1 104
ဆာဒီယို မာနေး
မာနေး
ခရက္ဒစ် Burmasports
Unicode
ဆာဒီယို မာနေးရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓါတ်
ဆာဒီယို မာနေး
“ဖာရာရီကား ၁၀ စီး ၊ စိန်နာရီ အလုံး ၂၀ ၊ လေယာဉ် ၂ စီး…. ဒီလိုဟာတွေကို ကျနော်က ဘာ လုပ်ရမှာလဲ??
ဒီပစ္စည်းတွေက ကျနော်နဲ့ ကမ္ဘာကြီး အတွက် ဘာလုပ်ပေးမှာလဲ??
ကျနော်မှာ ငတ်ပြတ်နေတဲ့ အချိန်တွေနဲ့ ကြုံခဲ့ရတယ်။ ဘောလုံး ကွင်းထဲမှာ ဖိနပ်မပါပဲ ကစားခဲ့ရတဲ့ အချိန်တွေ ၊ ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရချိန်တွေ၊ ပညာမသင်ခဲ့ရတာတွေ ကျနော် ကြုံတွေ့ခဲ့ရတာပါ။
ခက်ခဲတဲ့ အရာတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမယ့် ဒါတွေကို ကျနော် ဘောလုံးနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ အတွက် ဘောလုံးကို ကျေးဇူး တင်ပါတယ်။ အခုတော့ စာသင်ကျောင်းတွေ ၊ ဘောလုံးကွင်းတွေ ဆောက်ပြီး ကျနော့်ရဲ့ လူမျိုးတွေကို ကူညီနိုင်တယ်။
အရမ်းဆင်းရဲ့ တဲ့ လူတွေအတွက် အစားအစာတွေ ၊ ရှူးဖိနပ်တွေ ၊ အဝတ်အစားတွေကိုကျနော်တို့ လှူဒါန်းနိုင်တယ်။
ဒါ့အပြင် ဆင်းရဲ မွဲတေနေတဲ့ ဆီနီဂေါက မရှိဆင်းရဲသားတွေ အားလုံးကို ကျနော်အနေနဲ့ တစ်လကို ယူရို ၇၀ ထောက်ပံ့ပေးထားနိုင်တယ်။
ကျနော့်အတွက်တော့ ဇိမ်ခံကားတွေ ၊ ဇိမ်ခံ အိမ်ကြီးတွေ ၊ ခရီးသွားတာတွေ လေယာဉ်ကြီးတွေနဲ့ ကြွားလုံး ထုတ်ပြဖို့ မလိုပါဘူး။
ကျနော့်ဘဝ ကနေ ရရှိလာတဲ့ အရာတွေနဲ့ တခြားသူတွေကို ကူညီပေးနိုင်တာကိုပဲ ကျနော် ကျေနပ်နေပါပြီ။”
မာနေး
ခရက္ဒစ် Burmasports