က်န္းမာေရးဝန္ထမ္းမ်ားကို လစာအျပင္ တစ္လ က်ပ္(၅)ေသာင္းေထာက္ပံ့ေပးသြားမည္

ကျန်းမာရေးဝန်ထမ်းများကို လစာအပြင် တစ်လ ကျပ်(၅)သောင်းထောက်ပံ့ပေးသွားမည်

ကျန်းမာရေးဝန်ထမ်းတွေကို လက်ရှိလစာအပြင် တစ်လ ကျပ်(၅)သောင်းထောက်ပံ့ပေးသွားမယ်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကပြောကြားလိုက်ပါတယ်။

မေ (၂၂)ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက်ဆောင်ရွက် ဖို့ ချေးငွေရယူမှုနဲ့ပတ်သက်ပြီး

ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒီအတွက် နိုင်ငံတော်အစိုးရက ငွေကျပ် (၂.၅)ဘီလီယံ ချထားပေးတယ်လို့ ဆိုပါတယ်။

အဲဒီလွှတ်တော်အစည်းအဝေးမှာ ချေးငွေရယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၂)ယောက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်တွေအပါ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြတာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကဆောင်ရွက်မယ့် ကျန်းမာရေး ဆိုင်ရာတုံ့ပြန်မှုအရေးပေါ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ိ

ကမ္ဘာ့ဘဏ်ရဲ့ Fast Track C 0 V I D-19 Facility အစီအစဉ်အောက်က အမေရိကန် ဒေါ်လာသန်း(၅၀)ချေးယူရေးကို မေ(၂၂)ရက်က ပြည်ထောင်စု လွှတ်တော်မှာ

လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ ခွင့်ပြုထားခဲ့ပါတယ်။

သတင်း-ငြိမ်းချမ်းအောင်

One News Myanmar

zawgyi

က်န္းမာေရးဝန္ထမ္းမ်ားကို လစာအျပင္ တစ္လ က်ပ္(၅)ေသာင္းေထာက္ပံ့ေပးသြားမည္

က်န္းမာေရးဝန္ထမ္းေတြကို လက္ရွိလစာအျပင္ တစ္လ က်ပ္(၅)ေသာင္းေထာက္ပံ့ေပးသြားမယ္လို႔ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးကေျပာၾကားလိုက္ပါတယ္။

ေမ (၂၂)ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ က်န္းမာေရးဆိုင္ရာတုံ႔ျပန္မႈ အေရးေပၚစီမံခ်က္ေဆာင္႐ြက္ ဖို႔ ေခ်းေငြရယူမႈနဲ႔ပတ္သက္ၿပီး

ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးမႈအေပၚ ျပန္လည္ရွင္းလင္းေျဖၾကားရာမွာ အခုလို ထည့္သြင္းေျပာၾကားခဲ့တာပါ။

အဲဒီအတြက္ ႏိုင္ငံေတာ္အစိုးရက ေငြက်ပ္ (၂.၅)ဘီလီယံ ခ်ထားေပးတယ္လို႔ ဆိုပါတယ္။

အဲဒီလႊတ္ေတာ္အစည္းအေဝးမွာ ေခ်းေငြရယူမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ (၁၂)ေယာက္ေဆြးေႏြးခဲ့ၿပီး ေဆြးေႏြးခ်က္ေတြအပၚ

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးနဲ႔ စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔က ျပန္လည္ ရွင္းလင္းေဆြးေႏြးခဲ့ၾကတာပါ။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကေဆာင္႐ြက္မယ့္ က်န္းမာေရး ဆိုင္ရာတုံ႔ျပန္မႈအေရးေပၚစီမံခ်က္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔ိ

ကမာၻ႔ဘဏ္ရဲ႕ Fast Track C 0 V I D-19 Facility အစီအစဥ္ေအာက္က အေမရိကန္ ေဒၚလာသန္း(၅၀)ေခ်းယူေရးကို ေမ(၂၂)ရက္က ျပည္ေထာင္စု လႊတ္ေတာ္မွာ

လႊတ္ေတာ္ရဲ႕အဆုံးအျဖတ္နဲ႔ ခြင့္ျပဳထားခဲ့ပါတယ္။

သတင္း-ၿငိမ္းခ်မ္းေအာင္

One News Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*