1 30



1 29




3 6




4 6
ကိုဇင်မင်းဦး ရရှိခဲ့တဲ့ ဆုတံဆိပ်များ


Source : Zin Min Oo FB

Unicode

မြန်မာ့ခြင်းလက်ရွေးစင် တစ်ဦးဖြစ်တဲ့ ကိုဇင်မင်းဦးဟာ လက်ရွေးစင် တစ်ဦးရတဲ့ လစာတွေ အကြောင်း ခုလို Post တင်ခဲ့ပါတယ်…သူတို့ရတဲ့ လစာလေးတွေ ကြည့်လိုက်ပါဦးဗျာ တကယ်ကို စိတ်မကောင်းစရာပါ

“ဒီနေ့အားကစားဝန်ကြီးဌာနကပေးတဲ့လက်ရွေးစင်လစာရပါတယ် ကိုယ်ကတော့(၈) သောင်းပါ ကျန်တဲ့ကစားသမားအချို့ရဲ့လစာကတော့ ၃သောင်း /၅သောင်း /၁သိန်းမျိုးမျိုးပေါ့

တစ်ချို့ကစားသမားများလစာကအလွန်နည်းနေပါတယ် အဲ့အတွက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့လက်ရွေးစင်ကစားသမားများရဲ့လစာများကိုပေးဖို့အစီစဉ်ရှိမရှိကိုတိတိကျကျသိချင်ပါတယ်

ဘယ်သူမေးရမလဲမသိလို့ပါဆရာကြီးလဲမဟုတ်ပါဘူးခံစားချက်ကိုပြောတာပါအပြစ်ရှိရင်ခွင့်လွတ်ကြပါ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်

ဇွန်လ (၃) ရက်နေ့မှာတော့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့က သူ့ကို ခွင့်ပြုချက်မရှိဘဲ Facebook မှာ တင်တယ်ဆိုပြီး သတိပေးစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့၏ လိုအပ်ချက်များကို နည်းပြများထံ မတင်ပြဘဲ Facebook မှာတင်တဲ့အတွက် လမ်းညွှန်ချက်တွေကို မလိုက်နာဘူး ဆိုပြီး သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်

မြန်မာ့ခြင်း လက်ရွေးစင်တစ်ဦးဖြစ်တဲ့ ကိုဇင်မင်းဦးကတော့

“ကျွန်တော်မောင်ဇင်မင်းဦးကလက်ရွေစင်ကစားသမားအားလုံးကိုယ်စား ကိုယ်ချင်းစာစိတ်နဲ့မေးလိုက်တာဒီလောက်တောင်ပြသနာကကြီးသွားသလားထပ်မေးပါရစေ” ဆိုပြီး ရင်ဖွင့်ထားပါတယ်

နိုင်ငံ လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့ ခက်ခဲသလောက် ရတဲ့လစာက ကလေးမုန့်ဖိုးလောက်ပဲ ရှိသတဲ့လားဗျာ. . .ဟုတ်ကဲ့ ဘာမှကို ဆက်မပြောချင်လောက်အောင်ပါပဲ. . .”

Source : Zin Min Oo FB

Facebook Comments