ဖားကန႔္ေျမမွာအသက္ေပးလိုက္ရတဲ့ ဆယ္တန္းေက်ာင္းသားေလးရဲ့ မိခင္ျဖစ္သူ ေျပာျပတဲ့ ရင္တြင္းခံစားခ်က္ေတြ

ဖားကန့်မြေမှာအသက်ပေးလိုက်ရတဲ့ ဆယ်တန်းကျောင်းသားလေးရဲ့မိခင်ဖြစ်သူ၏ ရင်တွင်းခံစားချက်

ကျွန်မ သားလေး အောင်ပါတယ်

ပြည့်နှစ် ဩဂုတ် ၈ ရက် စနေနေ့ည။ ညသည် တဖြည်း ဖြည်းညဥ့်နက်လာလေလေ တိတ်ဆိတ်လာလေဖြစ်သည်။

အပ်ကျသံမျှကြားရလောက်အောင်ငြိမ်သက်နေသောဝန်းကျင်တွင်ဒေါ်ချောစုနှလုံးခုန်သံကတော့တဒုန်းဒုန်းဖြင့်တစ်ရွာလုံးလန့်နိုးတော့မည့်အလား မြန်ဆန်စွာ ခုန်နေပါသည်။

ဒေါ်ချောစု အိပ်၍မပျော်သည့် ညပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်မှာ ကြာချေပြီ။

ဒီညလည်းယခင်ညများလို အိပ်၍မပျော်။ သို့သော် ဒီညမှာတော့ ကုန်လွန်ခဲ့ပြီးသည့် ညများထက် ဒေါ်ချောစုရင်တွေတဒိန်းဒိန်းခုန်တာ ပိုလာခဲ့သည်။ ဒီည သားတို့ အောင်စာရင်းတွေ ထွက်တော့မည်တဲ့လေ။

ဒေါ်ချောစုနှင့် ဦးကြွက်နီတို့ က မန္တလေးတိုင်းဒေသကြီး စဥ့် ကူးမြို့နယ် ကျောင်းဆိပ်ရွာက ဖြစ်သည်။ သူတို့မှာ သားသမီးနှစ် ယောက်ရှိသည့်အနက် အကြီးမှာ ချစ်ကိုကိုဖြစ်သည်။ ချစ်ကိုကိုက ဒီနှစ် ဆယ်တန်းဖြေထားသူ။

ဒီညသားကြီးအောင်စာရင်း သိရတော့မည်ဖြစ်သည်။ သို့သော် သိရမည် ကို ဒေါ်ချောစု ကြောက်နေသည်။ မသိဘဲလည်းမနေနိုင်။ သားကို စာမေးပွဲ အောင်များအောင်သွား မည်လား စိုးရိမ်နေပြန်သည်။ ကျစေချင်တာလည်း မဟုတ်။

အောင်လည်းအောင်စေချင်ပြန် သည်။ အောင်သွားရင်ကော… ။ဒေါ်ချောစု ခြေမကိုင်မိ လက် မကိုင်မိပူလောင်ရသောညတစ်ညပင်တည်း။ သားလေးချစ်ကိုကိုအတွက် ဒီနှစ် ဆယ်တန်းဖြေဆိုမှုသည် လေးကြိမ်မြောက် ဖြေဆိုရခြင်း ဖြစ်သည်။

ဒေါ်ချောစုတို့က တောင်သူတွေမို့ ပြေလည်လှ သည်မဟုတ်ပါ။ သို့သော် သားကြီးသည် ပညာကို အင်မတန်လိုလား သူတစ်ယောက် ဖြစ်လေသည်။

၂၀၁၇ မှာ သားကြီး ဆယ်တန်းစဖြေပါသည်။ကံချွတ်ချော်ကာ မအောင်ခဲ့။ ငိုလိုက်တာများ မပြောနှင့်။ ဒေါ်ချောစုရော ဦးကြွက်နီပါ သားကို အပြစ်မတင်။‘‘ငါ့သားရယ်၊ ဒီနှစ်မအောင် နောက်နှစ်ပေါ့ဟ။ စိတ်ဓာတ်မကျစမ်းပါနဲ့’’ဟု အားပေး သည်။

ကျူရှင်ကြေးတွေက ချစ်ကို ကိုတို့ အနေအထားနှင့်စာလျှင် မနည်းလှသဖြင့် ချစ်ကိုတစ်ယောက် စာမေးပွဲဖြေပြီးကတည်း က ရွာထဲရှိသမျှ အလုပ်တွေဝင် လိုက်လုပ် သည်။

ပန်းရန်ခေါ် လည်း လိုက်သည်။ ပဲရိုးတင်၊ ပဲခွံတင်၊ နွားချေးတင်လည်း လိုက် သည်။ သူ့ကျူရှင်ဖိုးလေး ကာမိအာင် ဖြစ်သည်။ ဒေါ်ချောစုကောဦးကြွက်နီပါအတန်းပညာနည်းခဲ့ရှာသူတွေ။သူတို့သားတွေ၊သမီးတွေအလှည့်မှာတော့ပညာရေးကံကောင်းစေလိုလှသည်။

သားနဲ့ သမီးကို သူတို့ရုန်းကန်ရသလို ချွေးမြေကျရသလို မကျစေချင် မပင် ပန်းစေချင်တော့။ ပြီးတော့ သားကြီးချစ်ကိုက မိဘလည်း အင် မတန်မှ သိတတ်သည်။ မိဘဆင်းရဲတာ ကိုလည်း သူသိသည်။

မိသားစုတာဝန် နိုင်သမျှ သူဝင်ထမ်း သည်။ ထိုသားမျိုးကို ပညာတတ် ကြီးဖြစ်စေချင်သည်မှာ မဆန်း။ သားကြီး ချစ်ကိုကိုလည်း လင်မယားနှစ်ယောက်လုံး အားပေးကာ နောက်နှစ်ဆက်ဖြေဆို စေသည်။

သို့သော် ချစ်ကို ကံထပ်ဆိုးရှာသည်။ ဒုတိယအကြိမ်ဖြေ ဆိုရာတွင်လည်း မအောင်မြင်ခဲ့ ပြန်။ စာမေးပွဲကျတော့ ငိုရှာ သည်။ အဖေနှင့်အမေကို တတိယ အကြိမ် ထပ်ဖြေခွင့်ပေးဖို့တောင်း ဆိုသည်။

