1 37

က်ြန္မ စိတ္မေကာင္းျခင္းေတြမ်ားစြာနဲ႔ပဲ ဒီ post ေလးကိုတင္လိုက္ပါတယ္…။ က်ြန္မတို႔ရဲ႕ က်ိဳင္းတံုျမိဳ႕.စိမ္းလဲ႔ေတာင္တန္းပရဟိတအဖဲြ႕သားေတြက ေရးတင္ထားျခင္းမဟုတ္တဲ႔ သတင္းတစ္ပုဒ္ေၾကာင့္ပါ…။ သတင္း media ေတြတင္သလို အဲန္လူမ်ိဳးေတြဟာ ေရမခ်ိဳးၾကတာမဟုတ္ပါဘူး… က်ိဳင္းတံုျမိဳ႕နယ္ထဲမွာ အဲန္တိုင္းရင္းသားေက်းရြာ ၈ ရြာရွိပါတယ္…။

အဲဒီရြာေတြ အားလံုးထဲမွ က်ြန္မတို႔ေရာက္ခဲ႔တဲ႔ ပင္းေတာက္ေက်းရြာအုပ္စု ဝမ္ေနာင္, တင္ထပ္ နဲ႔ ဝမ္ခါမ္း ရြာေတြကေတာ့ လမ္းပန္းဆက္သြယ္ေရးအခက္ဆံုး. ေခတ္ေနာက္က်ဆံုး အရိုးသားဆံုး လိုအပ္မွဳေတြမ်ားစြာရွိဆုံးပါ…( က်ြန္မအေနနဲ႔ ျမိဳ႕ခံျဖစ္သလို ဒီရြာေတြဆီကို ၃ ႀကိမ္တိတိေရာက္ခဲ႔ဖူးပါတယ္. Hard to reach area က တစ္ျခားတိုင္းရင္းသားေက်းရြာေတာ္ေတာ္မ်ားမ်ားကိုလည္းေရာက္ခဲ႔တဲ႔သူပါ )

1 36

ဝမ္ေနာင္. တင္ထပ္ နဲ႔ ဝမ္ခါမ္း ဆိုတဲ႔ အဲန္ရြာမ်ားမွာ စာသင္ေက်ာင္း. ေဆးေပးခန္း မရွိပါဘူး…

ျမိဳ႕နဲ႔နီးတဲ႔ တစ္ျခားအဲန္ရြာေတြကေတာ့ ေခတ္မွီေနၾကပါျပီ… နမ့္လင္းမိုင္ရြာ နဲ႔ ပန္ေလရြာ ဆိုရင္စာသင္ေက်ာင္းလည္းရွိျပီး အမ်ားႀကီးပိုျပီးေျပလည္ၾကပါတယ္…

က်ြန္မေျပာခ်င္တာက သတင္းေတြထဲမွာေရးၾကသလို အဲန္လူမ်ိဳးေတြဟာ ေရမခ်ိဳးတဲ႔လူမ်ိဳးေတြမဟုတ္ပါဘူး…

အဲန္လူမ်ိဳးမွမဟုတ္ပါဘူး ဘယ္လူမ်ိဳးမဆို တကယ့္ေခါင္တဲ႔ေနရာ ေရအခက္အခဲရွိတဲ႔ေနရာမွာ ရွိေနခဲ႔ရင္ အဲလိုပဲျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္… က်ြန္မေရာက္ဖူးခဲ႔သမ်ွ Hard to reach area ေတာင္ေပၚေဒသက သူေတြေတာ္ေတာ္မ်ားမ်ား ေတာ္ရံုတန္ရံုေရမခ်ိဳးၾကပါဘူး..

