ကိုယ်တိုင် Lock down ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးပါ

Lock down အတွေ့အကြုံလေးပါ

အလှူရှင်တွေ လာတဲ့အခါ ခံစားရတဲ့ ခံစားချက်ကို ကောင်းကောင်းသိသွားပြီ အရင်ကဆို ကိုယ်ကသာ သွားလှူဖူးတာလေ

အခုတော့ ကိုယ့်ကို လာလှူတဲ့လူတွေ ပြန်ကြုံဖူးရပြီ ဘယ်လို ဝမ်းသာသလဲဆိုတာရယ်၊ ဘယ်လောက်ကျေးဇူးတင်လဲ ဆိုတာရယ်က ပြောမပြတတ်အောင်ပဲ

တကယ်ပါ ကိုယ်တွေတိုက်ရဲ့ ပထမထပ်က ၂ ယောက် positive ထွက်တော့ ညတွင်းချင်းပဲ တစ်တိုက်လုံးကို Lock down ချပစ်လိုက်တယ်

၂၁ ရက်တိတိ တိုက်အောက်ကို မဆင်းရဘူး။ ရုံးတွေ၊ ကျောင်းတွေမသွားရတော့ဘူးဆိုတာ သိတဲ့အချိန်မှာ အလန့်တကြားနဲ့ မီးဖိုခန်းထဲ ပြေးကြည့်မိတယ်

အဲ့ဒီအချိန် ကိုယ့်အိမ်မှာ ဆန်၊ဆီ၊ဆားကတော့ ပြည့်စုံနေပေမယ့် ကုန်ခြောက်ဆိုလို့ ကြက်ဥ ၅ လုံး၊ ငါး သေတ္တာ ၅ ဘူးနဲ့ ခေါက်ဆွဲ ၆ ထုပ်ပဲရှိတယ်။

အဲဒီညနေက ကိုယ်လည်း city mart သွားထားပေမယ့် panic buying မလုပ်ထားခဲ့ဘူးလေ အမြဲ ၁ ပတ်စာပဲ ဝယ်နေကျမို့ ဟင်းတွေလည်း ၁ ပတ်စာပဲရှိ‌ေနတယ်

ခုတော့ ၂၁ ရက်ကို ဘယ်လိုလောက်အောင် စားရပါ့မလဲပေါ့နော် အဓိကကတော့ သောက်ရေပဲ ရေက တစ်ဗူးပဲကျန်နေတယ် ကျန် ၅ဘူးက အလွတ်တွေ ရေကို ကြိုမှာမထားမိခဲ့တာလည်း အမှားပဲ

အဲ့ညက စိတ်ပူလို့ တစ်ညလုံး အိပ်လို့ကို မပျော်ဘူး ခက်တာက အိမ်ထဲက ဘယ်ပစ္စည်းမှ အပြင်ထုတ်လို့မရတာပဲ။ အပြင်ကပစ္စည်းကို ယူလို့ရပေမယ့် အိမ်ထဲက ပိုက်ဆံကို အပြင်ပေးလို့မရဘူးလေ

အဲ့တော့ ပိုက်ဆံရှိနေရင်တောင် ဝယ်စားလို့မရတဲ့အခြေအနေပေါ့ လုံခြုံရေးတွေကလည်း တိုက်အောက်မှာ စောင့်နေတယ်လေ

၂ ရက်မြောက်လောက်မှာတော့ ညီမလေးတစ်ယောက်က ရိက္ခာအခြောက်တွေရယ်၊ သူကိုယ်တိုင်လုပ်ထားတဲ့ မာလာရှမ်းကောရယ် လာပို့ပေးတယ်

အစောင့်ရဲကတဆင့် ပြန်ပေးပေးတာပေါ့နော် ကိုယ်တွေမှာလေ ဘယ်လိုကျေးဇူးတင်ပြီး ဝမ်းသာမိမှန်းမသိဘူး စားနေရင်းလည်း ညီမလေးကို ဆုတွေပေးရတာ အမော။

ရိက္ခာလေးနည်းနည်း ရှိလာတော့ စိတ်လည်း အေးသွားတယ်။ ကူညီမယ့်သူရှိတာ တော်သေးတာပေါ့ဆိုပြီး။