ဒေါ်ချောစုတို့ကလည်းဒီသားလေးရှိတာဆက်ထားဖို့ပဲဆုံးဖြတ်သည်။ချစ်ကိုပညာရေးမှာများကံနည်းခဲ့လေသလား။သုံးကြိမ်မြောက်တွင်လည်း ကျ ပြန်လေသည်။

လုပ်ငန်းခွင်ထဲရောက်ပြီးငွေရှာနေသူတစ်ယောက်ဖြစ်နေပြီမို့ချစ်ကိုနေရာမှာအခြားသူတစ်ယောက်ဆိုလျှင်ပညာရေးကိုအဲသလောက် စိတ်အားထက်သန်ပါ ဦးမလား မသေချာပါ။

သို့သော်ချစ်ကိုကတော့ ရည်မှန်းချက်ကြီး တစ်ခု ရှိနေသည်မို့ ထိုရည်မှန်းချက်ဖြစ်မြောက်ဖို့သူဆယ်တန်းအောင်ကိုအောင်ရမည်ဟု တွေး ထားသည်။

သူ့ရည်မှန်းချက်က ကျောင်းဆရာတစ်ယောက် အ လွန်အမင်း ဖြစ်ချင်နေခြင်းပင်။ အမျိုးတွေထဲလည်း ဦးလေးတွေ၊အဒေါ်တွေက ဆရာ၊ ဆရာမတွေမို့ သူလည်း ကျောင်းဆရာဖြစ်ချင်သည်တဲ့။

ပတ်ဝန်းကျင်ကတော့ ဒေါ်ချောစုတို့ သူ့သားကြီးအတွက်မောရ၊ ငွေကုန်ရသည့်နှစ်တွေက မနည်းတော့တာမို့ ကျောင်းနုတ် လိုက်ဖို့ အကြံပေးကြသည်။ သို့ သော် ဒေါ်ချောစု မလုပ်ရက်။ သားစိတ်ဆန္ဒပြင်းပြနေတာ ဖြစ် မြောက်အောင်လုပ်ပေးဖို့က သူတို့မိဘတွေရဲ့တာဝန်ဟု သူလက် ခံထားသည်။

သုံးကြိမ်မြောက် အောင်စာရင်းထွက်ချိန်ကျတော့ ချစ်ကို ဖားကန့်ရောက်နေသည်။ ကျတော့ ချစ်ကိုကို ဖားကန့်ကနေ ပြန်ခေါ်သည်။ ဖားကန့်မှာ သူရှာ လာတဲ့ ငွေအနည်းငယ်ရယ်၊ မိဘ တွေ၊ အဘိုးအဘွားတွေ ထောက် ပံ့တာတွေရယ်နှင့် စတုတ္ထအကြိမ် ဖြေပြန်သည်။

စာမေးပွဲဖြေသည့်နေ့တိုင်း ဒေါ်ချောစု စဥ့်ကူးမြို့ပေါ်က သားစာမေးပွဲဖြေသည့် ကျောင်းကို နေ့တိုင်း ကျောင်းပေါက်ကနေ သွားကြိုသည်။ သားသည် ယခင်နှစ် များနှင့်မတူ၊ မျက်နှာလေးကို ပြုံးချိုနေသည်။

စာမေးပွဲခန်းကအထွက် ကျောင်းပေါက်ရောက် သည်နှင့် လာကြိုနေသည့်အမေ့ ကို ဖက်ရင်း ‘‘ဒီနှစ်တော့ သားသေချာပေါက်အောင်ပြီ အမေ ရေ’’ဟု ဝမ်းသာအားရပြောခဲ့ သည်။

ဒေါ်ချောစု ပျော်ခဲ့ရပါ သည်။ ဒီနှစ်တော့ သားလေး လွတ်လွတ်ကျွတ်ကျွတ်အောင် လောက်ပါပြီဟု တွေးကာ ကြည် နူးခဲ့ပါသည်။ သားက စာမေးပွဲဖြေပြီး တော့ သူ့ဦးလေးတွေနှင့်အတူ ဖားကန့်တက်အလုပ်လုပ်ဖို့ပြင်ပါ သည်။

ဖားကန့်မှာက မြေစာပုံ တွေ မကြာခဏ ပြိုကျ၊ လူတွေသေတာ မျိုးတွေ၊ ဒေါ်ချောစု ကြားဖူးနေတော့ သားလေးကိုလွှတ်ရ မှာ စိတ်မချ။ သို့သော် သားက သွားချင်နေသည်မို့ သူ့ဦးလေးတွေ ရှိပါတယ်လေဟု စိတ်ဖြေကာ ထည့်လိုက်ရပါသည်။

သားဖားကန့်ဘက်တက်ရသည့်ရည်ရွယ်ချက်ကိုနောက်မှသိရသည်။ဆွေမျိုးမကင်းသည့်အမေကြီးတစ်ယောက်ဆီကပြန်ကြားရသည်က သားက သူ့ကို ပြောပြသည်တဲ့။

‘‘အမေကြီးရေ။ အဖေတို့၊ အမေ တို့ ကျွန်တော့်အတွက် ငွေတွေတအားကုန်ထားရတာ။ ပင်ပန်းလှပြီလေ။ ဒါကြောင့် ဖားကန့် တက်ပြီး ပြန်ရှာပေးချင်တာ’’တဲ့။ ဒေါ်ချောစု စိတ်ထဲမကောင်း။

သားကြီးတို့ မတ်လထဲ ဖားကန့်တက်သွားပြီးနောက် ကိုဗစ်တွေ မြန်မာပြည်ထဲ စဖြစ်လာခဲ့သည်။ အစကတော့ ခြောက်လ ပိုင်း အောင်စာရင်းထွက်ရင် သားကြီး ပြန်လာတော့မည်ဖြစ်သည်။

သို့သော် ကိုဗစ်ဖြစ်တော့ အောင်စာရင်းတွေလည်း နောက်ဆုတ်ကုန်သည်။ ခုနစ်လပိုင်းထဲထွက် မည်ဆိုတော့ သားက အဲဒီရက် အမီပြန်လာမည့်အကြောင်း ဖုန်းဆက်ပြောသေးသည်။

