1 125

ျပင္သစ္ႏိုင္ငံ Nantes ၿမိဳ႕မွာ ေလာေလာဆယ္ က်င္းပေနတဲ့ အျပည္ျပည္ဆိုင္ရာ လူမႈ ဘဝနဲ႔ ပန္းမန္ ျပပြဲအတြက္ ကမာၻႏိုင္ငံ အသီးသီးက ျပခန္းေပါင္း ၂၀၀ ေက်ာ္မွာ ျမန္မာ ျပခန္းလည္းပါဝင္ ပါတယ္။ Nantes ၿမိဳ႕မွာ ၁၉၄၀ ခုႏွစ္က စတင္ၿပီး ၅ ႏွစ္တစ္ႀကိမ္ က်င္းပတဲ့ ဒီပြဲေတာ္ကို ၿမိဳ႕ေတာ္ဝန္က ကမကထလုပ္တာ ျဖစ္တယ္။

ေမလ ၈ ရက္ကေန ၁၉ ရက္ေန႔ အထိ ျပခန္းေတြကို ျပသထားမွာပါ။

1 124

ျမန္မာ ျပခန္းကို တာဝန္ယူ စီစဥ္ ျပသသူကေတာ့ I Love Myanmar ပရဟိတ အဖြဲ႕ကို ထူေထာင္တဲ့ ခ်င္းတိုင္းရင္းသူ ေဒၚလီဗီ ဆပ္ႏိုင္ထန္း ျဖစ္ပါတယ္။ သူ႔ကို မေလေျပ လို႔လည္း ေခၚၾကပါတယ္။ သူက သူ႔ဘဝကို ျမန္မာႏိုင္ငံအတြက္ ေပးဆပ္ထားသူလို႔ ခံယူထားၿပီး အခုျပခန္းအတြက္လည္း ကိုယ္ပိုင္ေငြ ေဒၚလာ ႏွစ္ေသာင္းခြဲ အကုန္အက်ခံ ျပဳလုပ္ထားတာလို႔ ဆိုပါတယ္။

အလ်ား ေပ ၂၀၀၊ အနံေပ ၅၀ ေလာက္ ရွိတဲ့ ျမန္မာ ျပခန္းမွာ အခုတေလာ လူေတြ စိတ္ဝင္တစား ေျပာဆိုေနၾကတဲ့ ျမစ္ဆုံေဒသက ေမခ၊ မလိခ ျမစ္ေတြရဲ႕ ပုံစံေတြ၊ ျမန္မာႏိုင္ငံကို ျပည္ပက ခရီးသည္ေတြ လာေရာက္ဖို႔ စိတ္ဝင္စားႏိုင္တဲ့ ေနရာေတြ ျဖစ္တဲ့ အင္းေလးကန္နဲ႔ ခ်င္းျပည္နယ္က ရိဒ္ ေရကန္ ပုံသ႑ာန္ေတြကို တကယ့္ သစ္ပင္ေတြ၊ ပန္းေတြ၊ ပစၥည္း အစစ္ေတြနဲ႔ ပုံေဖာ္ ဖန္တီးထားတယ္လို႔ ေဒၚလီဗီက ေျပာပါတယ္။

2 22

ဒါ့အျပင္ ကခ်င္၊ ခ်င္း အာခါ စတဲ့ တိုင္းရင္းသား လူမ်ိဳးေတြရဲ႕ တိုင္းရင္းသား အဝတ္အထည္ ေတြကို ျပသထားရာမွာ လူေတြ စိတ္ဝင္စားၾကတယ္လို႔ သူက ေျပာပါတယ္။ တိုင္းရင္းသား ဝတ္စုံ ျပသရာမွာ ကခ်င္ တိုင္းရင္းသား ဝတ္စုံကို ေ႐ြးခ်ယ္ခဲ့ၿပီး ေခါင္းမွာေတာ့ ခ်င္းတိုင္းရင္းသားေတြရဲ႕ သရဖူက လွတဲ့ အတြက္ အဲဒါကို သုံးထားတယ္လို႔ ေဒၚလီဗီက ေျပာပါတယ္။ Nantes ၿမိဳ႕မွာ ျပထားတဲ့ ျမန္မာ ျပခန္းကို လူေတြ အမ်ားႀကီး စိတ္ဝင္တစား လာၾကည့္ၾကတာ ေတြ႕ရပါတယ္။