နောက်ရက်ကျလည်း လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ဆန်၊ဆီ၊ဆား၊ ကြက်ဥကစ ဆေးတွေ၊ mask တွေ၊ အကြော်အလှော်တွေ အထိပါ လာပေးပြန်ရော။

လမ်းထဲက မုန်းဟင်းခါးရောင်းတဲ့ အဒေါ်ကြီးကလည်း မုန့်ဟင်းခါးလေးတွေ ထုတ်ပြီး မနက်အစောကြီး လာလှူပေးသေးတယ်။

မုန့်ဟင်းခါးတစ်ပွဲဟာ ကိုယ်တိုင်ဝယ်စားလို့ မရတဲ့အချိန်မှာကျ တန်ဖိုးရှိလိုက်တာ။ အခြောက်တွေချည်းစားနေရတဲ့အချိန်မှာ မုန့်အစိုလေးစားရတော့ အရသာကိုရှိနေရော။

စားနေရင်း စျေးရောင်းကောင်းပါစေ ဘာညာ ဆုတွေ အများကြီး ပေးမိသေးတယ်။

အခုနောက်ပိုင်း လူသားအချင်းချင်း sharing လုပ်ပြီး မျှဝေသုံးစွဲကြတဲ့အကျင့်လေးတွေကို သိပ်သဘောကျတာပါပဲ။ ကိုယ် အဆင်ပြေတဲ့အချိန် ကိုယ်က ပေးပြီး ကိုယ်ခက်ခဲနေတဲ့အချိန် ပြန်ယူရတာပါပဲ။

လူသားအချင်းချင်း အပြန်အလှန် ကူညီဖေးမ ပေးကြတဲ့ စိတ်လေးကို ချစ်လိုက်တာ။

ပြောချင်တာကတော့လေ ကိုယ့်အနီးအနားမှာဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေတွေထဲမှာ ဖြစ်ဖြစ် lock down မိနေတာတို့၊ Home Quarantine ဝင်နေရတာတို့၊

Hospital Quarantine ဝင်နေရတာတို့များရှိရင် တတ်နိုင်သလောက်လေး သွားရောက် ကူညီပေးကြပါလို့။

ရေသန့်လေး တစ်ဘူး၊ ခေါက်ဆွဲတစ်ထုတ်ကလည်း သူတို့အတွက် တကယ် အဖိုးမဖြတ်နိုင်တဲ့ ကူညီမှုပါ။

ကျနော်ကတော့ ကျနော်တို့ကို လာကူညီလှူဒါန်းပေးကြတဲ့ ၊ အဝေးကနေ ဘာလိုလဲ မေးပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင် မေတ္တာပို့နေမိတုန်းပါပဲ။ ဘယ်တော့မှ မမေ့မယ့် ခံစားချက်ပါ။

(အခုတော့lock down မိတာ ၁ ပတ်လောက်ရှိပြီး လူလည်း နေကောင်းနေတယ်၊ ရိက္ခာတွေလည်း ပြည့်စုံနေပြီမို့ အေးဆေး စာရေးပြောနိုင်တာပါ )

ကိုယ်တိုင် lock down ပြေသွားတဲ့အခါလည်း လိုအပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ပြန်ကူညီပေးဦးမှာပါ။

ကျနော်တို့မှာလည်း လူသားအချင်းချင်း ဖေးမကူညီ လက်တွဲသွားပေးရုံကလွဲ တခြားလည်း လုပ်နိုင်တာ မရှိတော့ဘူး မဟုတ်လား?