သားကြီး က ပြောသေးသည်။ ‘‘အမေရေ။ သားက ဒီနှစ်သေချာပေါက် အောင်မှာဗျ။ အဲဒီကျရင် သားသူငယ်ချင်းတွေနဲ့ ဘောက်စ်တွေ ဖွင့်ပြီး ကမှာနော်။ အမေတို့မတားနဲ့’’တဲ့။

ဒေါ်ချောစုရယ် မောရင်း ‘အေးပါသားရယ် ကကြ ကကြ’ဟု ပြန်ပြောရသည်။ သို့သော် ကံကြမ္မာသည် လှည့်ကွက်တွေ များလွန်းလှ သည်။ ဇူလိုင် ၂ ရက် နံနက်ခင်းမှာ ဒေါ်ချောစုတို့ဆီ သတင်းစကားတစ်ခု ကြားလာရသည်က ဖားကန့်မှာ မြေတွေပြိုလို့ လူတွေအများကြီး သေသတဲ့။

ဒေါ်ချောစုတို့ တစ်တွေ ရင်တုန်ပန်းတုန်ဖြင့် ဖုန်းတွေဆက်ရ စုံစမ်းရသည်။ နောက်ဆုံးကြားရသည်ကဒေါ်ချောစုသားကြီးချစ်ကိုကိုနှင့်သူ့ဦးလေးညီအစ်ကိုနှစ်ယောက်၊ပေါင်းတူအရီးသုံးယောက်မြေစာပုံထဲပါသွားကာ သေဆုံးခဲ့သည်တဲ့။

ဒေါ်ချောစုတို့ ဆွေမျိုးတစ်စုလုံး ရော ကျောင်းဆိပ်တစ်ရွာလုံးပါ စိတ်ထိခိုက်ခဲ့ကြရလေသည်။ သားဆုံးပြီးတော့ဒေါ်ချောစုတစ်ယောက်သားလေးမွေးရက်တနင်္လာနေ့တိုင်းဘုန်းကြီးကျောင်းသွားကာဆွမ်းလှူ၊ကုဋီဆေး၊သန့်ရှင်းရေး အလုပ်တွေသွားလုပ်နေကျဖြစ်သည်။

သားရှိ စဉ်က သူလုပ်နေကျအလုပ်တွေ သားမရှိတော့ သားကိုယ်စားဒေါ်ချောစု သွားလုပ်နေခြင်းဖြစ် သည်။ အောင်စာရင်းမထွက်ခင် ရက်အနည်းငယ်အလိုက အိမ်ပေါ်မှာ သားအတွက် ဆွမ်းတော်သွားတင်သည်။

ဆွမ်းတော်တင် ရင်း သားရေ သားအတွက် အမေအမျှဝေမယ်နော် သားသာဓုခေါ် ဟု ပြောမိလိုက်သည်။ ထိုအချိန်ဘုရားစင်ပေါ်က ဘူးလေးတစ်ခု ထဲက နှိုးစက်သံလေးတစ်ခု ဆူ ညံစွာ ထွက်ပေါ်လာခဲ့သည်။

ဒေါ်ချောစု ထကြည့်လိုက်တော့ နာရီဘူးလေး။ အတွင်းထဲမှာ နှိုးစက်သံထွက်ပေါ်လာသည့် အိမ် ပုံစံ စားပွဲတင်နာရီလေး။ ပြီးခဲ့သည့် ပြာသိုလပြည့်နေ့ က သားနေသည့်အဆောင်မှာ အမေနေ့မို့ အမေတွေကို ခေါ်ကန်တော့ကြသည်။

သားက ဒေါ်ချောစုကို ထဘီတစ်ထည်ဖြင့် ကန်တော့သည်။ ‘ငါ့သား ဘာလိုချင် လဲ’ မေးတော့ ‘အမေ သား မနက်မနက် မထနိုင်လို့ နှိုးစက်နာရီလေးတစ်လုံးလောက် ဝယ်ပေးပါလား’ ဟု ပြောသည်။

ဒေါ်ချောစုက ဝယ်ပေးမှာပေါ့ဟုပြောပြီး သားအမိနှစ်ယောက် စဥ့်ကူးမြို့ထဲသွားကာ သုံးထောင့်ငါးရာတန်နာရီ လေးတစ်လုံးဒေါ်ချောစု ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

သားစာမေးပွဲဖြေ ပြီးကတည်းက ထိုနာရီကို ဘုရား စင်ပေါ်တင်ထားခဲ့သည်မှာ ကြာလှပြီ။ တစ်ခါမျှမမြည်။ ထိုနေ့ကျမှ အမျှဝေနေချိန် တိုက်တိုက်ဆိုင် ဆိုင်လာမြည်တော့ ဒေါ်ချောစုနာရီလေးပိုက်ကာ မျက်ရည်ကျ ခဲ့ရပါသည်။

သား နာရေးပြီးတော့ ဒေါ်ချောစု အောင်စာရင်းထွက်မှာ ကို စိုးထိတ်နေခဲ့သည်။ သားရှိစဉ် တုန်းကတော့ အောင်စာရင်း မြန်မြန်ထွက်စေချင်လှပြီ။ ကိုဗစ်ဖြစ် တော့ အောင်စာရင်းတွေက နောက်ဆုတ်သွားတော့ မျှော်ရသည်လည်း မောခဲ့ပြီ။

သို့သော် သားဆုံးသွားပြီးနောက် ဒေါ်ချောစု အောင်စာရင်းထွက်မည့်နေ့ကို အင်မတန်ကြောက်ရွံ့နေခဲ့ပြီ။ သြဂုတ် ၉ ရက် နံနက် ၀၀:၃၀ (သြဂုတ် ၈ ရက် ည ၁၂:၃၀) မှာ အောင်စာရင်းတွေ ထွက်တော့မည်ဆိုတော့ ဒေါ်ချောစု ဘယ်လိုမှ နေလို့ထိုင်လို့မရ တော့။

