ၿပီး အိမ္အမ်ားအျပား ပိေနကာ စက္ယႏၲရားမ်ားျဖင့္ ေနအိမ္အတြင္းရွိ ပိေနေသာ လူမ်ားကို ကယ္ဆယ္ေရး လုပ္ေဆာင္ေနရေၾကာင္း မြန္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ေျပာၾကားသည္။

4 15

“အခုမနက္တင္မွ ျဖစ္သြားတာ။ ေတာင္ၿပိဳက်တာ ေျမႀကီးက ရွစ္ေပေလာက္ဖုံးသြားတယ္။ အိမ္ေတြေပၚကို အခု အဲဒါ စက္ယႏၲရားေတြနဲ႔ ကယ္ထုတ္ေနတယ္။ လူနာလည္းေတာ္ေတာ္မ်ားတယ္။ အေသအေပ်ာက္ စာရင္းေတာ့ မသိရေသးဘူး” ဟု ေဒၚခိုင္ခိုင္လဲ့ကေျပာၾကားသည္။

5 12

ေပါင္ၿမိဳ့နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမိကြန္ခ်မ္းကလည္း ေတာင္ၿပိဳမွုေၾကာင့္ ေနအိမ္အမ်ားအျပား ေျမႀကီးပိေနသည္ကို အတည္ျပဳၿပီး အေသအေပ်ာက္ရွိနိုင္ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနသို့ ေျပာဆိုသည္။

“အဲဒီဘက္မွာ လမ္းခင္းဖို့ ေတာင္ေတြကို ၿဖိဳၿပီး ေျမႀကီးေရာင္းစားၾကတာ။ က်မတို့ တားျမစ္ေပမယ့္လည္း မရဘူး။ ေတာင္ေတြက ထိန္းအားမရွိေတာ့ ထပ္ေတာင္ ၿပိဳမယ့္ အေျခအေနရွိပါတယ္။ ေတာ္ေတာ္ေလးေတာ့ အေျခအေနဆိုးတယ္” ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမိကြန္ခ်မ္းက ေျပာဆိုသည္။

6 4

မြန္ျပည္နယ္တြင္ လက္ရွိအခ်ိန္အထိ မိုးအဆက္မျပတ္ရြာသြန္းမွုေၾကာင့္ ေမာ္လၿမိဳင္၊ မုတၱမ၊ က်ိဳက္မေရာ၊ မုဒုံ ၿမိဳ့နယ္အမ်ားစု ေရေဘးသင့္ေနေၾကာင္း စုံစမ္းသိရွိရသည္။

khitthitnews

Update ေသဆုံးသူ(၅)ဦးအထိ႐ွိလာ

ခရက္ဒစ္ ရဲရင့္ ထြန္း

Unicode

တောင်စောင်းမြေပြိုမှု

7 1

မုဒုံRescue မှအုပ်ကြီးရန်ကုန်မှအပြန်..မွန်ပြည်နယ် ပေါင်မြို့နယ်၊မုတ္တမအပိုင်..ပဲပြာကုန်းရွာတွင် တောင်စောင်းမြေပြိုကျ၍ နေအိမ်ဆယ်လုံးခန့်မြေကြီးပိကာ မိသားစုဝင်အများအပြားထိခိုက်သေဆုံးဒဏ်ရာရရှိ…..

လူနာများအားရှာဖွေကယ်ဆယ်ပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ဆက်လက်ကူညီလွှဲပြောင်းပို့ဆောင်၊ဖြစ်စဉ်များ အာဏာပိုင်အဖွဲ့အစည်း၊ မော်လမြိုင်နှင့်ပေါင်မြို့Rescue,ကူညီကယ်ဆယ်ရေးအဖွဲ့များထံချိတ်ဆက်သတင်းပို့ပေးခဲ့ပါသည်။

8 1

ပေါင်ရိုးကျိုးလူနာ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရလူနာ၊ ကိုယ်ဝန်ဆောင်ဒဏ်ရာရ လူနာ၊စိတ်ဂယောင်ချောက်ခြားဖြစ်နေသူ လူနာစုစုပေါင်းလေးဦးအား ပေါင်မြို့ပြည်သူ့ဆေး ရုံသို့လွှဲပြောင်းပို့ဆောင်ပေးနေ…

အညတရ မုဒုံအုပ်ကြီး ခေတ္တ- ပေါင်ဆေးရုံ

Breaking News

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ် တောင်ပြိုကျ၊ အိမ်များပိနေပြီ လူများ ဆွဲထုတ်နေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ်သို့ ယနေ့ နံနက် ၈ နာရီကျော်ခန့်က တောင်ပြိုကျပြီး အိမ်အများအပြား ပိနေကာ စက်ယန္တရားများဖြင့် နေအိမ်အတွင်းရှိ ပိနေသော လူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေရကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“အခုမနက်တင်မှ ဖြစ်သွားတာ။ တောင်ပြိုကျတာ မြေကြီးက ရှစ်ပေလောက်ဖုံးသွားတယ်။ အိမ်တွေပေါ်ကို အခု အဲဒါ စက်ယန္တရားတွေနဲ့ ကယ်ထုတ်နေတယ်။ လူနာလည်းတော်တော်များတယ်။ အသေအပျောက် စာရင်းတော့ မသိရသေးဘူး” ဟု ဒေါ်ခိုင်ခိုင်လဲ့ကပြောကြားသည်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းကလည်း တောင်ပြိုမှုကြောင့် နေအိမ်အများအပြား မြေကြီးပိနေသည်ကို အတည်ပြုပြီး အသေအပျောက်ရှိနိုင်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အဲဒီဘက်မှာ လမ်းခင်းဖို့ တောင်တွေကို ဖြိုပြီး မြေကြီးရောင်းစားကြတာ။ ကျမတို့ တားမြစ်ပေမယ့်လည်း မရဘူး။ တောင်တွေက ထိန်းအားမရှိတော့ ထပ်တောင် ပြိုမယ့် အခြေအနေရှိပါတယ်။ တော်တော်လေးတော့ အခြေအနေဆိုးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် လက်ရှိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုတ္တမ၊ ကျိုက်မရော၊ မုဒုံ မြို့နယ်အများစု ရေဘေးသင့်နေကြောင်း စုံစမ်းသိရှိရသည်။

khitthitnews

Update သေဆုံးသူ(၅)ဦးအထိရှိလာ

ခရက်ဒစ် ရဲရင့် ထွန်း

Facebook Comments