ေရမခ်ိဳးျဖစ္တဲ႔အေၾကာင္းရင္းေတြကလည္း မ်ားစြာရွိပါတယ္…

2 10

1.ေတာင္ေပၚေဒသေတြမွာ ေရအခက္အခဲရိွပါတယ္ ။ အိမ္တစ္အိမ္မွာ မိသားစုဦးေရမ်ားစြာ စုေပါင္းေနထိုင္ၾကတာျဖစ္လို႔ ေရမလံုေလာက္ၾကပါဘူး။ ( ေရခ်ိဳးဖို႔ထက္ ေရေသာက္ဖို႔က ပိုအေရးႀကီးေနပါတယ္ )

2.ေတာင္ေပၚတိုင္းရင္းသားမ်ားဟာ ဘဝရပ္တည္ဖို႔အတြက္ စားဝတ္ေနေရး အရမ္းခက္ခဲၾကပါတယ္… မနက္ေစာေစာ ေနမထြက္ခင္ ေတာင္ယာဆီကို ၂-၃ နာရီေလာက္ေျခက်င္ေလွ်ာက္ျပီးသြားၾကရပါတယ္…။

3 4

တစ္ေနကုန္ေတာင္ယာလုပ္ျပီး ညမိုးခ်ဳက္မွ အိမ္ျပန္လာေတာ့ စားေသာက္ဖို႔လုပ္ရပါတယ္…မိုးလည္းခ်ဳပ္ျပီမို႔လို႔ ေရမခ်ဳိဳးျဖစ္ၾကေတာ့ဘူး… ေတာင္ေပၚေဒသျဖစ္တဲ႔အတြက္ ေဆာင္းတြင္းဆိုရင္လည္းအရမ္းေအးပါတယ္…( ဒီညေရခ်ိဳးျပီးရင္လည္း ေနာက္ေန႔တစ္ေနကုန္ ေတာင္ယာသြားရမွာဆိုေတာ့ ဘာမွသိပ္လည္းမထူးသလို) လိုအပ္ခ်က္ေတြလည္းမ်ားစြာရွိၾကလို႔ နိစၥဓူဝအလုပ္ထဲမွာ ေရခ်ိဳးျခင္းအလုပ္ထက္ တစ္ေနကုန္ေတာင္ယာသြားျပီး ေတာင္ယာေပါက္ေနရတဲ႔အလုပ္က သူတို႔အတြက္ ပိုအေရးႀကီးေနပါတယ္…( ေရမခ်ိဳးၾကတာ ဒီရြာေလးေတြကေတာ့ တစ္ျခားရြာေတြထက္ပိုဆိုးတယ္ လို႔ေတာ့ ေျပာလို႔ရပါတယ္ )

3.ေတာင္ေပၚေဒသမွာ ဘယ္ရြာျဖစ္ျဖစ္ ကေလးလည္းမ်ားပါတယ္… လူႀကီးေတြက တစ္ေနကုန္ေတာင္ယာသြားျပီး အဖိုးအဖြားေတြနဲ႔ပဲထားခဲ႔တာရွိသလို..ကေလးအခ်င္းခ်င္းပဲ ျပန္ထိန္းေနၾကတာလည္း အမ်ားႀကီးရွိပါတယ္… မိမိကေလးေတြကို ငယ္စဥ္ကတည္းက အေျခအေနအရ ေသခ်ာျပဳစု ေရခ်ိဳးေပးႏိုင္ျခင္းမရွိေတာ့ ကေလးေတြကလည္း ငယ္စဥ္ကတည္းက ေရခ်ိဳးတဲ႔အေလ့အထ သိပ္မရွိၾကေတာ့ပါဘူး…။

4 5

4.တစ္ကိုယ္ေရသန္႔ရွင္းမွဳ အသိပညာလည္းနည္းပါးၾကပါတယ္…ေတာင္ေပၚေဒသမွ မ်ားေသာအားျဖင့္ resistance ေကာင္းၾကတယ္… ေတာင္ေပၚကေလးေတြ ဖ်ားနာတာသိပ္မရွိတတ္ၾကဘူး..ေတာင္ေပၚသားမ်ားဟာ အေမာလည္းခံႏိုင္ၾကတယ္… သန္ေကာင္ေတြေယာက္တိုင္းလိုလိုရွိတတ္ၾကေပမယ့္ ဖ်ားနာမွဳေတြလည္းသိပ္မရွိေတာ့ သူတို႔ေရခ်ိဳးျခင္း. မခ်ိဳးျခင္းဟာ ေနေကာင္းျခင္းမေကာင္းျခင္းနဲ႔ မသက္ဆိုင္သလိုပဲေတြးမိေကာင္း ေတြးမိပါလိမ့္မယ္…။

