thet htar




2 7






Unicode

ဆီမီးဖိုင်​နယ်​ တက်​​ရောက်​သွားတဲ့ မြန်​မာ့ဂုဏ်​​ဆောင်​ကြက်​​တောင်​မယ်​ သက်​ထားသူဇာ

မြန်​မာ့ဂုဏ်​​ဆောင်​ ကြက်​​တောင်​အားကစားမယ်​ သက်​ထားသူဇာဟာ ၂၀၁၉ ခုနှစ်​ အိုင်​ဗရီကို့စ်​နိုင်​ငံတကာကြက်​​တောင်​ပြိုင်​ပွဲရဲ့ အမျိုးသမီးတစ်​ဦးချင်​းပွဲစဉ်​မှာ

ပါကစ္စတန်​ကြက်​​တောင်​မယ်​ ရှာဇတ်​ကို ၂၁-၁၇၊ ၂၁-၁၃ နဲ့ ၂ ပွဲပြတ်​ အနိုင်​ယူပြီး ဆီမီးဖိုင်​နယ်​ တက်​လှမ်​းနိုင်​ခဲ့ပါပြီဖြစ်ပါတယ်

သက်​ထားသူဇာဟာ ဒုတိယအဆင်​့မှာ နိုင်​​ခြေအဆင်​့ ၂ သတ်​မှတ်​ခံထားရတဲ့ ​မော်​ရစ်​သျှကြက်​​တောင်​မယ်​ ကိတ်​ဖူးကူနီကို ဖြုတ်​ချပြီး ကွာတားဖိုင်​နယ်​ တက်​လှမ်​းနိုင်​ခဲ့တာပါ။

ကိတ်​ဖူးကူနီနဲ့ပွဲမှာ အကြိတ်​အနယ်​ဖြစ်​ခဲ့​ပေမဲ့ ကမ္ဘာ့အဆင်​့ ၁၉၁ ပဲရှိတဲ့ ရှာဇတ်​ကို သက်​ထားသူဇာက သက်​​သောင်​့သက်​သာ ​ကျော်​ဖြတ်​နိုင်​ခဲ့ပါတယ်​။

သက်​ထားသူဇာဟာ ဆီမီးဖိုင်​နယ်​မှာ အသက်​ ၂၃ နှစ်​အရွယ်​ရှိတဲ့ အီရန်​ကြက်​​တောင်​မယ်​ ဆိုရာယာနဲ့ ယှဉ်​ပြိုင်​ရမှာဖြစ်​ပြီး

ဗိုလ်​လုပွဲတက်​နိုင်​ရင်​ နိုင်​​ခြေအဆင်​့ ၁ အိန္ဒိယကြက်​​တောင်​မယ်​ ကုဒရာဝါလီ ဒါမှမဟုတ်​ နိုင်​​ခြေအဆင်​့ ၃ နိုင်​ဂျီးရီးယားတင်​းနစ်​မယ်​ အဒီဆိုကန်​တို့နဲ့ ​ယှဉ်​ပြိုင်​ရမှာဖြစ်ပါတယ်…

Photo- Thet Htar ThuZar Page

Facebook Comments