ဒီနှစ်က ကိုဗစ်ကာလမို့ အောင်စာရင်းကို အွန်လိုင်းကနေ ညကတည်းက ထုတ်ပြန်မည်ဆို တာကြောင့် အဖေဖြစ်သူကလည်းဖုန်းဘီလ် တစ်ထောင်တန်နှစ် ကတ်သွားဝယ်ကာ ဖုန်းလေးကိုင်ပြီး ထိုင်စောင့်နေသည်။

မနက် တစ်ချက်၊ နှစ်ချက်လောက်မှ သိရမည်ထင်ခဲ့သည်။ ည ၁၂ နာရီခွဲကျော်တော့ ဖုန်းတွေလာသည်။ သားကြီး ချစ်ကို အောင်သည်တဲ့။ ထိုကျမှ ဖုန်းဖွင့်၊ အင်တာနက်ဖွင့်ကာသား ခုံနံပါတ်ရှာတော့ ဟုတ်ပါသည် သားကြီးအမည်အောင် စာရင်းမှာ ပါလာခဲ့လေပြီ။

ဒေါ်ချောစုတို့ တစ်မိသားစု လုံး မျက်ရည်မဆည်နိုင်။ တစ်ည လုံးလည်း အိပ်မရကြ။ သားကြီး သူငယ်ချင်းတွေကလည်း ဖုန်း ဆက်ပြောကြ။ တစ်မိသားစုလုံး ရင်တွေနာကျင်ရသည်။

သားအတွက် ဒေါ်ချောစု တို့ မျက်ရည်ကျရပြန်လေပြီ။ ဒေါ်ချောစု မျက်ရည်မကျဖြစ် အောင် ကြိုးစားပြီး ထိန်းပါသည်။ သားက ဒေါ်ချောစု မျက်ရည်ကျ တာကို မကြိုက်ပါ။ မမြင်ချင်ပါ။ သားမမြင်လိုသည့် မြင်ကွင်းကို ဒေါ်ချောစု မဖြစ်စေလိုပါ။

သို့သော် မျက်ရည်တွေက တားမရ။သူ့အဖေဆို မျက်ရည်မကျအောင်မျက်နှာကို အပေါ်မော့ထားသော် လည်း ဘယ်လိုမှထိန်းမရ။ သား ကြီးကို သူက သိပ်ချစ်သည်။သားကြီးကို ချစ်စနိုးနှင့် မကြာခဏ လည်း ဆဲသည်။ သားကြီးက သူ့ အဖေဆဲလေပျော်လေ။

သားကြီးက ဆယ်တန်းအောင်လျှင် ဒေါ်ချောစုတို့ မိဘ နှစ်ပါးကို ပူဆာထားတာတစ်ခုရှိ သည်။ ငွေကုန်ကြေးကျများမည့် ပစ္စည်းတစ်ခုခုမဟုတ်ပါ။

‘‘အမေသားစာမေးပွဲအောင်ရင် သင်္ကန်းလေး တစ်ပတ်လောက် ဆီးချင် လို့’’တဲ့။ ဒေါ်ချောစုတို့ ဖြစ်အောင်လုပ်ပေးမည့်အကြောင်း ပြောခဲ့ကြပါသည်။ ခုသား စာမေးပွဲအောင်ခဲ့ပြီ။ သင်္ကန်းဆီးပေးချင် သည်။ သို့သော် သားက ဘယ်မှာ နည်း။

သားသာ ဒီလိုရက်မျိုးမှာ သားကြီးရှိနေမည်ဆိုလျှင် ဘယ် လောက်တောင် ပျော်လိုက်မည် နည်း။ သားကြီးခမျာ လေးနှစ် တောင် ဇွဲနပဲရှိရှိ ခက်ခက်ခဲခဲဖြေ ဆိုသွားခဲ့ရရှာသူ။ သူ့အောင်မြင်မှုလေးတောင်မှ သိမသွားခဲ့ရ။

အောင်စာရင်းမှာ သူ့နာမည်လေး ပါတာမြင်ရဖို့ ကြိုးစားခဲ့သည်များ ရေကုန်ရေခန်း။ ကျောင်းစရိတ် အတွက် အသက်ပေးခဲ့ရသူ။ ဘဝ တွေက ခါးခဲ့လေသည်။

ညက အောင်စာရင်းသိရပြီး တော့ ဒေါ်ချောစု နှုတ်ကနေ တစ် ယောက်တည်း ပြောနေသံကို မိသားစု ဆွေမျိုးတွေကြားခဲ့ရ သည်။ အားလုံးစိတ်မကောင်းကြ။ မျက်ရည်လည်ရွှဲဖြစ်ခဲ့ကြရ သည်။ ရင်ဝဆို့တက်လာခဲ့ကြ သည်။

‘‘ငါ့သားရေ။ ချစ်ကိုရေ။ မင်းအောင်သွားပြီ ငါ့သားလေးရေ’’ တဲ့။

7day ညီညီဇော်

Zawgyi

ဖားကန႔္ေျမမွာအသက္ေပးလိုက္ရတဲ့ ဆယ္တန္းေက်ာင္းသားေလးရဲ႕မိခင္ျဖစ္သူ၏ ရင္တြင္းခံစားခ်က္

ကြၽန္မ သားေလး ေအာင္ပါတယ္

ျပည့္ႏွစ္ ဩဂုတ္ ၈ ရက္ စေနေန႔ည။ ညသည္ တျဖည္း ျဖည္းညဥ့္နက္လာေလေလ တိတ္ဆိတ္လာေလျဖစ္သည္။

အပ္က်သံမွ်ၾကားရေလာက္ေအာင္ၿငိမ္သက္ေနေသာဝန္းက်င္တြင္ေဒၚေခ်ာစုႏွလုံးခုန္သံကေတာ့တဒုန္းဒုန္းျဖင့္တစ္႐ြာလုံးလန႔္ႏိုးေတာ့မည့္အလား ျမန္ဆန္စြာ ခုန္ေနပါသည္။