လူသား အားလုံး ကျန်းမာ ပျော်ရွှင် အဆင်ပြေ ကြပါစေ

Hpraw San FB

Zawgyi

Lock down အေတြ႕အႀကဳံေလးပါ

အလႉရွင္ေတြ လာတဲ့အခါ ခံစားရတဲ့ ခံစားခ်က္ကို ေကာင္းေကာင္းသိသြားၿပီ အရင္ကဆို ကိုယ္ကသာ သြားလႉဖူးတာေလ

အခုေတာ့ ကိုယ့္ကို လာလႉတဲ့လူေတြ ျပန္ႀကဳံဖူးရၿပီ ဘယ္လို ဝမ္းသာသလဲဆိုတာရယ္၊ ဘယ္ေလာက္ေက်းဇူးတင္လဲ ဆိုတာရယ္က ေျပာမျပတတ္ေအာင္ပဲ

တကယ္ပါ ကိုယ္ေတြတိုက္ရဲ႕ ပထမထပ္က ၂ ေယာက္ positive ထြက္ေတာ့ ညတြင္းခ်င္းပဲ တစ္တိုက္လုံးကို Lock down ခ်ပစ္လိုက္တယ္

၂၁ ရက္တိတိ တိုက္ေအာက္ကို မဆင္းရဘူး။ ႐ုံးေတြ၊ ေက်ာင္းေတြမသြားရေတာ့ဘူးဆိုတာ သိတဲ့အခ်ိန္မွာ အလန္႔တၾကားနဲ႔ မီးဖိုခန္းထဲ ေျပးၾကည့္မိတယ္

အဲ့ဒီအခ်ိန္ ကိုယ့္အိမ္မွာ ဆန္၊ဆီ၊ဆားကေတာ့ ျပည့္စုံေနေပမယ့္ ကုန္ေျခာက္ဆိုလို႔ ၾကက္ဥ ၅ လုံး၊ ငါး ေသတၱာ ၅ ဘူးနဲ႔ ေခါက္ဆြဲ ၆ ထုပ္ပဲရွိတယ္။

အဲဒီညေနက ကိုယ္လည္း city mart သြားထားေပမယ့္ panic buying မလုပ္ထားခဲ့ဘူးေလ အၿမဲ ၁ ပတ္စာပဲ ဝယ္ေနက်မို႔ ဟင္းေတြလည္း ၁ ပတ္စာပဲရွိ‌ေနတယ္

ခုေတာ့ ၂၁ ရက္ကို ဘယ္လိုေလာက္ေအာင္ စားရပါ့မလဲေပါ့ေနာ္ အဓိကကေတာ့ ေသာက္ေရပဲ ေရက တစ္ဗူးပဲက်န္ေနတယ္ က်န္ ၅ဘူးက အလြတ္ေတြ ေရကို ႀကိဳမွာမထားမိခဲ့တာလည္း အမွားပဲ

အဲ့ညက စိတ္ပူလို႔ တစ္ညလုံး အိပ္လို႔ကို မေပ်ာ္ဘူး ခက္တာက အိမ္ထဲက ဘယ္ပစၥည္းမွ အျပင္ထုတ္လို႔မရတာပဲ။ အျပင္ကပစၥည္းကို ယူလို႔ရေပမယ့္ အိမ္ထဲက ပိုက္ဆံကို အျပင္ေပးလို႔မရဘူးေလ

အဲ့ေတာ့ ပိုက္ဆံရွိေနရင္ေတာင္ ဝယ္စားလို႔မရတဲ့အေျခအေနေပါ့ လုံၿခဳံေရးေတြကလည္း တိုက္ေအာက္မွာ ေစာင့္ေနတယ္ေလ

၂ ရက္ေျမာက္ေလာက္မွာေတာ့ ညီမေလးတစ္ေယာက္က ရိကၡာအေျခာက္ေတြရယ္၊ သူကိုယ္တိုင္လုပ္ထားတဲ့ မာလာရွမ္းေကာရယ္ လာပို႔ေပးတယ္

အေစာင့္ရဲကတဆင့္ ျပန္ေပးေပးတာေပါ့ေနာ္ ကိုယ္ေတြမွာေလ ဘယ္လိုေက်းဇူးတင္ၿပီး ဝမ္းသာမိမွန္းမသိဘူး စားေနရင္းလည္း ညီမေလးကို ဆုေတြေပးရတာ အေမာ။

ရိကၡာေလးနည္းနည္း ရွိလာေတာ့ စိတ္လည္း ေအးသြားတယ္။ ကူညီမယ့္သူရွိတာ ေတာ္ေသးတာေပါ့ဆိုၿပီး။

