ကို ဗစ်ကာလအတွင်း မဖြစ်မနေရုံးသွားရမယ်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ
အိ မ်အပြင်သို့ ထွက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် Face Shield တို့ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားပါ။
နာရီနဲ့ အခြားသော accessories များကို အိမ်မှာပဲ ချွတ်ထားခဲ့ပါ။ မိန်းကလေးများအနေဖြင့် ဆံပ င်ကို သေချာစုစည်းသွားပါ။
ရုံးအတွင်းသို့ မဝင်မီ ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စက္ကန့် (၂၀) ကြာအောင် လက်ဆေးပါ။
ရုံးဝင်ပေါက်နေရာများတွင် Non-touch thermometer အသုံးပြု၍ ကိုယ်အပူချိန်တိုင်းပါ။ ပုံမှန်ကိုယ်အပူချိန် (၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်အောက်) ရှိမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ပါ။
ကိုယ့်စားပွဲပေါ်က နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို သီးသန့်ထားပြီး မကြာခဏ သန့်ရှင်းရေးလုပ်ပါ။
လုပ်ငန်းခွင်၌ ဝန်ထမ်းတစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေခွာ၍ အလုပ်လုပ်ပါ။ အများသုံးပစ္စည်းတွေ ကိုင်ပြီးတိုင်း လက်ဆေးပါ။
အယ်လ်ကိုဟော အနည်းဆုံး (၆၀)% ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည်ကို အမြဲ ဆောင်ထားပါ။
ဆင်းဒန့်ပလပ်စ်ချစ်သူတို့လည်း ကုသခြင်းထက် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်လို့ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေပါ။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ လမ်းညွှန်ချက်များကို လိုက်နာ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါ။
မမြင်နိုင်သော virus အန္တရာယ်ကို လက်ဆေးခြင်းမှ စ၍ ကာကွယ်ပါ။ SyndentPlusDentalGel
Zawgyi