နေထိုင်စားသောက်ရေး ကိစ္စ အဝဝကို ကျခံပေးသွားမည်ဟု ဦးဇော်ဇော်ပြော
ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး
ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီး တည်ဆောက်လျက်ရှိပါတယ်။
ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး
တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်ပါတယ်။
ထို့အတူ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးရဲ့ နေထိုင်စားသောက်ရေး ကိစ္စ အဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
Zawgyi
ေနထိုင္စားေသာက္ေရး ကိစၥ အဝဝကို က်ခံေပးသြားမည္ဟု ဦးေဇာ္ေဇာ္ေျပာ
ကိုဗစ္-၁၉ ဒုတိယလႈိင္းမွာ လူနာေတြ မ်ားျပားလာတာေၾကာင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး
ယာယီ Quarantine Center တစ္ခုကို သုဝဏၰ ျမက္ခင္းတု အားကစားကြင္းမွာ (၅)ရက္အတြင္း အၿပီး တည္ေဆာက္လ်က္ရွိပါတယ္။
ပထမအဆင့္ အေနနဲ႔ လူ(၂၀၀)ထားရွိႏိုင္ဖို႔ ေဆာင္႐ြက္ေနတာျဖစ္ၿပီး လူဦးေရ (၄၀၀)အထိ တိုးခ်ဲ႕ထားရွိႏိုင္ဖို႔ကိုလည္း အစီအစဥ္ ေရးဆြဲ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။
က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ကုသေရးကိစၥ အဝဝကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေဆာင္႐ြက္သြားမွာ ျဖစ္ၿပီး
တည္ေဆာက္ေရး၊ ေနေရးထိုင္ေရးနဲ႔ ေန႔စဥ္ အစားအေသာက္ ကုန္က်စရိတ္ အားလုံးကိုေတာ့ ဧရာဝတီ ေဖာင္ေဒးရွင္းက က်ခံေပးသြားမွာ ျဖစ္ပါတယ္။
ထို႔အတူ လာေရာက္ တာဝန္ထမ္းေဆာင္ၾကမယ့္ က်န္းမာေရးဝန္ထမ္းမ်ားနဲ႔ ေစတနာ့ဝန္ထမ္းေတြ အားလုံးရဲ႕ ေနထိုင္စားေသာက္ေရး ကိစၥ အဝဝကိုလည္း စီမံ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။