မန္တလေးသို့ လာမည်ဆိုပါက Facility Quarantine မိမိ စရိတ်ဖြင့် ဆောင်ရွက်ရမည်ဟုပြော ..

မန္တလေးသို့ လာမည်ဆိုပါက FQ နှင့် Swab နမူနာစစ်ဆေးခြင်း မိမိ စရိတ်ဖြင့် ဆောင်ရွက်ရမည်

မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားနေသည့် တိုင်းနှင့် ပြည်နယ်များ (ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ် ) မှ လာရောက်မည်ဆိုပါက

မဖြစ်မနေ Facility Quarantine ( သတ်မှတ်နေရာများတွင် ထားရှိကာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း) ဝင်ရောက်ရမည်ဖြစ်ကာ

Swab နမူနာယူ ဓာတ်ခွဲစစ်ဆေးခြင်းများအား မိမိတို့ စရိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ယခုလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန်ံ့ပြန်ရေး ကော်မတီအစည်းအဝေးအပြီးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်ပြန့်ပွားရာ ဒေသများမှ တစ်ဆင့်မန္တလေးမြို့သို့ လာရောက်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်းနေထိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ဇော်မြင့်မောင်က ၎င်း၏ လူမူကွန်ရက်တွင် ရေးသားထားသည်။

” ရန်ကုန်က နည်းနည်းများလာပြီ။ အခြားနေရာတွေမှာလည်း ဖြစ်နေပြီ။ ကျွန်တော်တို့မှာ ရန်ပုံ ငွေဘယ်လောက်ရှိလဲ ( Swab နမူနာ ) စစ်တာတွေ ဘယ်လိုစစ်မလဲ၊

အချိန်မီစစ်နိုင်အောင် ဘာလုပ်မလဲ။ contact person တွေကို ဘယ်လိုလိုက်မလဲ မန္တလေးပြည်သူလူထုအတွက် ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ် ” ဟုဒေါက်တာ ဇော်မြင့်မောင်က စက်တင်ဘာ ၄ ရက်နေ့က ပြောသည်။

ပြည်တွင်း ကူးစက်မှုဟု သုံးသပ်ရသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာ ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်း တို့မှ လာရောက်ကြမည့်သူများ အနေဖြင့်

သက်ဆိုင်ရာဒေသမြို့နယ် ၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြောင်း ထောက်ခံချက်၊ ကျန်းမာရေးဌာနမှ ထောက်ခံချက်တို့ လိုအပ်မည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

” ကျွန်တော်တို့ ဒီလိုလုပ်တာ တင်းကျပ်ချင်လို့ မဟုတ်ပါဘူး။ မန္တလေးမြို့သူ မြို့သားတွေကို ကာကွယ်ဖို့ မလုပ်ချင်ပေမယ့် လုပ်ရပါမယ်။ အမုန်းတော့ ခံရမယ့်။

ဒါပေမယ့်ဒီလိုမှ မလုပ်ရင် ပြန့်သွားရင် ဘယ်လိုလုပ်မလဲ။ ကိုဗစ်ပြန်သွားရင် အခက်အခဲ စိန်ခေါ်မှုက ပိုတိုးလာလိမ့်မယ် ” ဟု ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

မန္တလေးတိုင်းတွင် ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရှိနေသည့် နေရာများမှ ပြန်ရောက်လာသူများအား

မြို့နယ်များအလိုက် သတ်မှတ်နေရာများတွင် ကန့်သတ်စောင့်ကြည့်ခြင်းများ ဆောင်ရွက်ထားဆဲဖြစ်ကာ လူဦးရေ အားဖြင့် ၁ ထောင်ကျော်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှု ပုံစံဖြင့် ကိုဗစ် -၁၉ ရောဂါ ပိုးကူးစက်ခံထားရသူ ပြန်လည်တွေ့ရှိခဲ့ပြီးနောက်ပိုင်း မန္တလေးတိုင်းတွင် ကိုဗစ် ကူးစက်ခံထားရသူများ ပြန်လည်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၃ ဦးကျော်ခန့်ရှိနေပြီးဖြစ်သည်။

ယင်းလူနာများမှာ ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့များမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကာ မြင်းခြံမြို့တွင် ကူးစက်ခံရသူ အများဆုံး တွေ့ရှိထားခြင်းဖြစ်သည်။

ခရက်ဒစ်လေးစားစွာဖြင့် မြန်မာတိုင်း

Zawgyi

မႏၲေလးသို႔ လာမည္ဆိုပါက FQ ႏွင့္ Swab နမူနာစစ္ေဆးျခင္း မိမိ စရိတ္ျဖင့္ ေဆာင္႐ြက္ရမည္

မႏၲေလးတိုင္း ေဒသႀကီးအတြင္းသို႔ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈျဖစ္ပြားေနသည့္ တိုင္းႏွင့္ ျပည္နယ္မ်ား (ရန္ကုန္တိုင္း၊ ရခိုင္ျပည္နယ္ ) မွ လာေရာက္မည္ဆိုပါက

မျဖစ္မေန Facility Quarantine ( သတ္မွတ္ေနရာမ်ားတြင္ ထားရွိကာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ျခင္း) ဝင္ေရာက္ရမည္ျဖစ္ကာ