ဒါေၾကာင့္ သတင္းမီဒီယာေတြေရးတင္ထားၾကသလို “အဲန္လူမ်ိဳးမ်ားဟာ ေရမခ်ိဳးတဲ႔လူမ်ိဳးစုေတြ” ဆိုတဲ႔အခ်က္က အရမ္းကိုမွားပါတယ္… ။ ျမိဳ႕နဲ႔နီးတဲ႔တစ္ျခား အဲန္ရြာေတြမွာ ေရခ်ိဳးၾကပါတယ္လို႔ ေျပာပါရေစရွင္…။

5 3

ေနာက္အခ်က္တစ္ခုက ေတာင္ေပၚရြာေတြမွာ ကေလးမ်ားစြာရွိလို႔ က်ြန္မတို႔အဖဲြ႕အေနနဲ႔ သားဆက္ျခားျခင္းအမ်ိဳးမ်ိဳးကို အသိပညာေပးခဲ႔ပါတယ္… သားဆက္ျခားျခင္းအမ်ိဳးမ်ိဳးရွိတာမွန္ေပမယ့္ တစ္ျခား invasive methods ေတြဟာ သူတို႔အေျခအေနနဲ႔ အဆင္ေျပမွဳမရွိတာေၾကာင့္ ( က်ြန္မတို႔အေနနဲ႔လည္း လုပ္ေပးႏိုင္ျခင္းမရွိတာေၾကာင့္ ) နည္းလမ္းအမ်ိဳးမ်ိဳးကို အသိေပးေဟာေျပာခဲ႔ျပီး အရိုးရွင္းဆံုးနည္းလမ္းျဖစ္တဲ႔ condom ကို စမ္းသံုးၾကည့္ဖို႔ေပးခဲ႔တာပါ. ( တစ္ခ်ိဳ႕လည္းသံုးလခံေဆးေတြ ထိုးဖူးတဲ႔သူရွိေပမယ့္ သံုးလတစ္ခါ ေတာင္ေအာက္ဆင္းထိုးဖို႔ဆိုတာမလြယ္ကူပါဘူး ) condom ကိုမျမင္ဖူး. မၾကားဖူးတာကေတာ့ ဒီရြာတစ္ခုတဲ႔မဟုတ္ပါဘူး ေတာင္ေပၚရြာတိုင္းလိုလိုမသိၾကပါဘူးရွင့္…သိတဲ႔သူနည္းပါတယ္…။

အခုကိစၥဟာ ရိုးသားလြန္းတဲ႔ အဲန္မ်ိဳးႏြယ္စုကိုသိကၡာခ်ေနသလိုသလိုပဲျဖစ္ေနတာၾကာင့္ က်ြန္မရဲ႕ မိတ္ေဆြ သူငယ္ခ်င္းမ်ားကို ေလးစားအားကိုးစြာနဲ႔ အကူအညီေတာင္းပါရေစ…။

က်ြန္မရဲ႕ Post ေလးကို တတ္ႏိုင္သေလာက္ေလး ျပန္လည္မွ်ေဝေပးၾကပါဦးရွင္…။ အျမင္မွားေနတဲ႔ သူေတြကို သတင္းမွားျဖစ္ပါေၾကာင္း အသိေပးပါရေစရွင္…။

P.S – က်ိဳင္းတံုျမိဳ႕ ပင္းေတာက္ေက်းရြာအုပ္စု အဲန္တိုင္းရင္းသားမ်ားေနထိုက္ရာ ဝမ္ေနာင္. တင္ထပ္ နဲ႔ ဝမ္ခါမ္း ေက်းရြာမ်ားဟာ ေရအခက္အခဲရွိေၾကာင္း ရြာသူႀကီးမွတစ္ဆင့္ သိရွိရလို႔ ေရအခက္အခဲေျပလည္ေအာင္ ကူညီေပးဖို႔ စဥ္းစားထားပါတယ္။

