linm




2 5




3 1



Unicode

VICTORIA အတွက် တရားမျှတမှုကို ရှာဖွေဖို့ နေပြည်တော် ရောက်ရှိနေပြီဖြစ်တဲ့ လင်းလင်း

တစ်နိုင်ငံလုံးက ပြည်သူတွေ စောင့်ကြည့်နေတဲ့ နေပြည်တော် မူကြိုကျောင်းမှ ၂ နှစ် ၁၁ လအရွယ် သမီးငယ်လေး လိင်အကြမ်းဖက်ခံရမှုက တစ်လကျော်ကြာတဲ့အချိန်မှာတော့ တရားခံကို ဖမ်းဆီးရရှိမိပြီလို့ ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိက ထုတ်ပြန်ခဲ့ပါတယ်။

တရားခံလို့ ဆိုသူကတော့ Wiston Hill မူကြိုကျောင်းမှ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီး ဆိုသူပဲ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုထုတ်ပြန်ချက်အပေါ် ပြည်သူတွေအားလုံးက ကျေနပ်မှုလုံး၀ မရှိခဲ့ပါဘူး။

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ လင်းလင်းကလည်း ထိုအမှုနဲ့ ပက်သတ်ပြီး စိတ်ရော လူပါနစ်ပြီး ကူညီဆောင်ရွက်ပြီး အမှန်တရားကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၅) ရက်နေ့မှာတော့ လင်းလင်းက နေပြည်တော်ခရိုင် တရားရုံးကို သက္ကမိုးညို၊ ရှေ့နေ ကိုမျိုးဇော်ဦး၊ မရွက်နုတို့နဲ့အတူ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်

လင်းလင်းကိုယ်တိုင်က “ဒီအမှုကို ကိုယ်ထူကိုယ်ထ ဒီလိုပါဝင်ရတာဟာ ဘယ်သူ့ကိုမှ အမုန်းတရားနဲ့ကြောင့်မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ငြိုးတေးမှုမရှိပါဘူး။ ဘယ်သူ့ကိုမှ အရှက်ခွဲလိုခြင်းမဟုတ်ပါဘူး။ ပါဝင်ရတဲ့အကြောင်းရင်ကတော့ တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မပေါ်ဘူး ဆိုရင်,, ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ။” ဆိုပြီး ပြောကြားထားခဲ့တာပဲ ဖြစ်ပါတယ်။

တရားခံလို့ဆိုသူ အောင်ကြီးရဲ့ မိဘတွေကတော့ သူတို့ရဲ့သားဖြစ်သူဟာ ဒီလိုလုပ်ရပ်မျိုးကိုလုပ်မယ့် အကျင့်စာရိတ္တမရှိဘူးလို့ မီဒီယာတွေကတဆင့် ဖြေကြားထားပါတယ်။ လင်းလင်းနဲ့ ပြည်သူတွေကတော့ Victoria အတွက် အမှန်တရားကို ရရှိလို့ ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ Victoria လေးအတွက် စစ်မှန်သော တရားမျှတမှု အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko”s fb & သက္က မိုးညို.”s fb

Facebook Comments