dfadsf

တိုက္ခန္းမယ္ေနၾကတဲ့မိတ္ေဆြမ်ားသတိျပဳေနၾကေစခ်င္ပါတယ္။

မေန႔ညက ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ တိုက္ခန္းတံခါးကို အျပင္ဖက္ကေန မရပ္မနားတံခါးလာေခါက္တာ ခံရပါတယ္။ တံခါးေခါက္သံမရပ္မနားၾကားေနရလို႔ သူငယ္ခ်င္းက ေခ်ာင္းျကည့္ေပါက္နား ကပ္ၾကည့္လိုက္ေတာ့ လူတစ္ေယာက္က (ကတံုးနဲ႔ မ်က္ႏွာခြၽန္းခြၽန္းပံုရိွပါတယ္) တံခါးကို မရပ္မနားလာေခါက္ေနတာ။

သူငယ္ခ်င္းက သူမသိတဲ့လူျဖစ္ေနလို႔ တံခါးကိုလံုးဝဖြင့္ မေပးပါဘူး။ အဲ့ဒီ့အခ်ိန္ဟာ ည ၁ နာရီေက်ာ္ျဖစ္ေနပါၿပီ။ သူငယ္ခ်င္းရဲ႕ အမ်ိဳးသားက အလုပ္တာဝန္နဲ႔ ခရီးသြားေနရေတာ့ သူ႔အိမ္ မယ္သူငယ္ခ်င္းရယ္၊ သားႏွစ္ေယာက္ရယ္ပဲ က်န္ခဲ့တာပါ။
သားႏွစ္ေယာက္ကလည္း အခုမွ ၆ႏွစ္ နဲ႔ ၅ႏွစ္ အရြယ္ လူမမယ္ကေလးေတြပါ။ တိုက္ခန္းေအာက္ထပ္မယ္ ေစ်းဆိုင္ေတြရိွေပမယ့္ မိုးခ်ဳပ္ေတာ့ ပိတ္ကုန္ပါၿပီ။

တံခါးကလည္း အဆက္မျပတ္ေခါက္တုန္း။ပိုဆိုးတာက ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ မ်က္ႏွာခ်င္းဆိုင္တိုက္ခန္းမယ္ လူမေနဘူး။ သားေလးႏွစ္ေယာက္ကေတာ့ အခန္းထဲအိပ္ေနၾကပါတယ္တဲ့။ အစကေတာ႔ သူ႔အမ်ိဳးသားျပန္လာလို႔ တံခါးေခါက္ တယ္ ထင္ေနတာပါတဲ့။ အခန္းထဲကထြက္ၾကည့္ေတာ့မွ သူမသိတဲ့လူတစိမ္းျဖစ္ေနတာကို ျမင္လိုက္ရတာပါ။

သူငယ္ခ်င္းက သူဘယ္လိုလုပ္ရမလဲလို႔ ကြၽန္ေတာ့္ဆီ ဖုန္းလွမ္းဆက္ပါတယ္ (ျဖစ္သင့္တာက အနီးအနားမယ္ရိွတဲ့ လူေတြဆီကို အကူအညီေတာင္းရမွာပါ…ေၾကာက္ေနေတာ့ဘာလုပ္ရမွန္းမဆံုးျဖတ္တတ္ေတာ့တာ) ‘နင့္အခန္းနဲ့ အနီးစပ္ဆံုး၊ နင္ဖုန္းနံပါတ္သိတာ ဘယ္သူေတြရိွတုန္း’လို့ ေမးၿပီး အဲ့လူေတြဆီ ဖုန္းဆက္အကူအညီေတာင္းလို႔ ကြၽန္ေတာ္က ျပန္ျပီးေျပာလိုက္ပါတယ္။

အဲ့ေတာ့မွ သူ႔အခန္းကို ေရသန္႔ပို႔တဲ့ ေကာင္ေလး ဖုန္းနံပါတ္ကို လွမ္းဆက္လိုက္တယ္၊ တတိုက္ေက်ာ္က အပ္ခ်ဳပ္ဆိုင္ကိုလဲ ဖုန္းကိုဆက္တယ္၊ ေအာက္ဆံုးထပ္က အန္တီ့ဖုန္းကိုလဲ ဆက္တယ္၊ အခန္းထဲမယ္ စကားေျပာသံၾကားရေအာင္ တီဗီကို ဖြင့္လိုက္တယ္။ သူတီဗီဖြင့္လိုက္ၿပီး ေခ်ာင္းၾကည့္ေပါက္ကို သြားျပန္ၾကည့္ ေတာ့ အဲ့လူ တံခါးေခါက္တာ ရပ္သြားတယ္တဲ့။

