1 77

မီတာဖတ္စာေရးမလုံေလာက္သျဖင့္  မီတာခမ်ား  ခန္႔မွန္းေကာက္ေနရဟု ဝန္ၾကီးေျပာ 😩

မြန္ျပည္နယ္အတြင္း မီတာဖတ္စာေရးအင္အားမလုံေလာက္မႈေၾကာင့္ အိမ္ေစ့မီတာ ဖတ္ႏိုင္ျခင္းမရွိဘဲ ခန္႔မွန္းေကာက္ယူေနရ ျခင္းမ်ားရွိေနေၾကာင္း မြန္ျပည္နယ္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီးဌာနမွ သိရသည္။

“မီတာစာေရးတစ္ေယာက္ကို မီတာအလုံး ေရ ၈၀ဝ ဖတ္ရမယ္လို႔ သတ္မွတ္ထားတယ္။ ဒါေပမဲ့ သက္ဆိုင္ရာၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးေတြမွာ မီတာစာေရးအင္အား အလုံအေလာက္မရွိဘူး။ မီတာဖတ္စာေရးအလိုရွိတယ္လို႔ ေၾကာ္ျငာထား ေပမယ့္လည္း လာေရာက္ေလွ်ာက္ထားတဲ့ သူမရွိဘူး။ အဲဒီေတာ့ ဖတ္ရမယ့္ဧရိယာနဲ႔ လူအင္အားနဲ႔က မမွ်တဘူးျဖစ္ေနတယ္။

သူ႔ကို သတ္မွတ္ေပးထားတာ ၈၀ဝ၊ အမွန္တကယ္ တာဝန္ယူလုပ္ေနရတာက ၁၅၀ဝ ဆိုေတာ့ သူ႔အေနနဲ႔ ျပန္စဥ္းစားၾကည့္ရင္ မႏိုင္ဝန္ ထမ္းေနရတယ္။ မီတာနဲ႔ပတ္သက္ၿပီး လကုန္လို႔ ေဘလ္မထြက္ႏိုင္ရင္လည္း အေရးယူခံရဦး မယ္။ အဲဒီေတာ့ သူတို႔မွာလည္း တခ်ိဳ႕ေနရာ ေတြကိုခန္႔မွန္းၿပီး ထည့္ရတာမ်ိဳးေတြရွိလာ တယ္“ ဟု မြန္ျပည္နယ္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီးအျဖစ္ အသစ္ခန္႔အပ္ျခင္းခံရ သည့္ ဝန္ႀကီးဦးလွထြန္းက ေျပာဆိုသည္။

မီတာမ်ားအား ေနအိမ္အေရာက္ စစ္ေဆး ျခင္းမရွိဘဲ ခန္႔မွန္းေျချဖင့္ မီတာခႏႈန္းထား မ်ားေကာက္ခံမႈႏွင့္ပတ္သက္ၿပီး ျပည္နယ္ လွ်ပ္စစ္၊ လွ်ပ္စစ္႐ုံးခ်ဳပ္တို႔မွ ထိန္းေက်ာင္း ေဆာင္႐ြက္ေပးေနပါေသာ္လည္း ဝန္ထမ္း အခက္အခဲရွိေနသည့္အတြက္ လိုအပ္ခ်က္မ်ား ရွိေနႏိုင္ၿပီး ယင္းျပႆနာမ်ားအားေျဖရွင္းရန္ လွ်ပ္စစ္မီတာခမ်ားကို အြန္လိုင္းမွတစ္ဆင့္ မီတာဖတ္ျခင္း၊ မီတာခေကာက္ခံျခင္းမ်ိဳး ေဆာင္႐ြက္ႏိုင္ရန္စီစဥ္ေနရေၾကာင္း ဝန္ႀကီးက ဆက္လက္ေျပာဆိုသည္။

မြန္ျပည္နယ္အတြင္း လွ်ပ္စစ္မီတာခ ေကာက္ခံသည့္႐ုံး ၁၈ ႐ုံး၊ ဒုလက္ေထာက္ ႀကီးၾကပ္ေရးမႉး(မီတာ) အၿမဲတမ္း ၄၈ ဦး၊ ေန႔စား ၄၈ ဦး၊ စာရင္းကိုင္ (၄) အၿမဲတမ္း ၃၈ ဦး၊ ေန႔စား ၁၀၅ ဦးရွိၿပီး ျပည္နယ္အတြင္း ယခုႏွစ္ ဧၿပီလအထိ လွ်ပ္စစ္မီးသုံးစြဲသူ ဦးေရ ၂၂၂၄၆၉ ဦးရွိေၾကာင္းသိရသည္။

