သြဂုတ်လ(၉)ရက်နေ့မှာ ထုတ်ပြန်မည့် ဆယ်တန်းအောင်စာရင်း ကျောင်းတွေမှာ လုံးဝမကပ်ပါ

သြဂုတ်လ(၉)ရက်နေ့မနက်(၀၀: ၃၀)နာရီခွဲမှာ ထုတ်ပြန်မည့် ဆယ်တန်းအောင်စာရင်း ကျောင်းတွေ မှာ လုံးဝ မကပ်ပါ။ အောင်စာရင်း ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်ရပါမယ် …။

(၁၀) တန်းအောင်စာရင်းကို ကျောင်းတွေမှာ လုံးဝ မကပ်ပါဘူး၊ လိုင်း‌ပေါ် ကနေ ကြည့်ရပါမယ် ၊

အောင်စာရင်း ကြည့်ချင် ရင် ဒီနေရာမှာ ကြည့်ပေးပါ (www. myanmarexam. org)

(၁၀) တန်းအောင်စာရင်းတွေ ကို သြဂုတ်လ( ၉ )ရက်နေ့မနက်( ၀၀: ၃၀ )နာရီခွဲမှာ ထုတ်ပြန်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဆီ ညွှန်ကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ် …။

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ သြဂုတ်လ(၉)ရက်နေ့မှာ

www. myanmarexam. org ဝဘ်ဆိုဒ်ကနေ ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် …။

“ ( ၈ )လပိုင်း ( ၉ )ရက်နေ့ပေါ့…ကျောင်းတွေ မှာလည်း မကပ်ရဘူးတဲ့..” လို့ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ် …။

အဲဒီလိုထုတ်ပြန်ပေးဖို့ ညွှန်ကြားစာကို တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေဆီ ဇူလိုင်လ( ၂၈ ) ရက်က ပေးပို့ထားတာ လို့ သိရပါတယ် …။

အဲဒီကိစ္စကိုအတည်ပြုနိုင်ဖို့ စာစစ်ဦးစီးဌာန ကို ဆက်သွယ်ခဲ့ ချိန်မှာတော့ “ အထက်ကိုတင်ပြထားတယ်…

ပြန်မကျသေးဘူးဗျ…ကျွန်တော်တို့ ကြိုပြီး ကြေညာ ပါ့မယ်…”လို့

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ် …။ ဆယ်တန်းအောင်စာရင်းထုတ်ပြန်တဲ့ရက်ကိုတော့

နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်မြင်သံကြားကနေ ထုတ်ပြန်ပေးသွားမ ယ်လို့လည်း သူကပြော ပါတယ် ။

အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၅၁)ယောက် တွေ့ရှိခဲ့ပြီး အဲဒီထဲမှာပြန်ကောင်းမွန်သူ ( ၂၉၃ )ယောက် နဲ့ သေဆုံးသူ( ၆ )ယောက်ရှိနေပါတယ် …။

အောင်စာရင်းကြည့်ရန် – ဒီလင့်ခ်မှာပါ – https://www. myanmarexam .org/

Zawgyi















Be the first to comment

Leave a Reply

Your email address will not be published.


*