အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသူများအတွက် ဆောင်ရွက်ပေးသွားမည့်အစီအစဉ် ..

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များ တွင် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးသွားမည့်အစီအစဉ်

၁။ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်း နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ယာယီရပ်ဆိုင်းထားမှုကြောင့်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ အစီအမံများကြောင့်လည်းကောင်း

ပြည်ပတွင် အခက်အခဲ များ ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံသားများအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပါသည်။

သို့ရာတွင် နိုင်ငံတကာ ခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ပြည်ပ သို့ အကြောင်း အမျိုးမျိုးဖြင့် အရေးပေါ်ထွက်ခွာလိုသည့် မြန်မာ နိုင်ငံသားများသည်လည်း အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရှိရပါသည်။

၂။ ထို့ကြောင့် နိုင်ငံတကာခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်း ထားစဉ်ကာလအတွင်း ပြည်ပတွင် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူများ အတွက်လည်းကောင်း၊

ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ သင်္ဘောသားများအတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်ဖြစ်စေ၊

မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင် များ၊ ကျောင်းသူ၊ ကျောင်းသားများအတွက် လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ်သွားရောက်ရန်

လိုအပ်နေ သူများအတွက်လည်းကောင်း အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ကြ စေရန် ရှေးရှုလျက်၊ ပြည်ပသို့ထွက်ခွာမည့် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များ၊

အထူးလေယာဉ် (Special Flight) များတွင် လိုက်ပါခွင့် ရရှိစေရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်‌ပေးသွားမည် ဖြစ်ပါသည်။

၃။ ထိုသို့ ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် ပြည်ပနိုင်ငံသို့ အရေးတကြီး သွားရောက်လိုသူ မြန်မာနိုင်ငံသားများအတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –

(က) မြန်မာနိုင်ငံမှ ထွက်ခွာမည့် Relief Flight၊ Special Flight နှင့် Cargo Flight အချိန်ဇယားများအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းညှိနှိုင်းလျက် ကြေညာသွားမည် ဖြစ်ပါသည်။

(ခ) ထိုသို့ ပြည်ပသို့ သွားရောက်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားသော ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအလိုက် လိုအပ်သည့်

အထောက်အထားစာရွက် စာတမ်းများအား ကြိုတင်ပြင်ဆင်ထားရှိရန်ဖြစ်ပြီး ပြည်ဝင်ဗီဇာ လျှောက်ထားခြင်းလုပ်ငန်းကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာသံရုံးများသို့ မိမိအစီအစဉ်ဖြင့် တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။

(ဂ) အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးတကြီး သွားရောက် လိုသူများအနေဖြင့် လျာထား ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအရ သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ

ကြိုတင်စာရင်းပေးသွင်းပြီးနောက် အဆိုပါလေကြောင်းလိုင်းများမှ ခရီးသည်များ သွားရောက်မည့်နိုင်ငံ များ၏ ပြည်ဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသူ စာရင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့မည်ဖြစ်ပါသည်။

(ခြွင်းချက် အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုခံယူမည့်သူများနှင့် လူနာစောင့်များနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းသံရုံးသို့ သံတမန်စာဖြင့် ညှိနှိုင်းပေးရန် လိုအပ်ချက်အရ ကာယကံရှင်များ အနေဖြင့်

လေကြောင်းလိုင်းသို့ စာရင်းပေးသွင်းသည်နှင့်တစ်ပြိုင်နက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ တင်ပြရန် လိုအပ်ပါသည်။)

(ဃ) နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းသို့ပေးပို့လာသည့် ခရီးသည်စာရင်းအား ချမှတ်ထားသည့် ဦးစားပေးအစီအစဉ်အလိုက် စိစစ်လျက် အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ခွင့်ပြုချက်တောင်းခံ ရယူပြီး

