1 18



1


2 1


Crd to Duwun

Unicode

3

ပြိုင်ပွဲမစခင်က ပြိုင်ပွဲပြီးရင် ဆူရှီစားဖို့ ချိန်းထားတယ်လို့ အောင်လက ပြောထားပြီး အခုလို ဆေးရုံတက် ကုသနေရလို့ ဆူရှီစားဖို့ အကြွေးကျန်သေးတယ်လို့ အမြန်ဆုံး ပြန်ကောင်းလာပေးဖို့ အောင်လက ပြောခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်ခဲ့တဲ့ MMA One Championship ပြိုင်ပွဲမှာ အောင်လ အန်ဆန်ရဲ့ ခြေကျန်ချက်ကြောင့် ဂျပန်ဖိုက်တာ ကမ်တစ်ယောက် နံရိုးကျိုး ဒဏ်ရာရခဲ့တယ်လို့ ကမ်ရဲ့ လူမှု ကွန်ရက်မှာ ဖော်ပြချက်အရ သိရပါတယ် အောင်လအနေနဲ့ကမ်ကို မစ်ဒယ်ဝိတ်ခါးပတ် ကာကွယ်ပွဲ ထိုးသတ်ခဲ့ရတာ ဖြစ်ပြီး ဒုတိယအချီမှာပဲ ညာလက်သီးနဲ့ အတူ ဒိုင်ပွဲရပ် အနိုင်ရခဲ့တာပါ။ ဒါပေမယ့် ပွဲချိန်အတွင်း ခြေကျန်ချက်က ကမ်ကို အထိနာစေခဲ့တာ ဖြစ်ပြီး ဒီခြေကန်ချက်ကြောင့် နံရိုးကျိုးက အဆုတ်ထဲ သွေးဝင်တဲ့အထိ ဖြစ်ခဲ့လို့ ၂ လီတာလောက် ပြန်ဖောက်ထုတ်လိုက်ရတယ်လို့ ကမ်က ဖော်ပြလာ တာပါ။

ဒီဖြစ်စဉ်ကို သိခဲ့ရတဲ့ အောင်လအန်ဆန်က သူ့ရဲ့ တရားဝင် လူမှု ကွန်ရက်ကတဆင့် – “ အမြန်ဆုံး ပြန်ကောင်း လာပါတော့ကမ်၊မင်းအမြန်ဆုံး ပြန်ကောင်းလာမယ်ဆိုတာတော့ ငါသိပြီးသားပါ၊မင်းက ငါ့အတွက်တော့ တကယ့် MMA ပြိုင်ဖက်ကောင်းပါ၊မင်းရဲ့ပြိုင်ပွဲဝင်စိတ်ဓာတ်နဲ့ ဆာမူရိုင်း စိတ်ဓာတ်တွေကို ငါချီးကျူးပါတယ်၊ မင်းနဲ့အတူ ထိုးသတ်ရတာ အင်မတန် ဂုဏ်ယူပါတယ်၊ နောက်ပြီး ငါတို့ ပွဲပြီးရင် ဆူရှီ အတူစားဖို မင်းပြောထာတာ အကြွေးရှိသေးတယ်နော်၊မကြာမီ ပြန်တွေ့မယ်၊ဒါပေမယ့် လှောင်အိမ်ထဲမှာတော့ မဟုတ်ဘူးနော်။” လို့ အောင်လက သူ့ရဲ့ ကိုယ်ပိုင် လူမှု စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ကမ်အနေနဲ့ အောင်လကို မြန်မာနိုင်ငံမှာ စိန်ခေါ်ခဲ့စဉ်ကလည်း ၅ချီမြှောက်မှာ အရှုံးပေးခဲ့ရတာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ၂ ချီတည်းနဲ့ ထပ်မံ အရေးနိမ့်ခဲ့ရတာပါ။ အောင်လကတော့ လာမယ့် အောက်တိုဘာလမှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်သွားဦးမှာပါ။

Crd to Duwun

Facebook Comments