သူငယ္ခ်င္းက ဖုန္းဆက္ အကူအညီေတာင္းထားေတာ့ ေအာက္ထပ္အခန္းက မိသားစုေတြနဲ႔ အပ္ခ်ဳပ္ဆိုင္က ညီမေလး လင္မယားက အေပၚထပ္တက္လာေပးၾကေတာ့ သူငယ္ခ်င္းရဲ႕အခန္းဝကေန တံခါးေခါက္ေနတဲ့ မ်က္ႏွာခြၽန္းခြၽန္းနဲ႔ ကတံုး (အေပၚပိုင္း အဝတ္မပါ၊ခႏၶာကိုယ္ေအာက္ပိုင္း အတြင္းခံပဲရိွ၊ အမူအရာ ဂနာမၿငိမ္) ကို ေအာက္ထပ္အခန္းက ဦးေလးက ‘မင္းဘာကိစၥရိွလို႔ ငါ့အခန္းဝရပ္ေနတာလဲ’ ေမးေတာ့ ဘာမွျပန္မေျပာဘဲ ေအာ္ရီရင္း လူေတြရပ္ေနတာကို တြန္းၿပီး ေလွကား ကေနေျပးဆင္းသြားတာတဲ့။

သူငယ္ခ်င္းလဲ သူ႔ကိုကူညီမယ့္လူေတြလာမွ တံခါးဖြင့္ရဲပါတယ္။ ဆက္လည္းမအိပ္ရဲေတာ့ပါဘူးတဲ့။ ေအာက္ထပ္ အခန္းက မိသားစုတခ်ိဳ႕က ကူေစာင့္ေပးမွေနရဲပါတယ္တဲ့။ ကြၽန္ေတာ့္သူငယ္ခ်င္းက အေတာ္ေလးေၾကာက္တတ္သူပါ။ သူ႔မယ္ အခုလို စၿပီးၾကံဳေတြ႔ရတာနဲ႔ သူဘာလုပ္ရမွန္းကိုမသိေတာ့ပါဘူး။

အဲ့လိုေတြ မျဖစ္ခင္ကမွ တခုခု ၾကံဳရသည္ရိွေသာ္ ေၾကာက္တာ လန္႔တာကို သိပ္ေ႐ွ႕တန္းမတင္ဘဲ ဘာကို စၿပီးလုပ္ရမလဲ စဥ္းစားဖို႔ သူ႔ကိုေျပာ,ေျပာေနတာပါ။

သူ႔မလည္း ေယာက်္ားခရီးထြက္ရင္ လူမမယ္ ကေလးႏွစ္ေယာက္နဲ႔ ေနခဲ့ရတာဆိုေတာ့က အခက္သား။ ကြၽန္ေတာ့္မိတ္ေဆြေတြထဲ တိုက္ခန္းမယ္ေနတဲ့သူေတြရိွရင္ သတိထားၾကပါလို႔။ ေခတ္ဆိုးေခတ္ပ်က္ထဲ လူလာျဖစ္ေနရေတာ့ မိမိကိုယ္ကို ကာကြယ္ေစာင့္ေ႐ွာက္ၿပီးေနတတ္မွ ေတာ္ကာၾကမယ့္ အေျခအေနမ်ိဳးပါ

Phyu Su

Unicode

တိုက်ခန်းမယ်နေကြတဲ့မိတ်ဆွေများသတိပြုနေကြစေချင်ပါတယ်။

မနေ့ညက ကျွန်တော့်သူငယ်ချင်းရဲ့ တိုက်ခန်းတံခါးကို အပြင်ဖက်ကနေ မရပ်မနားတံခါးလာခေါက်တာ ခံရပါတယ်။ တံခါးခေါက်သံမရပ်မနားကြားနေရလို့ သူငယ်ချင်းက ချောင်းကြည့်ပေါက်နား ကပ်ကြည့်လိုက်တော့ လူတစ်ယောက်က (ကတုံးနဲ့ မျက်နှာချွန်းချွန်းပုံရှိပါတယ်) တံခါးကို မရပ်မနားလာခေါက်နေတာ။

သူငယ်ချင်းက သူမသိတဲ့လူဖြစ်နေလို့ တံခါးကိုလုံးဝဖွင့် မပေးပါဘူး။ အဲ့ဒီ့အချိန်ဟာ ည ၁ နာရီကျော်ဖြစ်နေပါပြီ။ သူငယ်ချင်းရဲ့ အမျိုးသားက အလုပ်တာဝန်နဲ့ ခရီးသွားနေရတော့ သူ့အိမ် မယ်သူငယ်ချင်းရယ်၊ သားနှစ်ယောက်ရယ်ပဲ ကျန်ခဲ့တာပါ။
သားနှစ်ယောက်ကလည်း အခုမှ ၆နှစ် နဲ့ ၅နှစ် အရွယ် လူမမယ်ကလေးတွေပါ။ တိုက်ခန်းအောက်ထပ်မယ် ဈေးဆိုင်တွေရှိပေမယ့် မိုးချုပ်တော့ ပိတ်ကုန်ပါပြီ။

