မစားရ မေသာက္ရနဲ႔ ေငြတစ္သိန္း ပလုံသြားတယ္ လို႕ wave money ကို ပန္ဆယ္လိုေျပာပီ

မစားရ မသောက်ရနဲ့ ငွေတစ်သိန်း ပလုံသွားတယ် အရပ်ကတို့။

Wave Money ကို မသုံးပါဘူးဆိုတဲ့ကြားက Wave Money နဲ့မှ လွှဲချင်ပါတဲ့ ချစ်ရတဲ့ Customers ပူတူတူးလေးများကြောင့် Wave Money ကို မသုံးမဖြစ် သုံးလိုက်ရပါတယ်။

ပထမတစ်ကြိမ် ပဲခူးက Customer မောင်လေးတစ်ယောက် ငွေတစ်သိန်းလွှဲတယ်။ ငွေဝင်ကြောင်း မက်ဆေ့ချ်ဝင်တယ်။ အမရေ.. ငွေဝင်ပြီလားဆိုတော့ အေး.. ဝင်ပြီပေါ့။

ညနေ သွားထုတ်တော့ ထုတ်မရဘူး။ Password မှားတာလား၊ ဘာလို့ထုတ်မရလဲ မေးတော့ ထုတ်ပေးတဲ့ Agent ကလည်း မရေမရာ။ မသိဘူး.. ထုတ်မရဘူးတဲ့။ ဪ အေးပါဟယ်ပေါ့။

Customer ဆီ ဖုန်းပြန်ဆက်တယ်။ ထုတ်မရဘူးဝေ့.. မေးပေးပါဦးဆိုတော့ Wave Money Call Center ကို ဖုန်းဆက်မေးတယ်။ ထုတ်သွားပြီတဲ့။ ငင်.. ထုတ်သွားရင် ထုတ်သွားကြောင်း မက်ဆေ့ချ်ဝင်ရမယ်လေ၊

အခုက လွှဲသူရော လွှဲခံရသူရော ဘယ်သူ့ဆီမှ မက်ဆေ့ချ်မဝင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ System Error တဲ့။ ဖုန်းချလိုက်တာနဲ့ နှစ်ဖက်လုံးကို ထုတ်ပြီးကြောင်း မက်ဆေ့ချ်က တန်းဝင်လာတယ်။ ထုတ်ပြီးတဲ့ မက်ဆေ့ချ်ကို ခုမှ ချပေးလိုက်တာတဲ့။

ကျေးဇူးကြီးပါပေ့။ ထိုင်တောင်ရှိခိုးချင်သွားတယ်။

ဘယ်ကထုတ်တာလဲ မေးတော့ ပဲခူးကပဲတဲ့။ အဲ့တော့ ကိုယ်ထုတ်တာ မဟုတ်ကြောင်း ရှင်းသွားတယ်။ ဝယ်သူကောင်လေးကတော့ ပလုံသွားရှာတယ်။
အခုတစ်ခါကျ အိုင်ပလုံတာ။ မြောက်ဒဂုံက ညီမလေးတစ်ယောက်က ငွေလွှဲတယ်။ အဲ့ညနေ သွားထုတ်တယ် .. ထုတ်မရဘူး။ ပြန်မေးတော့ Password မမှားဘူးဆိုလို့ နောက်နေ့ ထပ်သွားထုတ်တယ်။

ထုတ်မရဘူး။ Wave Money Call Center ကိုဆက်တယ်။ ပထမတစ်ခါအတိုင်း ပြောတယ်။ ပြီးတော့ မက်ဆေ့ချ် ချပေးလိုက်တယ်။ ကတောင်.. ပလုံပဲ။

ထုတ်သွားတာက အိုင်နေတဲ့နေရာ၊ အိုင်ထုတ်နေတဲ့ဆိုင်ပဲ။ ကိုယ်သွားထုတ်တယ်.. ID နဲ့ Password သိသွားတယ်။ ထုတ်မရဘူးဆိုပြီး ကိုယ်ပြန်သွားမှ ထုတ်သွားတယ်။ ဒါပဲ ဖြစ်နိုင်စရာ ရှိတယ်။

ခိုးထုတ်တဲ့ဆိုင်သိနေတာပဲ ပြသနာရှာလေ မပြောနဲ့။ ဘာသက်သေမှ မရှိဘဲ သွားပြောရင် အသရေဖျက်ပါတယ်ဆိုပြီး အမှုတောင် ပတ်သွားဦးမယ်။ ထားလိုက်တော့….

