ttu

TTU ႏွင့္ EYU တို႔ေဘာလုံးကြင္းထဲတြင္ တစ္ဖက္ႏွင့္တစ္ဖက္ အုတ္ခဲမ်ား ပစ္ေပါက္မႈျဖစ္ပြား

တာဝတကၠသိုလ္ (ေခၚ) East Yangon University (ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္) ႏွင့္ TTU (ေခၚ) Thanlyin Technological University (သန္လွ်င္နည္းပညာတကၠသိုလ္) တို႔သည္ ယေန႔ ၂၀၁၉ ခုႏွစ္ ဩဂုတ္လ ၁ ရက္ေန႔ မနက္ပိုင္းတြင္ ေဘာလုံးကစားခဲ့ၾကရာ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး တစ္ဖက္ႏွင့္တစ္ဖက္ အုတ္ခဲမ်ားျဖင့္ ပစ္ေပါက္ခဲ့ၾကေၾကာင္း သိရပါတယ္။

ဒီလို ပစ္ေပါက္ခဲ့တာေၾကာင့္ ေက်ာင္းသားေက်ာင္းသူမ်ား၊ ဆရာ ဆရာမမ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့ၾကေၾကာင္း သိရပါတယ္။

2 4

ျဖစ္စဥ္မွာ ဒုတိယပိုင္း မိနစ္၁၈ဝန္းက်င္ခန႔္တြင္ TTU ကစားသမား ေနဇာခိုင္ဖုန္းမွ TTU အသင္းတြက္ဂိုးသြင္းယူၿပီး ဒုတိယပိုင္း မိနစ္၂၀ ေက်ာ္ေက်ာ္တြင္ EYU ကစားသမား No.(9) မွ TTU ေနာက္ခံလူ ထူးလျပည့္ဝန္းအား ထိုးႀကိတ္ခဲ့ပါတယ္။

ထိုအခ်ိန္တြင္ EYU ေက်ာင္းသား (အက်ႌနက္ျပာ ဆံပင္ေဘးခြဲႏွင့္) တစ္ဦးမွ TTU ပရိသက္ထဲသို႔ ထီးပစ္ေပါက္ခဲ့ရာ TTU ေက်ာင္းသူတစ္ဦး ဦးေခါင္းထိမွန္ခဲ့ပါတယ္။

ထို႔အတြက္ TTU ေက်ာင္းသားမ်ား ႏွင့္အခ်င္းမ်ားၾကရာ EYU ပရိသတ္ထဲမွ ထီး၊ ေရသန႔္ဗူ၊ ေဒါက္ဖိနပ္ႏွင့္ ဖိနပ္မ်ိဳးစုံတို႔ ပ်ံဝဲတက္လာပါတယ္။

3 1

TTU ပရိသတ္မ်ားရွိရာ သို႔ ပြဲၾကည့္စင္ေအာက္မွ အုတ္နီခဲမ်ား ပစ္ေပါက္ခဲ့ၿပီး ဦးေခါင္းကြဲမႈမ်ားႏွင့္ အျခားေသာအနာတရမ်ား ျဖစ္ပြားခဲ့ပါတယ္။။ အထူးသျဖင့္ TTU ဆရာမ်ား ထိခိုက္ခဲ့သည္ဟု သိရပါတယ္။

“အထက္ပါကိစၥႏွင့္ပက္သက္၍ EYU ပါခ်ဳပ္ (သို႔မဟုတ္) တာဝန္ရွိသူတစ္ဦးမွ TTU ဆရာ/မ မ်ားႏွင့္ ေက်ာင္းသား/သူ မ်ားထံ EYU ေက်ာင္းသား/သူမ်ား၏ အျပဳအမူႏွင့္ ပတ္သက္၍ တာဝန္ယူမႈ ႏွင့္ ေတာင္းပန္မႈကို မိမိတို႔ TTU football team fan clubမွ အလိုရွိသည္” ဟူ၍ TTU Football Team Fan Club မွ သူတို႔၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေဖာ္ျပထားတာကိုလည္း ေတြ႕ရပါတယ္။

Unicode

တာဝတက္ကသိုလ် (ခေါ်) East Yangon University (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) နှင့် TTU (ခေါ်) Thanlyin Technological University (သန်လျှင်နည်းပညာတက္ကသိုလ်) တို့သည် ယနေ့ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ဘောလုံးကစားခဲ့ကြရာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရပါတယ်။

ဒီလို ပစ်ပေါက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ဒုတိယပိုင်း မိနစ်၁၈ဝန်းကျင်ခန့်တွင် TTU ကစားသမား နေဇာခိုင်ဖုန်းမှ TTU အသင်းတွက်ဂိုးသွင်းယူပြီး ဒုတိယပိုင်း မိနစ်၂၀ ကျော်ကျော်တွင် EYU ကစားသမား No.(9) မှ TTU နောက်ခံလူ ထူးလပြည့်ဝန်းအား ထိုးကြိတ်ခဲ့ပါတယ်။

ထိုအချိန်တွင် EYU ကျောင်းသား (အင်္ကျီနက်ပြာ ဆံပင်ဘေးခွဲနှင့်) တစ်ဦးမှ TTU ပရိသက်ထဲသို့ ထီးပစ်ပေါက်ခဲ့ရာ TTU ကျောင်းသူတစ်ဦး ဦးခေါင်းထိမှန်ခဲ့ပါတယ်။

ထို့အတွက် TTU ကျောင်းသားများ နှင့်အချင်းများကြရာ EYU ပရိသတ်ထဲမှ ထီး၊ ရေသန့်ဗူ၊ ဒေါက်ဖိနပ်နှင့် ဖိနပ်မျိုးစုံတို့ ပျံဝဲတက်လာပါတယ်။

TTU ပရိသတ်များရှိရာ သို့ ပွဲကြည့်စင်အောက်မှ အုတ်နီခဲများ ပစ်ပေါက်ခဲ့ပြီး ဦးခေါင်းကွဲမှုများနှင့် အခြားသောအနာတရများ ဖြစ်ပွားခဲ့ပါတယ်။။ အထူးသဖြင့် TTU ဆရာများ ထိခိုက်ခဲ့သည်ဟု သိရပါတယ်။

“အထက်ပါကိစ္စနှင့်ပက်သက်၍ EYU ပါချုပ် (သို့မဟုတ်) တာဝန်ရှိသူတစ်ဦးမှ TTU ဆရာ/မ များနှင့် ကျောင်းသား/သူ များထံ EYU ကျောင်းသား/သူများ၏ အပြုအမူနှင့် ပတ်သက်၍ တာဝန်ယူမှု နှင့် တောင်းပန်မှုကို မိမိတို့ TTU football team fan clubမှ အလိုရှိသည်” ဟူ၍ TTU Football Team Fan Club မှ သူတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

Facebook Comments