အေကာင္အထည္ေဖၚမယ့္ အေသးစိတ္အခ်က္အလက္မ်ားကို ျပန္လည္တင္ျပပါ့မယ္… ပါဝင္ကုသိုလ္ယူလိုသူ အလွဴရွင္မ်ားကို ဖိတ္ေခၚပါတယ္ရွင္…။ အခုေလာေလာဆယ္ေတာ့ က်ြန္မကို ကူညီတဲ႔အေနနဲ႔ ဒီ post ေလးကို မွ်ေဝေပးၾကပါဦးေနာ္,..

အေသးစိတ္ သိလိုပါက က်ြန္မဆီကို ဆက္သြယ္ႏိုင္ပါတယ္ရွင္

နန္းမားလားဝမ္း – 09 428211376

Unicode

ကျွန်မ စိတ်မကောင်းခြင်းတွေများစွာနဲ့ပဲ ဒီ post လေးကိုတင်လိုက်ပါတယ်…။ ကျွန်မတို့ရဲ့ ကျိုင်းတုံမြို့.စိမ်းလဲ့တောင်တန်းပရဟိတအဖွဲ့သားတွေက ရေးတင်ထားခြင်းမဟုတ်တဲ့ သတင်းတစ်ပုဒ်ကြောင့်ပါ…။ သတင်း media တွေတင်သလို အဲန်လူမျိုးတွေဟာ ရေမချိုးကြတာမဟုတ်ပါဘူး… ကျိုင်းတုံမြို့နယ်ထဲမှာ အဲန်တိုင်းရင်းသားကျေးရွာ ၈ ရွာရှိပါတယ်…။

အဲဒီရွာတွေ အားလုံးထဲမှ ကျွန်မတို့ရောက်ခဲ့တဲ့ ပင်းတောက်ကျေးရွာအုပ်စု ဝမ်နောင်, တင်ထပ် နဲ့ ဝမ်ခါမ်း ရွာတွေကတော့ လမ်းပန်းဆက်သွယ်ရေးအခက်ဆုံး. ခေတ်နောက်ကျဆုံး အရိုးသားဆုံး လိုအပ်မှုတွေများစွာရှိဆုံးပါ…( ကျွန်မအနေနဲ့ မြို့ခံဖြစ်သလို ဒီရွာတွေဆီကို ၃ ကြိမ်တိတိရောက်ခဲ့ဖူးပါတယ်. Hard to reach area က တစ်ခြားတိုင်းရင်းသားကျေးရွာတော်တော်များများကိုလည်းရောက်ခဲ့တဲ့သူပါ )

ဝမ်နောင်. တင်ထပ် နဲ့ ဝမ်ခါမ်း ဆိုတဲ့ အဲန်ရွာများမှာ စာသင်ကျောင်း. ဆေးပေးခန်း မရှိပါဘူး…

မြို့နဲ့နီးတဲ့ တစ်ခြားအဲန်ရွာတွေကတော့ ခေတ်မှီနေကြပါပြီ… နမ့်လင်းမိုင်ရွာ နဲ့ ပန်လေရွာ ဆိုရင်စာသင်ကျောင်းလည်းရှိပြီး အများကြီးပိုပြီးပြေလည်ကြပါတယ်…

ကျွန်မပြောချင်တာက သတင်းတွေထဲမှာရေးကြသလို အဲန်လူမျိုးတွေဟာ ရေမချိုးတဲ့လူမျိုးတွေမဟုတ်ပါဘူး…

အဲန်လူမျိုးမှမဟုတ်ပါဘူး ဘယ်လူမျိုးမဆို တကယ့်ခေါင်တဲ့နေရာ ရေအခက်အခဲရှိတဲ့နေရာမှာ ရှိနေခဲ့ရင် အဲလိုပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်… ကျွန်မရောက်ဖူးခဲ့သမျှ Hard to reach area တောင်ပေါ်ဒေသက သူတွေတော်တော်များများ တော်ရုံတန်ရုံရေမချိုးကြပါဘူး..