ေနာက္ရက္က်လည္း လႈိင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္၊ အုပ္ခ်ဳပ္ေရးမႉးေတြကိုယ္တိုင္ ဆန္၊ဆီ၊ဆား၊ ၾကက္ဥကစ ေဆးေတြ၊ mask ေတြ၊ အေၾကာ္အေလွာ္ေတြ အထိပါ လာေပးျပန္ေရာ။

လမ္းထဲက မုန္းဟင္းခါးေရာင္းတဲ့ အေဒၚႀကီးကလည္း မုန္႔ဟင္းခါးေလးေတြ ထုတ္ၿပီး မနက္အေစာႀကီး လာလႉေပးေသးတယ္။

မုန္႔ဟင္းခါးတစ္ပြဲဟာ ကိုယ္တိုင္ဝယ္စားလို႔ မရတဲ့အခ်ိန္မွာက် တန္ဖိုးရွိလိုက္တာ။ အေျခာက္ေတြခ်ည္းစားေနရတဲ့အခ်ိန္မွာ မုန္႔အစိုေလးစားရေတာ့ အရသာကိုရွိေနေရာ။

စားေနရင္း ေစ်းေရာင္းေကာင္းပါေစ ဘာညာ ဆုေတြ အမ်ားႀကီး ေပးမိေသးတယ္။

အခုေနာက္ပိုင္း လူသားအခ်င္းခ်င္း sharing လုပ္ၿပီး မွ်ေဝသုံးစြဲၾကတဲ့အက်င့္ေလးေတြကို သိပ္သေဘာက်တာပါပဲ။ ကိုယ္ အဆင္ေျပတဲ့အခ်ိန္ ကိုယ္က ေပးၿပီး ကိုယ္ခက္ခဲေနတဲ့အခ်ိန္ ျပန္ယူရတာပါပဲ။

လူသားအခ်င္းခ်င္း အျပန္အလွန္ ကူညီေဖးမ ေပးၾကတဲ့ စိတ္ေလးကို ခ်စ္လိုက္တာ။

ေျပာခ်င္တာကေတာ့ေလ ကိုယ့္အနီးအနားမွာျဖစ္ျဖစ္၊ ကိုယ့္မိတ္ေဆြေတြထဲမွာ ျဖစ္ျဖစ္ lock down မိေနတာတို႔၊ Home Quarantine ဝင္ေနရတာတို႔၊

Hospital Quarantine ဝင္ေနရတာတို႔မ်ားရွိရင္ တတ္ႏိုင္သေလာက္ေလး သြားေရာက္ ကူညီေပးၾကပါလို႔။

ေရသန္႔ေလး တစ္ဘူး၊ ေခါက္ဆြဲတစ္ထုတ္ကလည္း သူတို႔အတြက္ တကယ္ အဖိုးမျဖတ္ႏိုင္တဲ့ ကူညီမႈပါ။

က်ေနာ္ကေတာ့ က်ေနာ္တို႔ကို လာကူညီလႉဒါန္းေပးၾကတဲ့ ၊ အေဝးကေန ဘာလိုလဲ ေမးေပးၾကတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ ေမတၱာပို႔ေနမိတုန္းပါပဲ။ ဘယ္ေတာ့မွ မေမ့မယ့္ ခံစားခ်က္ပါ။

(အခုေတာ့lock down မိတာ ၁ ပတ္ေလာက္ရွိၿပီး လူလည္း ေနေကာင္းေနတယ္၊ ရိကၡာေတြလည္း ျပည့္စုံေနၿပီမို႔ ေအးေဆး စာေရးေျပာႏိုင္တာပါ )

ကိုယ္တိုင္ lock down ေျပသြားတဲ့အခါလည္း လိုအပ္တဲ့ေနရာေတြကို တတ္ႏိုင္သေလာက္ ျပန္ကူညီေပးဦးမွာပါ။

က်ေနာ္တို႔မွာလည္း လူသားအခ်င္းခ်င္း ေဖးမကူညီ လက္တြဲသြားေပး႐ုံကလြဲ တျခားလည္း လုပ္ႏိုင္တာ မရွိေတာ့ဘူး မဟုတ္လား?

လူသား အားလုံး က်န္းမာ ေပ်ာ္႐ႊင္ အဆင္ေျပ ၾကပါေစ

Hpraw San FB