1 30


အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပနေတဲ့ COTE D’IVORE International 2019 Serie ကြက်တောင်ရိုက်ပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်ရိုက်ကစားသမား သက်ထားသူဇာ အနိုင်ရဗိုလ်စွဲသွားခဲ့ပြန်ပြီဖြစ်ပါတယ်။

2 12



1 31



Unicode

၂၀၁၉ အိုင်​ဗရီကို့စ်​နိုင်​ငံတကာကြက်​​တောင်​ပြိုင်​ပွဲမှာလည်း ဗိုလ်စွဲသွားပြန်တဲ့ မြန်​မာ့ဂုဏ်​​ဆောင်​ကြက်​​တောင်​မယ်​ သက်​ထားသူဇာ

အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပနေတဲ့ COTE D’IVORE International 2019 Serie ကြက်တောင်ရိုက်ပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်ရိုက်ကစားသမား သက်ထားသူဇာ အနိုင်ရဗိုလ်စွဲသွားခဲဲ့ပြန်ပြီဖြစ်ပါတယ်။

သက်ထားသူဇာဟာ ဒုတိယအဆင်​့မှာ နိုင်​​ခြေအဆင်​့ (၂) သတ်​မှတ်​ခံထားရတဲ့ ​မော်​ရစ်​သျှကြက်​​တောင်​မယ်​ ကိတ်​ဖူးကူနီ၊ ကွာတားဖိုင်​နယ်​မှာ ပါကစ္စတန်​ကြက်​​တောင်​မယ်​ ရှာဇတ်​တို့ကို ဖြုတ်​ချခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း အီရန်​ကြက်​​တောင်​မယ်​ ဆိုရာယာကို (၂၁-၁၉)၊ (၂၁-၁၉)နဲ့ (၂) ပွဲပြတ်​အနိုင်​ယူပြီး ဗိုလ်​လုပွဲတက်​​ရောက်​ခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲအဆင့်မှာ ကူဒရာဝါလီနဲ့တွေ့ဆုံခဲ့ရာမှာတော့ နှစ်ပွဲပြတ်အနိုင်ရခဲ့လို့ COTE D’IVORE International 2019 Serie ကြက်တောင်ရိုက်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီး ဆုကြေးအဖြစ် ဒေါ်လာ 10000 ရရှိခဲ့တာပါ။

မြန်မာနိုင်ငံဂုဏ်ဆောင် သက်ထားသူဇာဟာ ဒီပြိုင်ပွဲကို မပြိုင်ခင်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် 101 မှာ ရပ်တည်နေသူဖြစ်ပြီး ဗိုလ်လုပွဲမှာ အနိုင်မရဘဲ ငွေတံဆိပ်သာရမယ်ဆိုရင်တောင် ကမ္ဘာ့အဆင့် 97 အထိတက်လှမ်းနိုင်မှာဖြစ်ပေမယ့် အခုလို ဗိုလ်စွဲသွားခဲ့ချိန်မှာတော့ ကမ္ဘာ့အဆင့် 85 အထိဖြစ်လာခဲ့ပါပြီ။

ကြက်တောင်ရိုက်ပြိုင်ပွဲကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် 1 – 100 အတွင်း ရပ်တည်နိုင်ခဲ့ပြီဖြစ်လို့ သက်ထားသူဇာဟာ ဂျပန်နိုင်ငံမှာကျင်းပမယ့် 2020 ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

Facebook Comments