ၿမိဳ႕ေတာ္ဝန္က အခုလို ႏိုင္ငံတကာကို ဖိတ္ၾကားၿပီး ျပခန္းေတြ လုပ္တာဟာ တနည္းအားျဖင့္ သူ႔ၿမိဳ႕ကို ကမာၻလွည့္ ခရီးသည္ေတြ ပိုသိေအာင္ လာလည္ၾကေအာင္ လုပ္ေဆာင္တာ ျဖစ္ၿပီး သူ႔အေနနဲ႔လည္း ျမန္မာႏိုင္ငံမွာ တျခားႏိုင္ငံက ျပခန္းေတြကို အခုလို ဖိတ္ေခၚၿပီး လူသိမ်ားေအာင္ ျမႇင့္တင္ခ်င္တယ္လို႔ ေဒၚလီဗီက ေျပာခဲ့ပါတယ္။

3 14

ျပင္သစ္ႏိုင္ငံမွာ ျပထားတဲ့ ျမန္မာ ျပခန္းကို တူရကီႏိုင္ငံ အိုနီကစ္စူဘတ္ (Onikisubat) ၿမိဳ႕ေတာ္ဝန္ ကိုယ္တိုင္ ေမလ ၁၆ ရက္ ၾကာသပေတးေန႔မွာ လာေရာက္ ၾကည့္ရႈ အားေပးတယ္လို႔ သူက ဆိုပါတယ္။ လာမယ့္ ၂၀၂၃ ခုႏွစ္ တူရကီမွာ က်င္းပမယ့္ လူေနမႈ ဓေလ့ ပန္းမန္ ျပပြဲကို ျမန္မာ ပါဝင္ဖို႔ ဖိတ္ေခၚတဲ့ လက္မွတ္ထိုးပြဲကိုလည္း Nantes ၿမိဳ႕ ျမန္မာျပခန္းမွာ ျပဳလုပ္ခဲ့ ပါတယ္။ မၾကာေသးခင္က ထိုင္ဝမ္မွာ က်င္းပတဲ့ ပန္းၿခံ ျပပြဲမွာလည္း ျမန္မာ့ ဥယ်ာဥ္ ပန္းၿခံျပခန္းကို ၆ လၾကာ ပါဝင္ ျပသခဲ့ပါတယ္။

ေဒၚလီဗီ အေၾကာင္း တေစ့တေစာင္း

4 7

ေဒၚလီဗီက အေမရိကန္ ျပည္ေထာင္စုမွာ ၁၈ ႏွစ္ၾကာ ေနထိုင္ေနသူျဖစ္ၿပီး I Love Myanmar ပရဟိတ အဖြဲ႕ကို တည္ေထာင္ထားသူလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၀၈ ခုႏွစ္က နာဂစ္ မုန္တိုင္းဒဏ္ ခံခဲ့ရတဲ့ ေဒသကို ကိုယ္တိုင္ သြားေရာက္ၿပီး ကူညီ ကယ္ဆယ္ေရး လုပ္ငန္းေတြ လုပ္ေဆာင္ရင္း သူနဲ႔အတူပါလာတဲ့ ၁၁ လသား အ႐ြယ္ သမီးငယ္ေလး ဆုံးပါးခဲ့ရပါတယ္။

နာဂစ္ၿပီးခါစ အခ်ိန္က သူတည္ေထာင္ထားတဲ့ I Love Myanmar အဖြဲ႕က မုန္တိုင္းသင့္ ေဒသမွာ ပရဟိတ အဖြဲ႕ အစည္းအေနနဲ႔ အကူအညီ ေပးခဲ့တယ္လို႔ သူက ဆိုပါတယ္။ ဒါေပမဲ့ ပရဟိတ အဖြဲ႕ အေနနဲ႔ မွတ္ပုံတင္ခြင့္ မရလို႔ ကုမၸဏီ အေနနဲ႔ မွတ္ပုံတင္ခဲ့ရ ပါတယ္။