တံခါးကလည်း အဆက်မပြတ်ခေါက်တုန်း။ပိုဆိုးတာက ကျွန်တော့်သူငယ်ချင်းရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းမယ် လူမနေဘူး။ သားလေးနှစ်ယောက်ကတော့ အခန်းထဲအိပ်နေကြပါတယ်တဲ့။ အစကတော့ သူ့အမျိုးသားပြန်လာလို့ တံခါးခေါက် တယ် ထင်နေတာပါတဲ့။ အခန်းထဲကထွက်ကြည့်တော့မှ သူမသိတဲ့လူတစိမ်းဖြစ်နေတာကို မြင်လိုက်ရတာပါ။

သူငယ်ချင်းက သူဘယ်လိုလုပ်ရမလဲလို့ ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပါတယ် (ဖြစ်သင့်တာက အနီးအနားမယ်ရှိတဲ့ လူတွေဆီကို အကူအညီတောင်းရမှာပါ…ကြောက်နေတော့ဘာလုပ်ရမှန်းမဆုံးဖြတ်တတ်တော့တာ) ‘နင့်အခန်းနဲ့ အနီးစပ်ဆုံး၊ နင်ဖုန်းနံပါတ်သိတာ ဘယ်သူတွေရှိတုန်း’လို့ မေးပြီး အဲ့လူတွေဆီ ဖုန်းဆက်အကူအညီတောင်းလို့ ကျွန်တော်က ပြန်ပြီးပြောလိုက်ပါတယ်။

အဲ့တော့မှ သူ့အခန်းကို ရေသန့်ပို့တဲ့ ကောင်လေး ဖုန်းနံပါတ်ကို လှမ်းဆက်လိုက်တယ်၊ တတိုက်ကျော်က အပ်ချုပ်ဆိုင်ကိုလဲ ဖုန်းကိုဆက်တယ်၊ အောက်ဆုံးထပ်က အန်တီ့ဖုန်းကိုလဲ ဆက်တယ်၊ အခန်းထဲမယ် စကားပြောသံကြားရအောင် တီဗီကို ဖွင့်လိုက်တယ်။ သူတီဗီဖွင့်လိုက်ပြီး ချောင်းကြည့်ပေါက်ကို သွားပြန်ကြည့် တော့ အဲ့လူ တံခါးခေါက်တာ ရပ်သွားတယ်တဲ့။

သူငယ်ချင်းက ဖုန်းဆက် အကူအညီတောင်းထားတော့ အောက်ထပ်အခန်းက မိသားစုတွေနဲ့ အပ်ချုပ်ဆိုင်က ညီမလေး လင်မယားက အပေါ်ထပ်တက်လာပေးကြတော့ သူငယ်ချင်းရဲ့အခန်းဝကနေ တံခါးခေါက်နေတဲ့ မျက်နှာချွန်းချွန်းနဲ့ ကတုံး (အပေါ်ပိုင်း အဝတ်မပါ၊ခန္ဓာကိုယ်အောက်ပိုင်း အတွင်းခံပဲရှိ၊ အမူအရာ ဂနာမငြိမ်) ကို အောက်ထပ်အခန်းက ဦးလေးက ‘မင်းဘာကိစ္စရှိလို့ ငါ့အခန်းဝရပ်နေတာလဲ’ မေးတော့ ဘာမှပြန်မပြောဘဲ အော်ရီရင်း လူတွေရပ်နေတာကို တွန်းပြီး လှေကား ကနေပြေးဆင်းသွားတာတဲ့။

သူငယ်ချင်းလဲ သူ့ကိုကူညီမယ့်လူတွေလာမှ တံခါးဖွင့်ရဲပါတယ်။ ဆက်လည်းမအိပ်ရဲတော့ပါဘူးတဲ့။ အောက်ထပ် အခန်းက မိသားစုတချို့က ကူစောင့်ပေးမှနေရဲပါတယ်တဲ့။ ကျွန်တော့်သူငယ်ချင်းက အတော်လေးကြောက်တတ်သူပါ။ သူ့မယ် အခုလို စပြီးကြုံတွေ့ရတာနဲ့ သူဘာလုပ်ရမှန်းကိုမသိတော့ပါဘူး။

အဲ့လိုတွေ မဖြစ်ခင်ကမှ တခုခု ကြုံရသည်ရှိသော် ကြောက်တာ လန့်တာကို သိပ်ရှေ့တန်းမတင်ဘဲ ဘာကို စပြီးလုပ်ရမလဲ စဉ်းစားဖို့ သူ့ကိုပြော,ပြောနေတာပါ။

သူ့မလည်း ယောကျ်ားခရီးထွက်ရင် လူမမယ် ကလေးနှစ်ယောက်နဲ့ နေခဲ့ရတာဆိုတော့က အခက်သား။ ကျွန်တော့်မိတ်ဆွေတွေထဲ တိုက်ခန်းမယ်နေတဲ့သူတွေရှိရင် သတိထားကြပါလို့။ ခေတ်ဆိုးခေတ်ပျက်ထဲ လူလာဖြစ်နေရတော့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ပြီးနေတတ်မှ တော်ကာကြမယ့် အခြေအနေမျိုးပါ

Phyu Su

Facebook Comments