dxfkdskwg

“ႏိုင္ငံတကာအေကာင္းဆုံးဖိုက္တာဆု ေအာင္လအန္ဆန္ ဆြတ္ခူး ”

ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္သည္ World MMA Awards 2019 ဆုေပးပြဲ၏ ႏိုင္ငံတကာ အေကာင္းဆုံးဖိုုက္တာဆုကို (UFC) MMA ရွံဳးပြဲမရွိ ခ်န္ပီယံ ခါဘီကို ေက်ာ္ျဖတ္ျပီး ဆြတ္ခူးခဲ့သည္။

ျဗိတိန္ႏိုင္ငံအေျခစိုက္ Fighters Only မဂၢဇင္းက ႀကီးမွဴးသည့္ အဆိုပါ World MMA Awards 2019 ဆုေပးပြဲကို ဇူလိုင္ ၆ ရက္တြင္ အေမရိကန္ႏိုင္ငံ လတ္ေဗးဂက္စ္၌ က်င္းပခဲ့ျပီး ဆုအမ်ိဳးအစားေပါင္း ၂၂ ဆုု ခ်ီးျမွင့္ခဲ့သည္။

ေအာင္လအန္ဆန္သည္ တစ္ႏွစ္တာ ႏုိင္ငံတကာ အေကာင္းဆုံး အားကစားဆုကို UFC MMA ရွံဳးပြဲမရွိ ခ်န္ပီယံ ရုရွားႏိုင္ငံသား ခါဘစ္ အပါအဝင္ UFC ဖိုက္တာ အူစမန္၊ အာေဒးဆန္ညာ ႏွင့္ Bellator ဖိုက္တာ မူဆာဆီ တို႔ကို ေက်ာ္ျဖတ္ျပီး ဆြတ္ခူးခဲ့ျခင္း ျဖစ္သည္။

သတင္း – ေရႊဘုတ္

ဓာတ္ပုံ – One Championship

Unicode

“နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု အောင်လအန်ဆန် ဆွတ်ခူး ”

ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် World MMA Awards 2019 ဆုပေးပွဲ၏ နိုင်ငံတကာ အကောင်းဆုံးဖိုက်တာဆုကို (UFC) MMA ရှုံးပွဲမရှိ ချန်ပီယံ ခါဘီကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့သည်။

ဗြိတိန်နိုင်ငံအခြေစိုက် Fighters Only မဂ္ဂဇင်းက ကြီးမှူးသည့် အဆိုပါ World MMA Awards 2019 ဆုပေးပွဲကို ဇူလိုင် ၆ ရက်တွင် အမေရိကန်နိုင်ငံ လတ်ဗေးဂက်စ်၌ ကျင်းပခဲ့ပြီး ဆုအမျိုးအစားပေါင်း ၂၂ ဆု ချီးမြှင့်ခဲ့သည်။

အောင်လအန်ဆန်သည် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံး အားကစားဆုကို UFC MMA ရှုံးပွဲမရှိ ချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ် အပါအဝင် UFC ဖိုက်တာ အူစမန်၊ အာဒေးဆန်ညာ နှင့် Bellator ဖိုက်တာ မူဆာဆီ တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

သတင်း – ရွှေဘုတ်

ဓာတ်ပုံ – One Championship

Facebook Comments