ေဒၚေခ်ာစု အိပ္၍မေပ်ာ္သည့္ ညေပါင္းမ်ားစြာ ျဖတ္သန္းခဲ့ရသည္မွာ ၾကာေခ်ၿပီ။

ဒီညလည္းယခင္ညမ်ားလို အိပ္၍မေပ်ာ္။ သို႔ေသာ္ ဒီညမွာေတာ့ ကုန္လြန္ခဲ့ၿပီးသည့္ ညမ်ားထက္ ေဒၚေခ်ာစုရင္ေတြတဒိန္းဒိန္းခုန္တာ ပိုလာခဲ့သည္။ ဒီည သားတို႔ ေအာင္စာရင္းေတြ ထြက္ေတာ့မည္တဲ့ေလ။

ေဒၚေခ်ာစုႏွင့္ ဦးႂကြက္နီတို႔ က မႏၲေလးတိုင္းေဒသႀကီး စဥ့္ ကူးၿမိဳ႕နယ္ ေက်ာင္းဆိပ္႐ြာက ျဖစ္သည္။ သူတို႔မွာ သားသမီးႏွစ္ ေယာက္ရွိသည့္အနက္ အႀကီးမွာ ခ်စ္ကိုကိုျဖစ္သည္။ ခ်စ္ကိုကိုက ဒီႏွစ္ ဆယ္တန္းေျဖထားသူ။

ဒီညသားႀကီးေအာင္စာရင္း သိရေတာ့မည္ျဖစ္သည္။ သို႔ေသာ္ သိရမည္ ကို ေဒၚေခ်ာစု ေၾကာက္ေနသည္။ မသိဘဲလည္းမေနႏိုင္။ သားကို စာေမးပြဲ ေအာင္မ်ားေအာင္သြား မည္လား စိုးရိမ္ေနျပန္သည္။ က်ေစခ်င္တာလည္း မဟုတ္။

ေအာင္လည္းေအာင္ေစခ်င္ျပန္ သည္။ ေအာင္သြားရင္ေကာ… ။ေဒၚေခ်ာစု ေျခမကိုင္မိ လက္ မကိုင္မိပူေလာင္ရေသာညတစ္ညပင္တည္း။ သားေလးခ်စ္ကိုကိုအတြက္ ဒီႏွစ္ ဆယ္တန္းေျဖဆိုမႈသည္ ေလးႀကိမ္ေျမာက္ ေျဖဆိုရျခင္း ျဖစ္သည္။

ေဒၚေခ်ာစုတို႔က ေတာင္သူေတြမို႔ ေျပလည္လွ သည္မဟုတ္ပါ။ သို႔ေသာ္ သားႀကီးသည္ ပညာကို အင္မတန္လိုလား သူတစ္ေယာက္ ျဖစ္ေလသည္။

၂၀၁၇ မွာ သားႀကီး ဆယ္တန္းစေျဖပါသည္။ကံခြၽတ္ေခ်ာ္ကာ မေအာင္ခဲ့။ ငိုလိုက္တာမ်ား မေျပာႏွင့္။ ေဒၚေခ်ာစုေရာ ဦးႂကြက္နီပါ သားကို အျပစ္မတင္။‘‘ငါ့သားရယ္၊ ဒီႏွစ္မေအာင္ ေနာက္ႏွစ္ေပါ့ဟ။ စိတ္ဓာတ္မက်စမ္းပါနဲ႔’’ဟု အားေပး သည္။

က်ဴရွင္ေၾကးေတြက ခ်စ္ကို ကိုတို႔ အေနအထားႏွင့္စာလွ်င္ မနည္းလွသျဖင့္ ခ်စ္ကိုတစ္ေယာက္ စာေမးပြဲေျဖၿပီးကတည္း က ႐ြာထဲရွိသမွ် အလုပ္ေတြဝင္ လိုက္လုပ္ သည္။

ပန္းရန္ေခၚ လည္း လိုက္သည္။ ပဲ႐ိုးတင္၊ ပဲခြံတင္၊ ႏြားေခ်းတင္လည္း လိုက္ သည္။ သူ႔က်ဴရွင္ဖိုးေလး ကာမိအာင္ ျဖစ္သည္။ ေဒၚေခ်ာစုေကာဦးႂကြက္နီပါအတန္းပညာနည္းခဲ့ရွာသူေတြ။သူတို႔သားေတြ၊သမီးေတြအလွည့္မွာေတာ့ပညာေရးကံေကာင္းေစလိုလွသည္။

သားနဲ႔ သမီးကို သူတို႔႐ုန္းကန္ရသလို ေခြၽးေျမက်ရသလို မက်ေစခ်င္ မပင္ ပန္းေစခ်င္ေတာ့။ ၿပီးေတာ့ သားႀကီးခ်စ္ကိုက မိဘလည္း အင္ မတန္မွ သိတတ္သည္။ မိဘဆင္းရဲတာ ကိုလည္း သူသိသည္။

မိသားစုတာဝန္ ႏိုင္သမွ် သူဝင္ထမ္း သည္။ ထိုသားမ်ိဳးကို ပညာတတ္ ႀကီးျဖစ္ေစခ်င္သည္မွာ မဆန္း။ သားႀကီး ခ်စ္ကိုကိုလည္း လင္မယားႏွစ္ေယာက္လုံး အားေပးကာ ေနာက္ႏွစ္ဆက္ေျဖဆို ေစသည္။

သို႔ေသာ္ ခ်စ္ကို ကံထပ္ဆိုးရွာသည္။ ဒုတိယအႀကိမ္ေျဖ ဆိုရာတြင္လည္း မေအာင္ျမင္ခဲ့ ျပန္။ စာေမးပြဲက်ေတာ့ ငိုရွာ သည္။ အေဖႏွင့္အေမကို တတိယ အႀကိမ္ ထပ္ေျဖခြင့္ေပးဖို႔ေတာင္း ဆိုသည္။

ေဒၚေခ်ာစုတို႔ကလည္းဒီသားေလးရွိတာဆက္ထားဖို႔ပဲဆုံးျဖတ္သည္။ခ်စ္ကိုပညာေရးမွာမ်ားကံနည္းခဲ့ေလသလား။သုံးႀကိမ္ေျမာက္တြင္လည္း က် ျပန္ေလသည္။

