1 112
3 9
၂။ သက်ထားသူဇာ
2 12
4 6
1 113
5
Unicode
ကျွန်တော်တို့နိုင်ငံမှာ ထူးချွန်သူမြောက်များစွာဟာ အခုနောက်ပိုင်းမှာတော့ ကမ္ဘာမှမြန်မာလို့ဆိုပြီး လက်မထောင်နိုင်အောင် ကြိုးစားနေသူတွေ မြောက်များစွာ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ရှေးယခင်ကတည်းက ကမ္ဘာ့ထိတ်သီးရာထူးနေရာတွေကို မြန်မာလူမျိုးတော်တော်များများက သိမ်းပိုက်ထားကျပါတယ် ။ ဥပမာပြောရရင်တော့ ကုလသမဂ္ဂ အထွေေထွေအတွင်းရေးမှု့ ဦးသန့်လို ကမ္ဘာပထမဦးဆုံး အတွင်းရေးမှုးလည်းဖြစ်သလို တတိယကမ္ဘာစစ်ကို တားနိုင်ခဲ့တဲ့ တစ်ဦးတည်းသော သူရဲကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ ကိုယ့်စားရိတ် ကိုယ်သုံးပြီး ကမ္ဘာ့အလည်မှာ မြန်မာဟေ့ဆိုပြီး လက်မထောင်နိုင်အောင် ကြိုးစားပေးနေတဲ့သူတို့အကြောင်းပဲဖြစ်ပါတယ်။
၁။ အောင်လအန်ဆန်း( M M A F i g h t e r )
အောင်လအန်ဆန်း (အင်္ဂလိပ်: Aung La Nsang)သည် အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ပညာရှင်များသာ ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် မြန်မာ့စပါးအုံးမြွေ (Burmese Python) ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြန်မာနိုင်ငံသား ကချင်‌လူမျိုး၊ အမေရိကန်နိုင်ငံသား ကိုယ်ခံပညာ သိုင်းပေါင်းစုံ တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ အရပ် ၆ ပေ ၁ လက်မနှင့် ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင်ရှိပြီး ကျောပြင်ပုခုံးနေရာတွင် “Jinghpaw” ဟု တက်တူးရေးထိုးထားသော MMA မက်ဒယ်လ်ဝိတ်တန်းရှင် ဖြစ်သည်။ စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သည်။သူလည်း ထိုနည်းအတူပါပဲ ယခုအချိန်ထိ နိုင်ငံ့ဂုဏ်ဆောင်နေခဲ့ပေမယ့် အစိုးရရဲ့ဂုဏ်ပြုလက်မှတ်တစ်ခုအပြင် ဘာမှအပို အထောက်အပံ့ဆိုတာ မရရှိပါဘူး။
၂။ သက်ထားသူဇာ
မြန်မာ့အားကစားသမား ကြက်တောင်မယ်တစ်ဦးဖြစ်သည်။၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့သူဖြစ်သည သက်ထားသူဇာဆိုတာကို အင်တာနက်စာမျက်နှာပေါ် အရမ်းဆူနေတော့မှ အစိုးရက အနည်းအကျဉ်းထောက်ပံ့ပေးလာတာကိုတွေ့ရပါတယ်။ဒါတောင် Sea Gameပြိုင်ပွဲဝင်ခွင့်ရဖို့ တစ်ကိုယ်တည်းရုံးကန်နေရတဲ့ အခြေအနေပါ။
၃။ ဝင်းထွန်း(ကမ္ဘာ့စစ်တုရင်ချန်ပီယံ)
အီတလီနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ် ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ စစ်တုရင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကိုဝင်းထွန်းမှ ပြိုင်ဘက် ၆၃ ဦးကို ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး စစ်တုရင်ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ သူ့ရဲ့အိမ်အပြန်လမ်းဟာ ခြောက်ကပ်နေခဲ့ပြီး ကြိုဆိုမယ့်သူဆိုလို့ သူ့မိသားစုဝင်တွေပဲရှိခဲ့ပါတယ်။
၄။ T e a m C ya n i d e ( E s p o r ts G a m i n g )
E s p o r t sအဖွဲ့ချုပ်ကို မြန်မာနိုင်ငံမှာ ဟိုနေ့ထောင်မယ် ဒီနေ့ထောင်မယ်ပြောနေပြေီး မကြာသေးခင်ကတော့ အဖွဲ့ဖွဲ့ပြီးပြီလို့သိရပါတယ်။ ဒါပေမယ့်လည်း T e a m C y a n i d e ကတော့ ဖီလစ်ပိုင်မှာကျင်းပခဲ့တဲ့ WESG 2019 ကို ကိုယ့်စားရိတ်ကိုယ်စား ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
၅။ B u r m e s e G h o u l s ( E s p o r t s G a m i n g )
BGလို ့လူသိများတဲ့ B u r m e s e G h o u l s အသင်းဟာလည်း T e a m C y a n i d e ကဲ့သို့ပါပဲ။ မကြာခဏ နိုင်ငံရပ်ခြားအထိ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နေပေမယ့် အစိုးရရဲ့ အထောက်အပံ့ကိုမရရှိတဲ့ အသင်းထဲက တစ်ခုဖြစ်ပါတယ်။မကြာသေးမီရက်ပိုင်းက မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ MLBB W o r l d C h a m p i o n s h i p 2019ကို (3rd Runner Up)အနေနဲ့ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် အခုချိန်အထိတော့ အစိုးရကဂုဏ်ပြုစာတစ်ကြောင်းတောင်မပေးရသေးပါဘူး။
ခရက်ဒစ် A u n g Z a w L i n n (A u n g p a r s a y)