1 130
မိတ်​​ဆွေ တို့က ​ရေ​လောင်း ဂရုစိုက်​​ပေးပါ​နော်
1 129
2 24
4 9
Unicode
​ရေ​လောင်​း​ပေးဖို့ပဲ တာဝန်​ယူပါ
ကိုယ်​့​နေအိမ်​ ရပ်​ကွက်​ မှာ အရိပ်​ရအပင်​ စိုက်​ကြမလား အခမဲ့ Green Mandalay အဖွဲ့က အခမဲ့ လာစိုက်​​ပေးပါ့မယ်​
မိတ်​​ဆွေ တို့က ​ရေ​လောင်​း ဂရုစိုက်​​ပေးပါ​နော
ကျွန်​​တော်​တို့ ပန်​းပျိုးသူက ကိုထွဋ်​ တို့အဖွဲ့က Green Mandalay ဆိုပြီး အပင်​​တွေ လိုက်​စိုက်​​ပေး​နေပါတယ်​။
Green Mandalay အဖွဲ့က စ​နေ တနင်္ဂ​နွေ အပတ်​တိုင်​း
၁။ အပင်စိုက်မယ့်ရပ်ကွက်မှာ survey အရင်သွားကောက်ပါတယ်။
အပင်စိုက်ချင်တဲ့ဆန္ဒရှိ မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မလား အဓိကမေးပါတယ်။ ကျန်တာအကုန် အဖွဲ့ကတာဝန်ယူလုပ်ပေးပါတယ်
၂။ ပျိုးပင်အသက် ၅နှစ်သားရှိတဲ့ ပျိုးပင်တွေကို မန်းစည်ပင်ကပေးပါတယ်။
အရိပ်ရအပင်တွေပဲ ပေးတာပါ အလှစိုက်အပင်တွေ မရပါဘူး။
ကျန်တဲ့လိုအပ်တဲ့ပစ္စည်းများကို အများအလှူငွေ အသင်းရန်ပုံငွေကနေ ဝယ်ယူသုံးစွဲပါတယ်
၃။ survey ကောက်ပြီးရင် နောက်တစ်ပတ်မှာ ကျင်းတူးပြီးတော့ မြေဆွေးထည့် ရေလောင်းပြီးနှပ်ထားပါတယ်။
နောက်တစ်ပတ်ကျမှ အပင်ကိုစိုက်ပါတယ်။ အပင်စိုက်ပြီးရင် အပတ်စဉ် လိုက်ပြီး စစ်ဆေးဖို့ အဖွဲ့ဖွဲ့ထားပါတယ်။ သေသွားတဲ့အပင်ရှိရင် အစားပြန်စိုက်ပေးပါတယ်​​နော
မိတ်​​ဆွေတို့လည်​း ပန်​းပျိုးသူ တို့ Green Mandalay အဖွဲ့နဲ့ အတူပါဝင်​ပြီး အရိပ်ရအပင် ပျိုးပင်များလှူဒါန်းလို့ရပါတယ်။
မြေဆွေး မြေသြဇာလှူဒါန်းလို့ရပါတယ်။ လုပ်အားကူညီလို့လည်းရပါတယ်။
အပင်စိုက်ရန်စိတ်ဝင်စားသူများ လုပ်အားကူညီချင်သူများ လာရောက်ပူးပေါင်းနိုင်ပါတယ်နော်။
မိမိတို့ရပ်ကွက်အတွင်းမှာ အရိပ်ရသစ်ပင်စိုက်ချင်ကြသူများလည်း ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်နိုင်ပါတယ်။
အတူပူး​ပေါင်​း ပါဝင်​လိုပါက ဆက်သွယ်ရန် – 09976864701 09964888870
Facebook Comments