1 3

မစ္ဒယ္ဝိတ္တန္း ခါးပတ္ ကာကြယ္ပြဲကို အေကာင္းဆုံး ထိုးသတ္ၿပီး ကာကြယ္နိုင္ခဲ့တဲ့ ေအာင္လအန္ဆန္ဟာ လိုက္ဟဲဗီးဝိတ္တန္း ခါးပတ္ကာကြယ္ပြဲကိုလည္း ထိုးသတ္ဖို႔ ရွိပါတယ္။

အိမ္ရွင္ ဂ်ပန္နိုင္ငံသား ခန္ဟစဲ့ဂါဝါကို ဒုတိယအခ်ီမွာ အလဲထိုး ဒိုင္ပြဲရပ္ အနိုင္ယူခဲ့တဲ့ ေအာင္လဟာ ဟဲဗီးဝိတ္တန္းက ခ်န္ပီယံ ဘရန္ဒန္ ဗီရာနဲ႔ ထိုးသတ္ဖို႔ သေဘာတူခဲ့ပါတယ္။ ပြဲအၿပီး စင္ေပၚမွာ ေအာင္လရဲ့ ေအာင္ပြဲကို ဂုဏ္ျပဳရင္း ဖိလစ္ပိုင္ဖြား အေမရိကန္နိုင္ငံသား ဗီရာက ထိုးသတ္ဖို႔ ကမ္းလွမ္းခဲ့မွုကို ေအာင္လက လက္ခံခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီး ေျပာစကားေတြအရ ေအာင္လနဲ႔ ဗီရာတို႔ဟာ ဂ်ပန္နိုင္ငံ၊ တိုက်ိဳမွာပဲ လိုက္ဟဲဗီးဝိတ္တန္းပြဲကို ထိုးသတ္မွာျဖစ္တယ္လို႔ One Championship CEO ကလည္း အတည္ျပဳခဲ့ပါတယ္။ အဲ့ဒီပြဲကိုေတာ့ ေအာက္တိုဘာ ၁၂ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

အသက္ ၄၁ႏွစ္ အရြယ္ရွိ ဟဲဗီးဝိတ္တန္း ခ်န္ပီယံ ဘရန္ဒန္ ဗီရာဟာ အရပ္ ၆ေပ ၃လက္မရွိၿပီး MMA ပြဲေပါင္း ၂၄ပြဲမွာ ၁၆ပြဲနိုင္ထားၿပီး ၇ပြဲ ရွုံးထားသူ ျဖစ္ပါတယ္။ UFC မွာ ထိုးသတ္ခဲ့ဖူးတဲ့ ဗီရာဟာ ၂၀၁၄ခုႏွစ္က One Championship နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၁၅ခုႏွစ္မွာ ဟဲဗီးဝိတ္တန္း ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။ ဆိုေတာ့ မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံ ေအာင္လအန္ဆန္းနဲ႔ ဟဲဗီးဝိတ္တန္း ခ်န္ပီယံ ဘရန္ဒန္ ဗီရာတို႔ရဲ့ ပြဲကေတာ့ ပရိသတ္ေတြ စိတ္ဝင္စားမွာ ေသခ်ာပါတယ္။

One Championship ၿပိဳင္ပြဲ ပြဲစဥ္ေတြဟာ ဘယ္နိုင္ငံမွာ က်င္းပ မယ္ ဆိုတာ ကို ကနဦး ကတည္း က စီစဥ္ ထားၿပီးသား ျဖစ္တာေၾကာင့္ ဟဲဗီးဝိတ္တန္း ခ်န္ပီယံ ဘရန္ဒန္ ဗီရာ နဲ႔ ေအာင္လ တို႔ရဲ့ ပြဲ ကို ျမန္မာ နိုင္ငံမွာ က်င္းပ နိုင္မွာ မဟုတ္ဘဲ၊ ဂ်ပန္ နိုင္ငံ တိုက်ိဳ ၿမိဳ႕မွာပဲ လာမယ့္ ေအာက္တိုဘာလ ထဲမွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

Crd_BBC

Unicode

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။

အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။ အဲ့ဒီပွဲကိုတော့ အောက်တိုဘာ ၁၂ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ UFC မှာ ထိုးသတ်ခဲ့ဖူးတဲ့ ဗီရာဟာ ၂၀၁၄ခုနှစ်က One Championship နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဆိုတော့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်းနဲ့ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာတို့ရဲ့ ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားမှာ သေချာပါတယ်။

One Championship ပြိုင်ပွဲ ပွဲစဉ်တွေဟာ ဘယ်နိုင်ငံမှာ ကျင်းပ မယ် ဆိုတာ ကို ကနဦး ကတည်း က စီစဉ် ထားပြီးသား ဖြစ်တာကြောင့် ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာ နဲ့ အောင်လ တို့ရဲ့ ပွဲ ကို မြန်မာ နိုင်ငံမှာ ကျင်းပ နိုင်မှာ မဟုတ်ဘဲ၊ ဂျပန် နိုင်ငံ တိုကျို မြို့မှာပဲ လာမယ့် အောက်တိုဘာလ ထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Crd_BBC

Facebook Comments