လုပ္ငန္းခြင္ထဲေရာက္ၿပီးေငြရွာေနသူတစ္ေယာက္ျဖစ္ေနၿပီမို႔ခ်စ္ကိုေနရာမွာအျခားသူတစ္ေယာက္ဆိုလွ်င္ပညာေရးကိုအဲသေလာက္ စိတ္အားထက္သန္ပါ ဦးမလား မေသခ်ာပါ။

သို႔ေသာ္ခ်စ္ကိုကေတာ့ ရည္မွန္းခ်က္ႀကီး တစ္ခု ရွိေနသည္မို႔ ထိုရည္မွန္းခ်က္ျဖစ္ေျမာက္ဖို႔သူဆယ္တန္းေအာင္ကိုေအာင္ရမည္ဟု ေတြး ထားသည္။

သူ႔ရည္မွန္းခ်က္က ေက်ာင္းဆရာတစ္ေယာက္ အ လြန္အမင္း ျဖစ္ခ်င္ေနျခင္းပင္။ အမ်ိဳးေတြထဲလည္း ဦးေလးေတြ၊အေဒၚေတြက ဆရာ၊ ဆရာမေတြမို႔ သူလည္း ေက်ာင္းဆရာျဖစ္ခ်င္သည္တဲ့။

ပတ္ဝန္းက်င္ကေတာ့ ေဒၚေခ်ာစုတို႔ သူ႔သားႀကီးအတြက္ေမာရ၊ ေငြကုန္ရသည့္ႏွစ္ေတြက မနည္းေတာ့တာမို႔ ေက်ာင္းႏုတ္ လိုက္ဖို႔ အႀကံေပးၾကသည္။ သို႔ ေသာ္ ေဒၚေခ်ာစု မလုပ္ရက္။ သားစိတ္ဆႏၵျပင္းျပေနတာ ျဖစ္ ေျမာက္ေအာင္လုပ္ေပးဖို႔က သူတို႔မိဘေတြရဲ႕တာဝန္ဟု သူလက္ ခံထားသည္။

သုံးႀကိမ္ေျမာက္ ေအာင္စာရင္းထြက္ခ်ိန္က်ေတာ့ ခ်စ္ကို ဖားကန႔္ေရာက္ေနသည္။ က်ေတာ့ ခ်စ္ကိုကို ဖားကန႔္ကေန ျပန္ေခၚသည္။ ဖားကန႔္မွာ သူရွာ လာတဲ့ ေငြအနည္းငယ္ရယ္၊ မိဘ ေတြ၊ အဘိုးအဘြားေတြ ေထာက္ ပံ့တာေတြရယ္ႏွင့္ စတုတၳအႀကိမ္ ေျဖျပန္သည္။

စာေမးပြဲေျဖသည့္ေန႔တိုင္း ေဒၚေခ်ာစု စဥ့္ကူးၿမိဳ႕ေပၚက သားစာေမးပြဲေျဖသည့္ ေက်ာင္းကို ေန႔တိုင္း ေက်ာင္းေပါက္ကေန သြားႀကိဳသည္။ သားသည္ ယခင္ႏွစ္ မ်ားႏွင့္မတူ၊ မ်က္ႏွာေလးကို ၿပဳံးခ်ိဳေနသည္။

စာေမးပြဲခန္းကအထြက္ ေက်ာင္းေပါက္ေရာက္ သည္ႏွင့္ လာႀကိဳေနသည့္အေမ့ ကို ဖက္ရင္း ‘‘ဒီႏွစ္ေတာ့ သားေသခ်ာေပါက္ေအာင္ၿပီ အေမ ေရ’’ဟု ဝမ္းသာအားရေျပာခဲ့ သည္။

ေဒၚေခ်ာစု ေပ်ာ္ခဲ့ရပါ သည္။ ဒီႏွစ္ေတာ့ သားေလး လြတ္လြတ္ကြၽတ္ကြၽတ္ေအာင္ ေလာက္ပါၿပီဟု ေတြးကာ ၾကည္ ႏူးခဲ့ပါသည္။ သားက စာေမးပြဲေျဖၿပီး ေတာ့ သူ႔ဦးေလးေတြႏွင့္အတူ ဖားကန႔္တက္အလုပ္လုပ္ဖို႔ျပင္ပါ သည္။

ဖားကန႔္မွာက ေျမစာပုံ ေတြ မၾကာခဏ ၿပိဳက်၊ လူေတြေသတာ မ်ိဳးေတြ၊ ေဒၚေခ်ာစု ၾကားဖူးေနေတာ့ သားေလးကိုလႊတ္ရ မွာ စိတ္မခ်။ သို႔ေသာ္ သားက သြားခ်င္ေနသည္မို႔ သူ႔ဦးေလးေတြ ရွိပါတယ္ေလဟု စိတ္ေျဖကာ ထည့္လိုက္ရပါသည္။

သားဖားကန႔္ဘက္တက္ရသည့္ရည္႐ြယ္ခ်က္ကိုေနာက္မွသိရသည္။ေဆြမ်ိဳးမကင္းသည့္အေမႀကီးတစ္ေယာက္ဆီကျပန္ၾကားရသည္က သားက သူ႔ကို ေျပာျပသည္တဲ့။

‘‘အေမႀကီးေရ။ အေဖတို႔၊ အေမ တို႔ ကြၽန္ေတာ့္အတြက္ ေငြေတြတအားကုန္ထားရတာ။ ပင္ပန္းလွၿပီေလ။ ဒါေၾကာင့္ ဖားကန႔္ တက္ၿပီး ျပန္ရွာေပးခ်င္တာ’’တဲ့။ ေဒၚေခ်ာစု စိတ္ထဲမေကာင္း။

သားႀကီးတို႔ မတ္လထဲ ဖားကန႔္တက္သြားၿပီးေနာက္ ကိုဗစ္ေတြ ျမန္မာျပည္ထဲ စျဖစ္လာခဲ့သည္။ အစကေတာ့ ေျခာက္လ ပိုင္း ေအာင္စာရင္းထြက္ရင္ သားႀကီး ျပန္လာေတာ့မည္ျဖစ္သည္။

သို႔ေသာ္ ကိုဗစ္ျဖစ္ေတာ့ ေအာင္စာရင္းေတြလည္း ေနာက္ဆုတ္ကုန္သည္။ ခုနစ္လပိုင္းထဲထြက္ မည္ဆိုေတာ့ သားက အဲဒီရက္ အမီျပန္လာမည့္အေၾကာင္း ဖုန္းဆက္ေျပာေသးသည္။