နားမလည်တာက အဲ့လို ခိုးထုတ်တိုင်း ဘာလို့ ငွေထုတ်ရင် ဝင်ရမယ့် မက်ဆေ့ချ်က လွှဲသူနဲ့ လက်ခံသူဖုန်းထဲ ဘာလို့ ဝင်မလာတာတုန်း။

မေးလိုက်ရင် Error နင့်မေဂျီးတော် Error ခိုးထုတ်ခံရတဲ့အချိန်ကိုက် Message Error ဖြစ်ဖို့က နည်းတဲ့ ကုသိုလ်လား။

Call Center ကို ဖုန်းဆက်ပြန်ရင်လည်း အသံသွင်းထားသလို နှုတ်တိုက်ကျက်ထားတဲ့ လေသံတွေနဲ့ ကြားနေကျစကားတွေပဲ ပြောတယ်။

ရုံးက ဘယ်မှာလဲ၊ လာပြောမယ်ဆိုတော့လည်း ရုံးလိပ်စာ ပြောမရဘူးတဲ့။ တရားဝင်ငွေလွှဲဌာနလေ.. မှောင်ခိုဂိုဏ်းမို့ လိပ်စာ ပြောမရတာလား။ ကိုယ်တို့က အဲ့လို တာဝန်ခံမှု မရှိတာကြီးကို ငပေါမို့ ဆက်သုံးရမှာလား။

သုံးမိသမျှ ဘဝအဆက်ဆက် နောင်တရပါတယ်။ ကိုယ်ရှာထားတဲ့ ကိုယ့်ချွေးနှဲစာ တစ်သိန်းလည်း နှမျောတယ်။

တစ်သောင်းလည်း နှမျောတယ်။ သွားထုတ်စရာမလိုအောင် အကောင့် ဖွင့်ပြန်တော့လည်း လေးသိန်းပဲ ထည့်လို့ရတယ်။ Upgrade လုပ်တဲ့။ လုပ်ပြန်တော့လည်း ရက်စောင့်ရတယ်။

ရပြန်တော့လည်း သိန်း၂၀ ပဲ ထည့်လို့ရတယ်တဲ့။ Agent Account ဆိုရမလားမေးတော့လည်း ဆိုင်လိုင်စင်နဲ့ ဘာညာစာရွက်တွေပေးတဲ့။ နေတော့…

Wave Money မသုံးပါဘူးရှင်ဆိုတော့ ချစ်Customer အသဲတုံးလေးများက မာနကြီးတာလား ငြိုငြင်သေးတယ်။

ထုတ်မရတဲ့ ဘယ်သူလွှဲမှန်း မမှတ်မိတော့လို့ Password မေးမရတော့တဲ့ သောင်းဂဏန်းတွေလည်း ဘယ်နှခါမှန်းမသိ ဆုံးပေါင်းများနေပြီ။ တော်ကြပါတော့။ ရိုးရိုး စီးပွါးဖျက်လည်း ပျက်ပါတယ် အေတို့ရယ်…

လူလိမ်တွေ လိမ်ရင် အဲ့ကပဲ ငွေလွှဲခိုင်းတယ်။ ဘယ်သူထုတ်သွားမှန်း လိုက်လို့မှ မရတာ။ လူတွေ အလိမ်ခံရတာများလို့ အော်ကြတော့ ငွေထုတ်ရင် မှတ်ပုံတင် ယူလာရမယ်လို့ ကြော်ငြာတယ်။ အဲ့လိုသာကြော်ငြာတာ အိုင်ထုတ်နေတာ မှတ်ပုံတင်မတောင်းပေါင်။

ပြည်သူတွေရဲ့ ပိုက်ဆံတွေ အလိမ်ခံရ၊ အခိုးခံရနဲ့ ဖြစ်နေတဲ့စနစ်ကြီးကို ဘယ်တာဝန်ရှိသူတွေက စိစစ်ပေးကြမှာလဲ မသိ။

အခုလည်း ကိုယ့်ငွေပလုံလို့ ကိုယ်ရေးတာ။

အသရေဖျက်ရအောင် လင်လုဖက်လဲ မဟုတ်ဘူး။ ဘာညာလာခြိမ်းခြောက်လို့က စားသုံးသူရေးရာ တိုင်မှာ။

အခုကတော့ စိတ်လျှော့ပြီး အမျှဝေထားလိုက်ပြီ

ငွေထုတ်ရင် မက်ဆေ့ချ်ဝင်နေကျတောင် သူခိုးက ငွေခိုးထုတ်တိုင်း မက်ဆေ့ချ်မဝင်အောင် အချိန်ကိုက် Error တဲ့ System ကြီးလည်း ကျန်းမာပါစေနော်

အိ ပန္ ဆယ္ လို

Zawgyi

မစားရ မေသာက္ရနဲ႔ ေငြတစ္သိန္း ပလုံသြားတယ္ အရပ္ကတို႔။

Wave Money ကို မသုံးပါဘူးဆိုတဲ့ၾကားက Wave Money နဲ႔မွ လႊဲခ်င္ပါတဲ့ ခ်စ္ရတဲ့ Customers ပူတူတူးေလးမ်ားေၾကာင့္ Wave Money ကို မသုံးမျဖစ္ သုံးလိုက္ရပါတယ္။