5 5

အခုေတာ့ ျပည္တြင္းမွာ ပရဟိတ အဖြဲ႕အစည္းေတြ အမ်ိဳးမ်ိဳး ေပၚလာၿပီျဖစ္လို႔ သူ႔အေနနဲ႔ ျပည္တြင္းကို အဓိကထား ကူညီစရာမလိုေတာ့တဲ့ အတြက္ ျပည္ပမွာ ျမန္မာ ကို ကမာၻက သိေအာင္ သူ စြမ္းေဆာင္နိင္တဲ့ နည္းလမ္းနဲ႔ ႀကိဳးပမ္း ေဆာင္႐ြက္ေနတယ္လို႔ ေဒၚလီဗီက ေျပာခဲ့ပါတယ္။

Ref: BBC

Unicode

ပြင်သစ်နိုင်ငံ Nantes မြို့မှာ လောလောဆယ် ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ လူမှု ဘဝနဲ့ ပန်းမန် ပြပွဲအတွက် ကမ္ဘာနိုင်ငံ အသီးသီးက ပြခန်းပေါင်း ၂၀၀ ကျော်မှာ မြန်မာ ပြခန်းလည်းပါဝင် ပါတယ်။ Nantes မြို့မှာ ၁၉၄၀ ခုနှစ်က စတင်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီပွဲတော်ကို မြို့တော်ဝန်က ကမကထလုပ်တာ ဖြစ်တယ်။

မေလ ၈ ရက်ကနေ ၁၉ ရက်နေ့ အထိ ပြခန်းတွေကို ပြသထားမှာပါ။

မြန်မာ ပြခန်းကို တာဝန်ယူ စီစဉ် ပြသသူကတော့ I Love Myanmar ပရဟိတ အဖွဲ့ကို ထူထောင်တဲ့ ချင်းတိုင်းရင်းသူ ဒေါ်လီဗီ ဆပ်နိုင်ထန်း ဖြစ်ပါတယ်။ သူ့ကို မလေပြေ လို့လည်း ခေါ်ကြပါတယ်။ သူက သူ့ဘဝကို မြန်မာနိုင်ငံအတွက် ပေးဆပ်ထားသူလို့ ခံယူထားပြီး အခုပြခန်းအတွက်လည်း ကိုယ်ပိုင်ငွေ ဒေါ်လာ နှစ်သောင်းခွဲ အကုန်အကျခံ ပြုလုပ်ထားတာလို့ ဆိုပါတယ်။

အလျား ပေ ၂၀၀၊ အနံပေ ၅၀ လောက် ရှိတဲ့ မြန်မာ ပြခန်းမှာ အခုတလော လူတွေ စိတ်ဝင်တစား ပြောဆိုနေကြတဲ့ မြစ်ဆုံဒေသက မေခ၊ မလိခ မြစ်တွေရဲ့ ပုံစံတွေ၊ မြန်မာနိုင်ငံကို ပြည်ပက ခရီးသည်တွေ လာရောက်ဖို့ စိတ်ဝင်စားနိုင်တဲ့ နေရာတွေ ဖြစ်တဲ့ အင်းလေးကန်နဲ့ ချင်းပြည်နယ်က ရိဒ် ရေကန် ပုံသဏ္ဍာန်တွေကို တကယ့် သစ်ပင်တွေ၊ ပန်းတွေ၊ ပစ္စည်း အစစ်တွေနဲ့ ပုံဖော် ဖန်တီးထားတယ်လို့ ဒေါ်လီဗီက ပြောပါတယ်။