ရေမချိုးဖြစ်တဲ့အကြောင်းရင်းတွေကလည်း များစွာရှိပါတယ်…

1.တောင်ပေါ်ဒေသတွေမှာ ရေအခက်အခဲရှိပါတယ် ။ အိမ်တစ်အိမ်မှာ မိသားစုဦးရေများစွာ စုပေါင်းနေထိုင်ကြတာဖြစ်လို့ ရေမလုံလောက်ကြပါဘူး။ ( ရေချိုးဖို့ထက် ရေသောက်ဖို့က ပိုအရေးကြီးနေပါတယ် )

2.တောင်ပေါ်တိုင်းရင်းသားများဟာ ဘဝရပ်တည်ဖို့အတွက် စားဝတ်နေရေး အရမ်းခက်ခဲကြပါတယ်… မနက်စောစော နေမထွက်ခင် တောင်ယာဆီကို ၂-၃ နာရီလောက်ခြေကျင်လျှောက်ပြီးသွားကြရပါတယ်…။

တစ်နေကုန်တောင်ယာလုပ်ပြီး ညမိုးချုက်မှ အိမ်ပြန်လာတော့ စားသောက်ဖို့လုပ်ရပါတယ်…မိုးလည်းချုပ်ပြီမို့လို့ ရေမချိုုးဖြစ်ကြတော့ဘူး… တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ဆောင်းတွင်းဆိုရင်လည်းအရမ်းအေးပါတယ်…( ဒီညရေချိုးပြီးရင်လည်း နောက်နေ့တစ်နေကုန် တောင်ယာသွားရမှာဆိုတော့ ဘာမှသိပ်လည်းမထူးသလို) လိုအပ်ချက်တွေလည်းများစွာရှိကြလို့ နိစ္စဓူဝအလုပ်ထဲမှာ ရေချိုးခြင်းအလုပ်ထက် တစ်နေကုန်တောင်ယာသွားပြီး တောင်ယာပေါက်နေရတဲ့အလုပ်က သူတို့အတွက် ပိုအရေးကြီးနေပါတယ်…( ရေမချိုးကြတာ ဒီရွာလေးတွေကတော့ တစ်ခြားရွာတွေထက်ပိုဆိုးတယ် လို့တော့ ပြောလို့ရပါတယ် )

3.တောင်ပေါ်ဒေသမှာ ဘယ်ရွာဖြစ်ဖြစ် ကလေးလည်းများပါတယ်… လူကြီးတွေက တစ်နေကုန်တောင်ယာသွားပြီး အဖိုးအဖွားတွေနဲ့ပဲထားခဲ့တာရှိသလို..ကလေးအချင်းချင်းပဲ ပြန်ထိန်းနေကြတာလည်း အများကြီးရှိပါတယ်… မိမိကလေးတွေကို ငယ်စဉ်ကတည်းက အခြေအနေအရ သေချာပြုစု ရေချိုးပေးနိုင်ခြင်းမရှိတော့ ကလေးတွေကလည်း ငယ်စဉ်ကတည်းက ရေချိုးတဲ့အလေ့အထ သိပ်မရှိကြတော့ပါဘူး…။

4.တစ်ကိုယ်ရေသန့်ရှင်းမှု အသိပညာလည်းနည်းပါးကြပါတယ်…တောင်ပေါ်ဒေသမှ များသောအားဖြင့် resistance ကောင်းကြတယ်… တောင်ပေါ်ကလေးတွေ ဖျားနာတာသိပ်မရှိတတ်ကြဘူး..တောင်ပေါ်သားများဟာ အမောလည်းခံနိုင်ကြတယ်… သန်ကောင်တွေယောက်တိုင်းလိုလိုရှိတတ်ကြပေမယ့် ဖျားနာမှုတွေလည်းသိပ်မရှိတော့ သူတို့ရေချိုးခြင်း. မချိုးခြင်းဟာ နေကောင်းခြင်းမကောင်းခြင်းနဲ့ မသက်ဆိုင်သလိုပဲတွေးမိကောင်း တွေးမိပါလိမ့်မယ်…။