ပထမတစ္ႀကိမ္ ပဲခူးက Customer ေမာင္ေလးတစ္ေယာက္ ေငြတစ္သိန္းလႊဲတယ္။ ေငြဝင္ေၾကာင္း မက္ေဆ့ခ်္ဝင္တယ္။ အမေရ.. ေငြဝင္ၿပီလားဆိုေတာ့ ေအး.. ဝင္ၿပီေပါ့။

ညေန သြားထုတ္ေတာ့ ထုတ္မရဘူး။ Password မွားတာလား၊ ဘာလို႔ထုတ္မရလဲ ေမးေတာ့ ထုတ္ေပးတဲ့ Agent ကလည္း မေရမရာ။ မသိဘူး.. ထုတ္မရဘူးတဲ့။ ဪ ေအးပါဟယ္ေပါ့။

Customer ဆီ ဖုန္းျပန္ဆက္တယ္။ ထုတ္မရဘူးေဝ့.. ေမးေပးပါဦးဆိုေတာ့ Wave Money Call Center ကို ဖုန္းဆက္ေမးတယ္။ ထုတ္သြားၿပီတဲ့။ ငင္.. ထုတ္သြားရင္ ထုတ္သြားေၾကာင္း မက္ေဆ့ခ်္ဝင္ရမယ္ေလ၊

အခုက လႊဲသူေရာ လႊဲခံရသူေရာ ဘယ္သူ႔ဆီမွ မက္ေဆ့ခ်္မဝင္ဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ System Error တဲ့။ ဖုန္းခ်လိုက္တာနဲ႔ ႏွစ္ဖက္လုံးကို ထုတ္ၿပီးေၾကာင္း မက္ေဆ့ခ်္က တန္းဝင္လာတယ္။ ထုတ္ၿပီးတဲ့ မက္ေဆ့ခ်္ကို ခုမွ ခ်ေပးလိုက္တာတဲ့။

ေက်းဇူးႀကီးပါေပ့။ ထိုင္ေတာင္ရွိခိုးခ်င္သြားတယ္။

ဘယ္ကထုတ္တာလဲ ေမးေတာ့ ပဲခူးကပဲတဲ့။ အဲ့ေတာ့ ကိုယ္ထုတ္တာ မဟုတ္ေၾကာင္း ရွင္းသြားတယ္။ ဝယ္သူေကာင္ေလးကေတာ့ ပလုံသြားရွာတယ္။
အခုတစ္ခါက် အိုင္ပလုံတာ။ ေျမာက္ဒဂုံက ညီမေလးတစ္ေယာက္က ေငြလႊဲတယ္။ အဲ့ညေန သြားထုတ္တယ္ .. ထုတ္မရဘူး။ ျပန္ေမးေတာ့ Password မမွားဘူးဆိုလို႔ ေနာက္ေန႔ ထပ္သြားထုတ္တယ္။

ထုတ္မရဘူး။ Wave Money Call Center ကိုဆက္တယ္။ ပထမတစ္ခါအတိုင္း ေျပာတယ္။ ၿပီးေတာ့ မက္ေဆ့ခ်္ ခ်ေပးလိုက္တယ္။ ကေတာင္.. ပလုံပဲ။

ထုတ္သြားတာက အိုင္ေနတဲ့ေနရာ၊ အိုင္ထုတ္ေနတဲ့ဆိုင္ပဲ။ ကိုယ္သြားထုတ္တယ္.. ID နဲ႔ Password သိသြားတယ္။ ထုတ္မရဘူးဆိုၿပီး ကိုယ္ျပန္သြားမွ ထုတ္သြားတယ္။ ဒါပဲ ျဖစ္ႏိုင္စရာ ရွိတယ္။

ခိုးထုတ္တဲ့ဆိုင္သိေနတာပဲ ျပသနာရွာေလ မေျပာနဲ႔။ ဘာသက္ေသမွ မရွိဘဲ သြားေျပာရင္ အသေရဖ်က္ပါတယ္ဆိုၿပီး အမႈေတာင္ ပတ္သြားဦးမယ္။ ထားလိုက္ေတာ့….