ဒါ့အပြင် ကချင်၊ ချင်း အာခါ စတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ တိုင်းရင်းသား အဝတ်အထည် တွေကို ပြသထားရာမှာ လူတွေ စိတ်ဝင်စားကြတယ်လို့ သူက ပြောပါတယ်။ တိုင်းရင်းသား ဝတ်စုံ ပြသရာမှာ ကချင် တိုင်းရင်းသား ဝတ်စုံကို ရွေးချယ်ခဲ့ပြီး ခေါင်းမှာတော့ ချင်းတိုင်းရင်းသားတွေရဲ့ သရဖူက လှတဲ့ အတွက် အဲဒါကို သုံးထားတယ်လို့ ဒေါ်လီဗီက ပြောပါတယ်။ Nantes မြို့မှာ ပြထားတဲ့ မြန်မာ ပြခန်းကို လူတွေ အများကြီး စိတ်ဝင်တစား လာကြည့်ကြတာ တွေ့ရပါတယ်။

မြို့တော်ဝန်က အခုလို နိုင်ငံတကာကို ဖိတ်ကြားပြီး ပြခန်းတွေ လုပ်တာဟာ တနည်းအားဖြင့် သူ့မြို့ကို ကမ္ဘာလှည့် ခရီးသည်တွေ ပိုသိအောင် လာလည်ကြအောင် လုပ်ဆောင်တာ ဖြစ်ပြီး သူ့အနေနဲ့လည်း မြန်မာနိုင်ငံမှာ တခြားနိုင်ငံက ပြခန်းတွေကို အခုလို ဖိတ်ခေါ်ပြီး လူသိများအောင် မြှင့်တင်ချင်တယ်လို့ ဒေါ်လီဗီက ပြောခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြထားတဲ့ မြန်မာ ပြခန်းကို တူရကီနိုင်ငံ အိုနီကစ်စူဘတ် (Onikisubat) မြို့တော်ဝန် ကိုယ်တိုင် မေလ ၁၆ ရက် ကြာသပတေးနေ့မှာ လာရောက် ကြည့်ရှု အားပေးတယ်လို့ သူက ဆိုပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် တူရကီမှာ ကျင်းပမယ့် လူနေမှု ဓလေ့ ပန်းမန် ပြပွဲကို မြန်မာ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့ လက်မှတ်ထိုးပွဲကိုလည်း Nantes မြို့ မြန်မာပြခန်းမှာ ပြုလုပ်ခဲ့ ပါတယ်။ မကြာသေးခင်က ထိုင်ဝမ်မှာ ကျင်းပတဲ့ ပန်းခြံ ပြပွဲမှာလည်း မြန်မာ့ ဥယျာဉ် ပန်းခြံပြခန်းကို ၆ လကြာ ပါဝင် ပြသခဲ့ပါတယ်။

ဒေါ်လီဗီ အကြောင်း တစေ့တစောင်း

ဒေါ်လီဗီက အမေရိကန် ပြည်ထောင်စုမှာ ၁၈ နှစ်ကြာ နေထိုင်နေသူဖြစ်ပြီး I Love Myanmar ပရဟိတ အဖွဲ့ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသကို ကိုယ်တိုင် သွားရောက်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရင်း သူနဲ့အတူပါလာတဲ့ ၁၁ လသား အရွယ် သမီးငယ်လေး ဆုံးပါးခဲ့ရပါတယ်။

နာဂစ်ပြီးခါစ အချိန်က သူတည်ထောင်ထားတဲ့ I Love Myanmar အဖွဲ့က မုန်တိုင်းသင့် ဒေသမှာ ပရဟိတ အဖွဲ့ အစည်းအနေနဲ့ အကူအညီ ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပရဟိတ အဖွဲ့ အနေနဲ့ မှတ်ပုံတင်ခွင့် မရလို့ ကုမ္ပဏီ အနေနဲ့ မှတ်ပုံတင်ခဲ့ရ ပါတယ်။

အခုတော့ ပြည်တွင်းမှာ ပရဟိတ အဖွဲ့အစည်းတွေ အမျိုးမျိုး ပေါ်လာပြီဖြစ်လို့ သူ့အနေနဲ့ ပြည်တွင်းကို အဓိကထား ကူညီစရာမလိုတော့တဲ့ အတွက် ပြည်ပမှာ မြန်မာ ကို ကမ္ဘာက သိအောင် သူ စွမ်းဆောင်နိင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ဒေါ်လီဗီက ပြောခဲ့ပါတယ်။

Ref: BBC

Facebook Comments