သားႀကီး က ေျပာေသးသည္။ ‘‘အေမေရ။ သားက ဒီႏွစ္ေသခ်ာေပါက္ ေအာင္မွာဗ်။ အဲဒီက်ရင္ သားသူငယ္ခ်င္းေတြနဲ႔ ေဘာက္စ္ေတြ ဖြင့္ၿပီး ကမွာေနာ္။ အေမတို႔မတားနဲ႔’’တဲ့။

ေဒၚေခ်ာစုရယ္ ေမာရင္း ‘ေအးပါသားရယ္ ကၾက ကၾက’ဟု ျပန္ေျပာရသည္။ သို႔ေသာ္ ကံၾကမၼာသည္ လွည့္ကြက္ေတြ မ်ားလြန္းလွ သည္။ ဇူလိုင္ ၂ ရက္ နံနက္ခင္းမွာ ေဒၚေခ်ာစုတို႔ဆီ သတင္းစကားတစ္ခု ၾကားလာရသည္က ဖားကန႔္မွာ ေျမေတြၿပိဳလို႔ လူေတြအမ်ားႀကီး ေသသတဲ့။

ေဒၚေခ်ာစုတို႔ တစ္ေတြ ရင္တုန္ပန္းတုန္ျဖင့္ ဖုန္းေတြဆက္ရ စုံစမ္းရသည္။ ေနာက္ဆုံးၾကားရသည္ကေဒၚေခ်ာစုသားႀကီးခ်စ္ကိုကိုႏွင့္သူ႔ဦးေလးညီအစ္ကိုႏွစ္ေယာက္၊ေပါင္းတူအရီးသုံးေယာက္ေျမစာပုံထဲပါသြားကာ ေသဆုံးခဲ့သည္တဲ့။

ေဒၚေခ်ာစုတို႔ ေဆြမ်ိဳးတစ္စုလုံး ေရာ ေက်ာင္းဆိပ္တစ္႐ြာလုံးပါ စိတ္ထိခိုက္ခဲ့ၾကရေလသည္။ သားဆုံးၿပီးေတာ့ေဒၚေခ်ာစုတစ္ေယာက္သားေလးေမြးရက္တနလၤာေန႔တိုင္းဘုန္းႀကီးေက်ာင္းသြားကာဆြမ္းလႉ၊ကုဋီေဆး၊သန႔္ရွင္းေရး အလုပ္ေတြသြားလုပ္ေနက်ျဖစ္သည္။

သားရွိ စဥ္က သူလုပ္ေနက်အလုပ္ေတြ သားမရွိေတာ့ သားကိုယ္စားေဒၚေခ်ာစု သြားလုပ္ေနျခင္းျဖစ္ သည္။ ေအာင္စာရင္းမထြက္ခင္ ရက္အနည္းငယ္အလိုက အိမ္ေပၚမွာ သားအတြက္ ဆြမ္းေတာ္သြားတင္သည္။

ဆြမ္းေတာ္တင္ ရင္း သားေရ သားအတြက္ အေမအမွ်ေဝမယ္ေနာ္ သားသာဓုေခၚ ဟု ေျပာမိလိုက္သည္။ ထိုအခ်ိန္ဘုရားစင္ေပၚက ဘူးေလးတစ္ခု ထဲက ႏႈိးစက္သံေလးတစ္ခု ဆူ ညံစြာ ထြက္ေပၚလာခဲ့သည္။

ေဒၚေခ်ာစု ထၾကည့္လိုက္ေတာ့ နာရီဘူးေလး။ အတြင္းထဲမွာ ႏႈိးစက္သံထြက္ေပၚလာသည့္ အိမ္ ပုံစံ စားပြဲတင္နာရီေလး။ ၿပီးခဲ့သည့္ ျပာသိုလျပည့္ေန႔ က သားေနသည့္အေဆာင္မွာ အေမေန႔မို႔ အေမေတြကို ေခၚကန္ေတာ့ၾကသည္။

သားက ေဒၚေခ်ာစုကို ထဘီတစ္ထည္ျဖင့္ ကန္ေတာ့သည္။ ‘ငါ့သား ဘာလိုခ်င္ လဲ’ ေမးေတာ့ ‘အေမ သား မနက္မနက္ မထႏိုင္လို႔ ႏႈိးစက္နာရီေလးတစ္လုံးေလာက္ ဝယ္ေပးပါလား’ ဟု ေျပာသည္။

ေဒၚေခ်ာစုက ဝယ္ေပးမွာေပါ့ဟုေျပာၿပီး သားအမိႏွစ္ေယာက္ စဥ့္ကူးၿမိဳ႕ထဲသြားကာ သုံးေထာင့္ငါးရာတန္နာရီ ေလးတစ္လုံးေဒၚေခ်ာစု ဝယ္ေပးခဲ့ျခင္းျဖစ္သည္။

သားစာေမးပြဲေျဖ ၿပီးကတည္းက ထိုနာရီကို ဘုရား စင္ေပၚတင္ထားခဲ့သည္မွာ ၾကာလွၿပီ။ တစ္ခါမွ်မျမည္။ ထိုေန႔က်မွ အမွ်ေဝေနခ်ိန္ တိုက္တိုက္ဆိုင္ ဆိုင္လာျမည္ေတာ့ ေဒၚေခ်ာစုနာရီေလးပိုက္ကာ မ်က္ရည္က် ခဲ့ရပါသည္။

သား နာေရးၿပီးေတာ့ ေဒၚေခ်ာစု ေအာင္စာရင္းထြက္မွာ ကို စိုးထိတ္ေနခဲ့သည္။ သားရွိစဥ္ တုန္းကေတာ့ ေအာင္စာရင္း ျမန္ျမန္ထြက္ေစခ်င္လွၿပီ။ ကိုဗစ္ျဖစ္ ေတာ့ ေအာင္စာရင္းေတြက ေနာက္ဆုတ္သြားေတာ့ ေမွ်ာ္ရသည္လည္း ေမာခဲ့ၿပီ။