ဒါကြောင့် သတင်းမီဒီယာတွေရေးတင်ထားကြသလို “အဲန်လူမျိုးများဟာ ရေမချိုးတဲ့လူမျိုးစုတွေ” ဆိုတဲ့အချက်က အရမ်းကိုမှားပါတယ်… ။ မြို့နဲ့နီးတဲ့တစ်ခြား အဲန်ရွာတွေမှာ ရေချိုးကြပါတယ်လို့ ပြောပါရစေရှင်…။

နောက်အချက်တစ်ခုက တောင်ပေါ်ရွာတွေမှာ ကလေးများစွာရှိလို့ ကျွန်မတို့အဖွဲ့အနေနဲ့ သားဆက်ခြားခြင်းအမျိုးမျိုးကို အသိပညာပေးခဲ့ပါတယ်… သားဆက်ခြားခြင်းအမျိုးမျိုးရှိတာမှန်ပေမယ့် တစ်ခြား invasive methods တွေဟာ သူတို့အခြေအနေနဲ့ အဆင်ပြေမှုမရှိတာကြောင့် ( ကျွန်မတို့အနေနဲ့လည်း လုပ်ပေးနိုင်ခြင်းမရှိတာကြောင့် ) နည်းလမ်းအမျိုးမျိုးကို အသိပေးဟောပြောခဲ့ပြီး အရိုးရှင်းဆုံးနည်းလမ်းဖြစ်တဲ့ condom ကို စမ်းသုံးကြည့်ဖို့ပေးခဲ့တာပါ. ( တစ်ချို့လည်းသုံးလခံဆေးတွေ ထိုးဖူးတဲ့သူရှိပေမယ့် သုံးလတစ်ခါ တောင်အောက်ဆင်းထိုးဖို့ဆိုတာမလွယ်ကူပါဘူး ) condom ကိုမမြင်ဖူး. မကြားဖူးတာကတော့ ဒီရွာတစ်ခုတဲ့မဟုတ်ပါဘူး တောင်ပေါ်ရွာတိုင်းလိုလိုမသိကြပါဘူးရှင့်…သိတဲ့သူနည်းပါတယ်…။

အခုကိစ္စဟာ ရိုးသားလွန်းတဲ့ အဲန်မျိုးနွယ်စုကိုသိက္ခာချနေသလိုသလိုပဲဖြစ်နေတာကြာင့် ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းများကို လေးစားအားကိုးစွာနဲ့ အကူအညီတောင်းပါရစေ…။

ကျွန်မရဲ့ Post လေးကို တတ်နိုင်သလောက်လေး ပြန်လည်မျှဝေပေးကြပါဦးရှင်…။ အမြင်မှားနေတဲ့ သူတွေကို သတင်းမှားဖြစ်ပါကြောင်း အသိပေးပါရစေရှင်…။

P.S – ကျိုင်းတုံမြို့ ပင်းတောက်ကျေးရွာအုပ်စု အဲန်တိုင်းရင်းသားများနေထိုက်ရာ ဝမ်နောင်. တင်ထပ် နဲ့ ဝမ်ခါမ်း ကျေးရွာများဟာ ရေအခက်အခဲရှိကြောင်း ရွာသူကြီးမှတစ်ဆင့် သိရှိရလို့ ရေအခက်အခဲပြေလည်အောင် ကူညီပေးဖို့ စဉ်းစားထားပါတယ်။

အကောင်အထည်ဖေါ်မယ့် အသေးစိတ်အချက်အလက်များကို ပြန်လည်တင်ပြပါ့မယ်… ပါဝင်ကုသိုလ်ယူလိုသူ အလှူရှင်များကို ဖိတ်ခေါ်ပါတယ်ရှင်…။ အခုလောလောဆယ်တော့ ကျွန်မကို ကူညီတဲ့အနေနဲ့ ဒီ post လေးကို မျှဝေပေးကြပါဦးနော်,..

အသေးစိတ် သိလိုပါက ကျွန်မဆီကို ဆက်သွယ်နိုင်ပါတယ်ရှင်

နန်းမားလားဝမ်း – 09 428211376