နားမလည္တာက အဲ့လို ခိုးထုတ္တိုင္း ဘာလို႔ ေငြထုတ္ရင္ ဝင္ရမယ့္ မက္ေဆ့ခ်္က လႊဲသူနဲ႔ လက္ခံသူဖုန္းထဲ ဘာလို႔ ဝင္မလာတာတုန္း။

ေမးလိုက္ရင္ Error နင့္ေမဂ်ီးေတာ္ Error ခိုးထုတ္ခံရတဲ့အခ်ိန္ကိုက္ Message Error ျဖစ္ဖို႔က နည္းတဲ့ ကုသိုလ္လား။

Call Center ကို ဖုန္းဆက္ျပန္ရင္လည္း အသံသြင္းထားသလို ႏႈတ္တိုက္က်က္ထားတဲ့ ေလသံေတြနဲ႔ ၾကားေနက်စကားေတြပဲ ေျပာတယ္။

႐ုံးက ဘယ္မွာလဲ၊ လာေျပာမယ္ဆိုေတာ့လည္း ႐ုံးလိပ္စာ ေျပာမရဘူးတဲ့။ တရားဝင္ေငြလႊဲဌာနေလ.. ေမွာင္ခိုဂိုဏ္းမို႔ လိပ္စာ ေျပာမရတာလား။ ကိုယ္တို႔က အဲ့လို တာဝန္ခံမႈ မရွိတာႀကီးကို ငေပါမို႔ ဆက္သုံးရမွာလား။

သုံးမိသမွ် ဘဝအဆက္ဆက္ ေနာင္တရပါတယ္။ ကိုယ္ရွာထားတဲ့ ကိုယ့္ေခြၽးႏွဲစာ တစ္သိန္းလည္း ႏွေမ်ာတယ္။

တစ္ေသာင္းလည္း ႏွေမ်ာတယ္။ သြားထုတ္စရာမလိုေအာင္ အေကာင့္ ဖြင့္ျပန္ေတာ့လည္း ေလးသိန္းပဲ ထည့္လို႔ရတယ္။ Upgrade လုပ္တဲ့။ လုပ္ျပန္ေတာ့လည္း ရက္ေစာင့္ရတယ္။

ရျပန္ေတာ့လည္း သိန္း၂၀ ပဲ ထည့္လို႔ရတယ္တဲ့။ Agent Account ဆိုရမလားေမးေတာ့လည္း ဆိုင္လိုင္စင္နဲ႔ ဘာညာစာ႐ြက္ေတြေပးတဲ့။ ေနေတာ့…

Wave Money မသုံးပါဘူးရွင္ဆိုေတာ့ ခ်စ္Customer အသဲတုံးေလးမ်ားက မာနႀကီးတာလား ၿငိဳျငင္ေသးတယ္။

ထုတ္မရတဲ့ ဘယ္သူလႊဲမွန္း မမွတ္မိေတာ့လို႔ Password ေမးမရေတာ့တဲ့ ေသာင္းဂဏန္းေတြလည္း ဘယ္ႏွခါမွန္းမသိ ဆုံးေပါင္းမ်ားေနၿပီ။ ေတာ္ၾကပါေတာ့။ ႐ိုး႐ိုး စီးပြါးဖ်က္လည္း ပ်က္ပါတယ္ ေအတို႔ရယ္…

လူလိမ္ေတြ လိမ္ရင္ အဲ့ကပဲ ေငြလႊဲခိုင္းတယ္။ ဘယ္သူထုတ္သြားမွန္း လိုက္လို႔မွ မရတာ။ လူေတြ အလိမ္ခံရတာမ်ားလို႔ ေအာ္ၾကေတာ့ ေငြထုတ္ရင္ မွတ္ပုံတင္ ယူလာရမယ္လို႔ ေၾကာ္ျငာတယ္။ အဲ့လိုသာေၾကာ္ျငာတာ အိုင္ထုတ္ေနတာ မွတ္ပုံတင္မေတာင္းေပါင္။

ျပည္သူေတြရဲ႕ ပိုက္ဆံေတြ အလိမ္ခံရ၊ အခိုးခံရနဲ႔ ျဖစ္ေနတဲ့စနစ္ႀကီးကို ဘယ္တာဝန္ရွိသူေတြက စိစစ္ေပးၾကမွာလဲ မသိ။

အခုလည္း ကိုယ့္ေငြပလုံလို႔ ကိုယ္ေရးတာ။

အသေရဖ်က္ရေအာင္ လင္လုဖက္လဲ မဟုတ္ဘူး။ ဘာညာလာၿခိမ္းေျခာက္လို႔က စားသုံးသူေရးရာ တိုင္မွာ။

အခုကေတာ့ စိတ္ေလွ်ာ့ၿပီး အမွ်ေဝထားလိုက္ၿပီ

ေငြထုတ္ရင္ မက္ေဆ့ခ်္ဝင္ေနက်ေတာင္ သူခိုးက ေငြခိုးထုတ္တိုင္း မက္ေဆ့ခ်္မဝင္ေအာင္ အခ်ိန္ကိုက္ Error တဲ့ System ႀကီးလည္း က်န္းမာပါေစေနာ္

အိ ပႏ္ ဆယ္ လို