victory

သကၠမိုးညိိဳ အ​ေကာင္​့ပိုင္​ရွင္​၊ က်န္​းမာ​ေရးႏွွင္​့ အားကစားဝန္​ႀကီးဌာနမွ ဒုတိယၫႊန္​ၾကား​ေရးမႉး ​ေဒါက္​တာဝင္​းကိုကိုသိန္​းအား အျမင္​့ဆုံးျပစ္​ဒဏ္​ ​ေထာင္​ဒဏ္​ သုံးႏွစ္​အထိ ခ်မွတ္​ႏိုင္​သည္​့ အီလက္​ထ​ေရာနစ္​ ဥပ​ေဒပုဒ္​မ ၃၄(ဃ) ျဖင္​့ ရဲတပ္​ဖြဲ႕မွ အမႈဖြင္​့ထား​ၿပီး လက္​ရွိတြင္​ က်ပ္​သိန္​း ၁၀၀ အာမခံျဖင္​့ ျပန္​လႊတ္​​ေပးခဲ့​ေၾကာင္​း သိိရပါတယ္

ဇူလိုင္​လ ၁၀ က အမ်ားျပည္​သူ စိတ္​ဝင္​စား​ေနသည္္​့ ဗစ္​တိုးရီးယား အမႈႏွင္​့ပတ္​သက္​၍ သကၠမိုးညိဳ အမည္​ႏွင္​့ လူမႈကြန္​ယက္​ျဖစ္​သည္​့ Facebook တြင္​ ​ေရးသား​ေနသည္​့ က်န္​းမာ​ေရႏွင္​့ အားကစားဝန္​ႀကီးဌာန ဒုတိယၫႊန္​ၾကား​ေရးမႉး ​ေဒါက္​တာဝင္​းကိုကိုသိန္​းအား ပ်ဥ္​းမနားၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႕မႉး ရဲမႉး​ေအးျမင္​့ႏိုင္​က တရားလိုျပဳလုပ္​၍ အီလက္ထေရာနစ္ဥပေဒ ပုဒ္မ ၃၄(ဃ)နဲ႔ ရဲတပ္ဖြဲ႕က အမႈဖြင့္ထားျခင္​းျဖစ္​ပါတယ္

2 16

ဗစ္္တိုးရီးယားအမႈမွာ ေဆးစာေပ်ာက္ဆုံံးေၾကာင္ႏွွင္​့ CID ရဲတပ္ဖြဲ​့က လုပ္ေဆာင္ခ်က္ေတြ မွားယြင္းေၾကာင္း ေရးသားျခင္​း​ေၾကာင္​့ဟု ပ်ဥ္းမနားၿမိဳ႕နယ္၊ ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးျမင့္ႏိုင္က တရားလိုလုပ္ၿပီး မေန႔က အမႈဖြင့္ခဲ့ျခင္​းျဖစ္ၿပီး အာမခံႏွစ္​ဦးမွ သိန္​း ၅၀ စီျဖင္​့ အာမခံခဲ့ျခင္​း​ေၾကာင္​့ ပ်ဥ္​းမနားၿမိဳ႕နယ္​ရဲစခန္​းမွ ျပန္​လႊတ္​​ေပးခဲ့ျခင္​းျဖစ္​တယ္

“ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ရဲ႕ ဂုဏ္သိိကၡာညိဳးႏြမ္းေအာင္ ေဖ့စ္ဘြတ္လူမႈကြန္ယက္မွာ ေရးသားတာေၾကာင့္ပါ” လို႔ ပ်ဥ္းမနားၿမိဳ႕မရဲစခန္းက ရဲအရာရွိတစ္ဦးက အတည္ျပဳ​​ေျပာၾကားသည္​။

“ကြၽန္္​​ေတာ္​​ေရးခဲ့တာ မွန္​သမွ်သည္္​ သက္​​ေသ အခိုင္​အမာ အ​ေထာက္​အထား ျပႏိုင္​တာၾကည္​့ပဲ ​ေရးခဲ့တဲ့ အတြက္​​ေၾကာင္​့ ​ေရွ႕ဆက္​လည္​း ကြၽန္​​ေတာ္​ ဒီလိုပဲ ဆက္​သြားဖို႔ ရွိပါတယ္​” ဟု အမႈဖြင္​့ခံထားရသည္​့ သကၠမိုးညိဳ Facebook အ​ေကာင္​့ပိုင္​ရွင္​ ​ေဒါက္​တာဝင္​းကိုကိုသိန္​းက ​ေျပာၾကားသည္​။

3 6

သကၠမိုးညိဳိ အေကာင့္ပိုင္ရွင္္ ေဒါက္တာဝင္းကိုကိုသိန္းကို ဒီကေန႔ (ဇူလိုင္​ ၁၀ ရက္​)က ပ်ဥ္​းမနားၿမိဳ႕နယ္​ ရဲစခန္​းမွ ​ေခၚယူစစ္​​ေဆးခဲ့ၿပီး​ေနာက္​ အာမခံျဖင္​့ ျပန္​လႊတ္​ခဲ့ျခင္​းျဖစ္​ပါသည္​။

အီလက္ထေရာနစ္ ဥပေဒပုဒ္မ ၃၄(ဃ)သည္​ ္အာမခံေပးလို႔ရသည့္ ​ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားပါက ေငြဒဏ္ သိန္း ၅၀ သို႔မဟုတ္ ေထာင္ဒဏ္ ၁ ႏွစ္ကေန ၃ႏွစ္အထိ က်ခံႏိုင္သည္​ဟု ျပဌာန္းထားပါတယ္။

ခရက္ဒစ္ Eleven Media Group

Unicode

သက္ကမိုးညို အကောင့်ပိုင်ရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းအား အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်ထားပြီး လက်ရှိတွင် ကျပ်သိန်း ၁၀၀ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်

ဇူလိုင်လ ၁၀ က အများပြည်သူ စိတ်ဝင်စားနေသည့်် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ သက္ကမိုးညို အမည်နှင့် လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ရေးသားနေသည့် ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းအား ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်ပါတယ်

ဗစ်တိုးရီးယားအမှုမှာ ဆေးစာပျောက်ဆုံံးကြောင်နှင့် CID ရဲတပ်ဖွဲ့က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားခြင်းကြောင့်ဟု ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုလုပ်ပြီး မနေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အာမခံနှစ်ဦးမှ သိန်း ၅၀ စီဖြင့် အာမခံခဲ့ခြင်းကြောင့် ပျဉ်းမနားမြို့နယ်ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်တယ်

“ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ရေးသားတာကြောင့်ပါ” လို့ ပျဉ်းမနားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

“ကျွန်တော်ရေးခဲ့တာ မှန်သမျှသည် သက်သေ အခိုင်အမာ အထောက်အထား ပြနိုင်တာကြည့်ပဲ ရေးခဲ့တဲ့ အတွက်ကြောင့် ရှေ့ဆက်လည်း ကျွန်တော် ဒီလိုပဲ ဆက်သွားဖို့ ရှိပါတယ်” ဟု အမှုဖွင့်ခံထားရသည့် သက္ကမိုးညို Facebook အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းက ပြောကြားသည်။

သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဒီကနေ့ (ဇူလိုင် ၁၀ ရက်)က ပျဉ်းမနားမြို့နယ် ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ခဲ့ခြင်းဖြစ်ပါသည်။

အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ)သည် ်အာမခံပေးလို့ရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ် သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ် ၁ နှစ်ကနေ ၃နှစ်အထိ ကျခံနိုင်သည်ဟု ပြဌာန်းထားပါတယ်။

ခရက်ဒစ် Eleven Media Group

Facebook Comments