ိ်္်ေိ္ ိ္ါ်

ျမန္မာႏိုင္ငံကိုယ္စားျပဳ ကခ်င္တိုင္းရင္းသား ကိုယ္ခံပညာစုံတိုက္ခိုက္ေရးသမား ေအာင္လအန္ဆန္းႏွင့္ စိန္ေခၚပြဲယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာတြင္ ပြဲခ်ီႏွစ္ခ်ီေျမာက္၌ အလဲထိုးရလဒ္ျဖင့္ အေရးနိမ့္ခဲ့ရေသာ ဂ်ပန္ကိုယ္ခံပညာစုံ တိုက္ခိုက္ေရးသမား ဟဆဲဂါဝါသည္ ယင္းပြဲစဥ္တြင္ ၎အေနႏွင့္ နံ႐ိုးႏွစ္ေခ်ာင္းက်ိဳးကာ အဆုတ္အတြင္း၌ ေသြး ႏွစ္လီတာခန႔္ ယိုစိမ့္မႈျဖစ္ပြားသြားေၾကာင္း ထုတ္ေဖာ္၀န္ခံလိုက္ၿပီျဖစ္သည္။

2 4

ဟဆဲဂါဝါသည္ ေအာင္လအန္ဆန္းႏွင့္ထိုးသတ္ခဲ့ေသာပြဲစဥ္တြင္ ၎အထိနာခဲ့ေၾကာင္းကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားကတစ္ဆင့္ အသိေပးသြားခဲ့ျခင္းျဖစ္ၿပီး ယင္းေဝဒနာမ်ား သက္သာမႈရရွိေစရန္ အေရးေပၚခြဲစိတ္ကုသမႈ ခံယူခဲ့ရေၾကာင္းလည္း ဟဆဲဂါဝါက ရွင္းျပသြားခဲ့သည္။

3 5

ဟဆဲဂါဝါသည္ ခြဲစိတ္မႈ အႏၲရာယ္ကင္းစြာၿပီးစီးသြားခဲ့ၿပီျဖစ္ေၾကာင္းလည္း ေရးသားထားၿပီး ၎အေနႏွင့္ ေလ့က်င့္မႈမ်ား ျပင္းျပင္းထန္ထန္ ေဆာင္႐ြက္ခဲ့ေသာ္လည္း ၎ကို အားေပးသူမ်ားအတြက္ ရလဒ္ေကာင္းတစ္ရပ္ ရယူေပးႏိုင္ခဲ့ျခင္းမရွိသည့္အတြက္ ေတာင္းပန္ပါေၾကာင္းလည္း ဟဆဲဂါဝါက ေျပာၾကားသြားခဲ့သည္။ ေအာင္လအန္ဆန္းသည္ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕တြင္ က်င္းပၿပီစီးသြားခဲ့ေသာ One Championship A New Era ၿပိဳင္ပြဲတြင္ ဟဆဲဂါဝါကို လက္ရည္အသာစီးျဖင့္ ထိုးသတ္၍ အႏိုင္ယူသြားခဲ့ျခင္းျဖစ္ၿပီး

4 3

ယင္းအတြက္ ၎ဆြတ္ခူးရရွိထားေသာ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ေ႐ႊခါးပတ္ဆုကို ေအာင္လအန္ဆန္းက သုံးႀကိမ္ေျမာက္အျဖစ္ ေအာင္ျမင္စြာ ကာကြယ္သြားႏိုင္ခဲ့ၿပီလည္းျဖစ္သည္။ ဟဆဲဂါဝါသည္ ပြဲခ်ီႏွစ္ခ်ီအတြင္း ဘယ္ဘက္နံ႐ိုးေစာင္းေနရာကို ေအာင္လအန္ဆန္း၏ညာေျခကန္ခ်က္မ်ား ဆက္တိုက္ထိမွန္ျခင္း ခံခဲ့ရာကာ ဒုတိယေျမာက္ပြဲခ်ီတြင္ ၎၏လက္သီးခ်က္ေၾကာင့္ ၾကမ္းျပင္ထက္လဲက်သြားခဲ့ေသာ ဟဆဲဂါဝါက ျပန္ထရန္ အားယူခ်ိန္တြင္ ေအာင္လအန္ဆန္းက လက္သီးခ်က္မ်ား မနားတမ္းပစ္လႊတ္၍ ပြဲျဖတ္ပစ္လိုက္ျခင္းျဖစ္သည္။

5 2

( ယခုေဖာ္ျပပါသတင္းကုိ The Voice Daily ၏ တရား၀င္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္ )

Unicode

မြန်မာနိုင်ငံကိုယ်စားပြု ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းနှင့် စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ပွဲချီနှစ်ချီမြောက်၌ အလဲထိုးရလဒ်ဖြင့် အရေးနိမ့်ခဲ့ရသော ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဟဆဲဂါဝါသည် ယင်းပွဲစဉ်တွင် ၎င်းအနေနှင့် နံရိုးနှစ်ချောင်းကျိုးကာ အဆုတ်အတွင်း၌ သွေး နှစ်လီတာခန့် ယိုစိမ့်မှုဖြစ်ပွားသွားကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်သည်။

ဟဆဲဂါဝါသည် အောင်လအန်ဆန်းနှင့်ထိုးသတ်ခဲ့သောပွဲစဉ်တွင် ၎င်းအထိနာခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် အသိပေးသွားခဲ့ခြင်းဖြစ်ပြီး ယင်းဝေဒနာများ သက်သာမှုရရှိစေရန် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းလည်း ဟဆဲဂါဝါက ရှင်းပြသွားခဲ့သည်။

ဟဆဲဂါဝါသည် ခွဲစိတ်မှု အန္တရာယ်ကင်းစွာပြီးစီးသွားခဲ့ပြီဖြစ်ကြောင်းလည်း ရေးသားထားပြီး ၎င်းအနေနှင့် လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သော်လည်း ၎င်းကို အားပေးသူများအတွက် ရလဒ်ကောင်းတစ်ရပ် ရယူပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် တောင်းပန်ပါကြောင်းလည်း ဟဆဲဂါဝါက ပြောကြားသွားခဲ့သည်။ အောင်လအန်ဆန်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြီစီးသွားခဲ့သော One Championship A New Era ပြိုင်ပွဲတွင် ဟဆဲဂါဝါကို လက်ရည်အသာစီးဖြင့် ထိုးသတ်၍ အနိုင်ယူသွားခဲ့ခြင်းဖြစ်ပြီး

ယင်းအတွက် ၎င်းဆွတ်ခူးရရှိထားသော မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို အောင်လအန်ဆန်းက သုံးကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့ပြီလည်းဖြစ်သည်။ ဟဆဲဂါဝါသည် ပွဲချီနှစ်ချီအတွင်း ဘယ်ဘက်နံရိုးစောင်းနေရာကို အောင်လအန်ဆန်း၏ညာခြေကန်ချက်များ ဆက်တိုက်ထိမှန်ခြင်း ခံခဲ့ရာကာ ဒုတိယမြောက်ပွဲချီတွင် ၎င်း၏လက်သီးချက်ကြောင့် ကြမ်းပြင်ထက်လဲကျသွားခဲ့သော ဟဆဲဂါဝါက ပြန်ထရန် အားယူချိန်တွင် အောင်လအန်ဆန်းက လက်သီးချက်များ မနားတမ်းပစ်လွှတ်၍ ပွဲဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Facebook Comments