သို႔ေသာ္ သားဆုံးသြားၿပီးေနာက္ ေဒၚေခ်ာစု ေအာင္စာရင္းထြက္မည့္ေန႔ကို အင္မတန္ေၾကာက္႐ြံ႕ေနခဲ့ၿပီ။ ၾသဂုတ္ ၉ ရက္ နံနက္ ၀၀:၃၀ (ၾသဂုတ္ ၈ ရက္ ည ၁၂:၃၀) မွာ ေအာင္စာရင္းေတြ ထြက္ေတာ့မည္ဆိုေတာ့ ေဒၚေခ်ာစု ဘယ္လိုမွ ေနလို႔ထိုင္လို႔မရ ေတာ့။

ဒီႏွစ္က ကိုဗစ္ကာလမို႔ ေအာင္စာရင္းကို အြန္လိုင္းကေန ညကတည္းက ထုတ္ျပန္မည္ဆို တာေၾကာင့္ အေဖျဖစ္သူကလည္းဖုန္းဘီလ္ တစ္ေထာင္တန္ႏွစ္ ကတ္သြားဝယ္ကာ ဖုန္းေလးကိုင္ၿပီး ထိုင္ေစာင့္ေနသည္။

မနက္ တစ္ခ်က္၊ ႏွစ္ခ်က္ေလာက္မွ သိရမည္ထင္ခဲ့သည္။ ည ၁၂ နာရီခြဲေက်ာ္ေတာ့ ဖုန္းေတြလာသည္။ သားႀကီး ခ်စ္ကို ေအာင္သည္တဲ့။ ထိုက်မွ ဖုန္းဖြင့္၊ အင္တာနက္ဖြင့္ကာသား ခုံနံပါတ္ရွာေတာ့ ဟုတ္ပါသည္ သားႀကီးအမည္ေအာင္ စာရင္းမွာ ပါလာခဲ့ေလၿပီ။

ေဒၚေခ်ာစုတို႔ တစ္မိသားစု လုံး မ်က္ရည္မဆည္ႏိုင္။ တစ္ည လုံးလည္း အိပ္မရၾက။ သားႀကီး သူငယ္ခ်င္းေတြကလည္း ဖုန္း ဆက္ေျပာၾက။ တစ္မိသားစုလုံး ရင္ေတြနာက်င္ရသည္။

သားအတြက္ ေဒၚေခ်ာစု တို႔ မ်က္ရည္က်ရျပန္ေလၿပီ။ ေဒၚေခ်ာစု မ်က္ရည္မက်ျဖစ္ ေအာင္ ႀကိဳးစားၿပီး ထိန္းပါသည္။ သားက ေဒၚေခ်ာစု မ်က္ရည္က် တာကို မႀကိဳက္ပါ။ မျမင္ခ်င္ပါ။ သားမျမင္လိုသည့္ ျမင္ကြင္းကို ေဒၚေခ်ာစု မျဖစ္ေစလိုပါ။

သို႔ေသာ္ မ်က္ရည္ေတြက တားမရ။သူ႔အေဖဆို မ်က္ရည္မက်ေအာင္မ်က္ႏွာကို အေပၚေမာ့ထားေသာ္ လည္း ဘယ္လိုမွထိန္းမရ။ သား ႀကီးကို သူက သိပ္ခ်စ္သည္။သားႀကီးကို ခ်စ္စႏိုးႏွင့္ မၾကာခဏ လည္း ဆဲသည္။ သားႀကီးက သူ႔ အေဖဆဲေလေပ်ာ္ေလ။

သားႀကီးက ဆယ္တန္းေအာင္လွ်င္ ေဒၚေခ်ာစုတို႔ မိဘ ႏွစ္ပါးကို ပူဆာထားတာတစ္ခုရွိ သည္။ ေငြကုန္ေၾကးက်မ်ားမည့္ ပစၥည္းတစ္ခုခုမဟုတ္ပါ။

‘‘အေမသားစာေမးပြဲေအာင္ရင္ သကၤန္းေလး တစ္ပတ္ေလာက္ ဆီးခ်င္ လို႔’’တဲ့။ ေဒၚေခ်ာစုတို႔ ျဖစ္ေအာင္လုပ္ေပးမည့္အေၾကာင္း ေျပာခဲ့ၾကပါသည္။ ခုသား စာေမးပြဲေအာင္ခဲ့ၿပီ။ သကၤန္းဆီးေပးခ်င္ သည္။ သို႔ေသာ္ သားက ဘယ္မွာ နည္း။

သားသာ ဒီလိုရက္မ်ိဳးမွာ သားႀကီးရွိေနမည္ဆိုလွ်င္ ဘယ္ ေလာက္ေတာင္ ေပ်ာ္လိုက္မည္ နည္း။ သားႀကီးခမ်ာ ေလးႏွစ္ ေတာင္ ဇြဲနပဲရွိရွိ ခက္ခက္ခဲခဲေျဖ ဆိုသြားခဲ့ရရွာသူ။ သူ႔ေအာင္ျမင္မႈေလးေတာင္မွ သိမသြားခဲ့ရ။

ေအာင္စာရင္းမွာ သူ႔နာမည္ေလး ပါတာျမင္ရဖို႔ ႀကိဳးစားခဲ့သည္မ်ား ေရကုန္ေရခန္း။ ေက်ာင္းစရိတ္ အတြက္ အသက္ေပးခဲ့ရသူ။ ဘဝ ေတြက ခါးခဲ့ေလသည္။

ညက ေအာင္စာရင္းသိရၿပီး ေတာ့ ေဒၚေခ်ာစု ႏႈတ္ကေန တစ္ ေယာက္တည္း ေျပာေနသံကို မိသားစု ေဆြမ်ိဳးေတြၾကားခဲ့ရ သည္။ အားလုံးစိတ္မေကာင္းၾက။ မ်က္ရည္လည္႐ႊဲျဖစ္ခဲ့ၾကရ သည္။ ရင္ဝဆို႔တက္လာခဲ့ၾက သည္။

‘‘ငါ့သားေရ။ ခ်စ္ကိုေရ။ မင္းေအာင္သြားၿပီ ငါ့သားေလးေရ’’ တဲ့။

7day ညီညီေဇာ္