Swab နမူနာယူ ဓာတ္ခြဲစစ္ေဆးျခင္းမ်ားအား မိမိတို႔ စရိတ္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ သိရသည္။

ယခုလ ၄ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန္ံ့ျပန္ေရး ေကာ္မတီအစည္းအေဝးအၿပီးတြင္ ဆုံးျဖတ္ခဲ့ၾကျခင္းျဖစ္သည္။

ကိုဗစ္ကူးစက္ျပန႔္ပြားရာ ေဒသမ်ားမွ တစ္ဆင့္မႏၲေလးၿမိဳ႕သို႔ လာေရာက္သူမ်ားအေနျဖင့္ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားအတိုင္းေနထိုင္ရမည္ျဖစ္ေၾကာင္း ဝန္ႀကီး ေဒါက္တာ ေဇာ္ျမင့္ေမာင္က ၎၏ လူမူကြန္ရက္တြင္ ေရးသားထားသည္။

” ရန္ကုန္က နည္းနည္းမ်ားလာၿပီ။ အျခားေနရာေတြမွာလည္း ျဖစ္ေနၿပီ။ ကြၽန္ေတာ္တို႔မွာ ရန္ပုံ ေငြဘယ္ေလာက္ရွိလဲ ( Swab နမူနာ ) စစ္တာေတြ ဘယ္လိုစစ္မလဲ၊

အခ်ိန္မီစစ္ႏိုင္ေအာင္ ဘာလုပ္မလဲ။ contact person ေတြကို ဘယ္လိုလိုက္မလဲ မႏၲေလးျပည္သူလူထုအတြက္ ကာကြယ္ဖို႔ ကြၽန္ေတာ္တို႔မွာ တာဝန္ရွိတယ္ ” ဟုေဒါက္တာ ေဇာ္ျမင့္ေမာင္က စက္တင္ဘာ ၄ ရက္ေန႔က ေျပာသည္။

ျပည္တြင္း ကူးစက္မႈဟု သုံးသပ္ရေသာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားရာ ေဒသမ်ားျဖစ္သည့္ ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္တိုင္း တို႔မွ လာေရာက္ၾကမည့္သူမ်ား အေနျဖင့္

သက္ဆိုင္ရာေဒသၿမိဳ႕နယ္ ၊ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ ေနထိုင္ေၾကာင္း ေထာက္ခံခ်က္၊ က်န္းမာေရးဌာနမွ ေထာက္ခံခ်က္တို႔ လိုအပ္မည္ျဖစ္ေၾကာင္း အစည္းအေဝးတြင္ ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရသည္။

” ကြၽန္ေတာ္တို႔ ဒီလိုလုပ္တာ တင္းက်ပ္ခ်င္လို႔ မဟုတ္ပါဘူး။ မႏၲေလးၿမိဳ႕သူ ၿမိဳ႕သားေတြကို ကာကြယ္ဖို႔ မလုပ္ခ်င္ေပမယ့္ လုပ္ရပါမယ္။ အမုန္းေတာ့ ခံရမယ့္။

ဒါေပမယ့္ဒီလိုမွ မလုပ္ရင္ ျပန႔္သြားရင္ ဘယ္လိုလုပ္မလဲ။ ကိုဗစ္ျပန္သြားရင္ အခက္အခဲ စိန္ေခၚမႈက ပိုတိုးလာလိမ့္မယ္ ” ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ ကေျပာသည္။

မႏၲေလးတိုင္းတြင္ ျပည္ပႏိုင္ငံမ်ားႏွင့္ ျပည္တြင္းမွ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈရွိေနသည့္ ေနရာမ်ားမွ ျပန္ေရာက္လာသူမ်ားအား

ၿမိဳ႕နယ္မ်ားအလိုက္ သတ္မွတ္ေနရာမ်ားတြင္ ကန႔္သတ္ေစာင့္ၾကည့္ျခင္းမ်ား ေဆာင္႐ြက္ထားဆဲျဖစ္ကာ လူဦးေရ အားျဖင့္ ၁ ေထာင္ေက်ာ္ရွိေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္တြင္ ျပည္တြင္းကူးစက္မႈ ပုံစံျဖင့္ ကိုဗစ္ -၁၉ ေရာဂါ ပိုးကူးစက္ခံထားရသူ ျပန္လည္ေတြ႕ရွိခဲ့ၿပီးေနာက္ပိုင္း မႏၲေလးတိုင္းတြင္ ကိုဗစ္ ကူးစက္ခံထားရသူမ်ား ျပန္လည္ေတြ႕ရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ လူဦးေရ ၁၃ ဦးေက်ာ္ခန႔္ရွိေနၿပီးျဖစ္သည္။

ယင္းလူနာမ်ားမွာ ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္ၿမိဳ႕မ်ားမွ ျပန္လည္ေရာက္ရွိလာသူမ်ားျဖစ္ကာ ျမင္းၿခံၿမိဳ႕တြင္ ကူးစက္ခံရသူ အမ်ားဆုံး ေတြ႕ရွိထားျခင္းျဖစ္သည္။

ခရက္ဒစ္ေလးစားစြာျဖင့္ ျမန္မာတိုင္း