Source: Myanmar Times

Unicode

မီတာဖတ်စာရေးမလုံလောက်သဖြင့်  မီတာခများ  ခန့်မှန်းကောက်နေရဟု ဝန်ကြီးပြော 😩

မွန်ပြည်နယ်အတွင်း မီတာဖတ်စာရေးအင်အားမလုံလောက်မှုကြောင့် အိမ်စေ့မီတာ ဖတ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းကောက်ယူနေရ ခြင်းများရှိနေကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာနမှ သိရသည်။

“မီတာစာရေးတစ်ယောက်ကို မီတာအလုံး ရေ ၈ဝဝ ဖတ်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးတွေမှာ မီတာစာရေးအင်အား အလုံအလောက်မရှိဘူး။ မီတာဖတ်စာရေးအလိုရှိတယ်လို့ ကြော်ငြာထား ပေမယ့်လည်း လာရောက်လျှောက်ထားတဲ့ သူမရှိဘူး။ အဲဒီတော့ ဖတ်ရမယ့်ဧရိယာနဲ့ လူအင်အားနဲ့က မမျှတဘူးဖြစ်နေတယ်။

သူ့ကို သတ်မှတ်ပေးထားတာ ၈ဝဝ၊ အမှန်တကယ် တာဝန်ယူလုပ်နေရတာက ၁၅ဝဝ ဆိုတော့ သူ့အနေနဲ့ ပြန်စဉ်းစားကြည့်ရင် မနိုင်ဝန် ထမ်းနေရတယ်။ မီတာနဲ့ပတ်သက်ပြီး လကုန်လို့ ဘေလ်မထွက်နိုင်ရင်လည်း အရေးယူခံရဦး မယ်။ အဲဒီတော့ သူတို့မှာလည်း တချို့နေရာ တွေကိုခန့်မှန်းပြီး ထည့်ရတာမျိုးတွေရှိလာ တယ်“ ဟု မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် အသစ်ခန့်အပ်ခြင်းခံရ သည့် ဝန်ကြီးဦးလှထွန်းက ပြောဆိုသည်။

မီတာများအား နေအိမ်အရောက် စစ်ဆေး ခြင်းမရှိဘဲ ခန့်မှန်းခြေဖြင့် မီတာခနှုန်းထား များကောက်ခံမှုနှင့်ပတ်သက်ပြီး ပြည်နယ် လျှပ်စစ်၊ လျှပ်စစ်ရုံးချုပ်တို့မှ ထိန်းကျောင်း ဆောင်ရွက်ပေးနေပါသော်လည်း ဝန်ထမ်း အခက်အခဲရှိနေသည့်အတွက် လိုအပ်ချက်များ ရှိနေနိုင်ပြီး ယင်းပြဿနာများအားဖြေရှင်းရန် လျှပ်စစ်မီတာခများကို အွန်လိုင်းမှတစ်ဆင့် မီတာဖတ်ခြင်း၊ မီတာခကောက်ခံခြင်းမျိုး ဆောင်ရွက်နိုင်ရန်စီစဉ်နေရကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း လျှပ်စစ်မီတာခ ကောက်ခံသည့်ရုံး ၁၈ ရုံး၊ ဒုလက်ထောက် ကြီးကြပ်ရေးမှူး(မီတာ) အမြဲတမ်း ၄၈ ဦး၊ နေ့စား ၄၈ ဦး၊ စာရင်းကိုင် (၄) အမြဲတမ်း ၃၈ ဦး၊ နေ့စား ၁၀၅ ဦးရှိပြီး ပြည်နယ်အတွင်း ယခုနှစ် ဧပြီလအထိ လျှပ်စစ်မီးသုံးစွဲသူ ဦးရေ ၂၂၂၄၆၉ ဦးရှိကြောင်းသိရသည်။

Source: Myanmar Times

Facebook Comments