အကောက်ခွန် ပြောင်းလဲမှုကြောင့် ကားဈေးများ ထပ်ကျပါပြီ ..

အကောက်ခွန်နှုန်းပြောင်းလဲမှုကြောင့် ကားဈေးများ ထပ်ကျပါပြီ

ယခုအခါ ကိုဗစ်ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် အခွန်ကောက်ခံလျက်ရှိသော လူစီးမော်တော်ယာဉ်များအတွက်

အင်ဂျင်ပါဝါ 2000 CC နှင့်အောက်ကို လက်ရှိအကောက်ခွန်နှုန်း ၃၀% မှ ၂၀% သို့လည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့်အထက်ကို ၄၀% မှ ၃၀% ထိလျှော့ချလိုက်ပြီလို့ အစိုးရက ကြေငြာလိုက်တာပါ။

2018 Honda CRV ဆို သိန်း ၃၀ လောက်သက်သာသွားပါပြီ။

2018 Lexus NX ဆို သိန်း ၅၀ ဝန်းကျင်သက်သာသွားပါပြီ။

2018-2019 Chevrolet Malibu ဆို သိန်း ၂၀ ကျော်သက်သာသွားပါပြီ။

CIF တန်ဖိုးများလေ ဈေးကျလေ ဝယ်မယ့်သူအတွက် သက်သာလေပါ။

ကားဈေးမပါ ပဲ အခွန်သီးသန့် ၁၀% သက်သာသွားမှာဖြစ်တဲ့အတွက် အပြီးအစီးဈေးက ကားပေါ်မူတည်ပြီး ၅% နဲ့အထက် သက်သာသွားမှာပါ။

ဥပမာ –သိန်း ၄၀၀ တန်ခဲ့တဲ့ကားက သိန်း ၃၈၀ ခန့်

သိန်း ၁၀၀၀ တန်ခဲ့တဲ့ကားက သိန်း ၉၅၀ ခန်

သိန်း ၂၀၀၀ တန်ခဲ့တဲ့ကားက သိန်း ၁၉၀၀ ခန့်

Zawgyi












Be the first to comment

Leave a Reply

Your email address will not be published.


*