ကယ်ဆယ်ရေး/အထူးလေယာဉ်များတွင် လိုက်ပါနိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သံရုံးများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(င) ထိုသို့ သက်ဆိုင်ရာ လေယာဉ်ခရီးစဉ်များအလိုက် လိုက်ပါခွင့်ရရှိသူ အတည်ပြုစာရင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းများ သို့ ပြန်လည်ပေးပို့ သွားမည် ဖြစ်ပြီး၊

လိုက်ပါခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ ဆက်သွယ်၍ လေယာဉ် လက်မှတ်ဝယ်ယူရေး ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

(စ) ပြည်ပသို့ သွားရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လိုအပ်ချက်အရ COVID-19 ကင်းရှင်းကြောင်း ဓါတ်ခွဲစစ်ဆေးချက် ရယူနိုင်ရေးအတွက် အမျိုးသား

ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့မဟုတ် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) တို့တွင် မိမိအစီအစဉ်ဖြင့် ဓါတ်ခွဲစစ်ဆေးခြင်း ခံယူရန် ဖြစ်ပါသည်။

(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓါတ်ခွဲစစ်ဆေးပေးနိုင်မှု အကန့်အသတ်အရ သက်ဆိုင်ရာ ကယ်ဆယ်ရေး/အထူးလေယာဉ်များ တွင် အတည်ပြုလိုက်ပါခွင့် ရရှိသူများကိုသာ သတ်မှတ်ရက်အတွင်း ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ် ပေးမည်ဖြစ်ပါသည်။)

(ဆ) မြန်မာနိုင်ငံဘက်မှ ထွက်ခွာသည့် ကယ်ဆယ်ရေး/အထူးလေယာဉ် များဖြင့် ဆုံရပ်နိုင်ငံများမှတစ်ဆင့် (အထူးသဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်) လေယာဉ်ကူးပြောင်း လိုက်ပါမည့် သူများအနေဖြင့်

လေဆိပ်တွင် Transit စောင့်ဆိုင်းခွင့်ပြုချိန် (၂၄) နာရီ အတွင်း မိမိတို့သွားရောက်မည့် နိုင်ငံသို့ ကူးပြောင်းခရီးစဉ် ချိတ်ဆက် လိုက်ပါနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန်နှင့် ယင်းသို့ စီစဉ်ထားရှိသည့်

လေယာဉ်လက်မှတ်အား သက်ဆိုင်ရာလေကြောင်းလိုင်းသို့ တစ်ပါတည်း ပြသရန်လိုအပ်မည် ဖြစ်ပါသည်။

၄။ လက်ရှိတွင် ပြည်ပနိုင်ငံအများစု၌ COVID-19 ကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ပြည်ဝင်ကန့်သတ်များ ချမှတ်ဆောင်ရွက်ထားဆဲဖြစ်ရာ ပြည်ပနိုင်ငံအသီးသီးသို့ အကြောင်း အမျိုးမျိုးဖြင့်

သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများမှ ချမှတ်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လိုအပ်ချက် များနှင့်

စည်းကမ်းသတ်မှတ်ချက်များအား ကြိုတင် လေ့လာထားကြရန်နှင့် တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်

Zawgyi

အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ အေရးတႀကီး သြားေရာက္ရန္ လိုအပ္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား ကယ္ဆယ္ေရးေလယာဥ္မ်ား တြင္ လိုက္ပါႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည့္အစီအစဥ္

၁။ COVID-19 ကပ္ေရာဂါ ျဖစ္ပြားမႈကာလအတြင္း ႏိုင္ငံတကာ ခရီးသည္တင္ေလယာဥ္မ်ား ယာယီရပ္ဆိုင္းထားမႈေၾကာင့္လည္းေကာင္း၊ သက္ဆိုင္ရာႏိုင္ငံမ်ား၏ COVID-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ ေရးဆိုင္ရာ အစီအမံမ်ားေၾကာင့္လည္းေကာင္း

ျပည္ပတြင္ အခက္အခဲ မ်ား ႀကဳံေတြ႕ေနၾကရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ အေနျဖင့္ ကယ္ဆယ္ေရးေလယာဥ္ မ်ားျဖင့္ ျပန္လည္ေခၚေဆာင္ေပးလ်က္ရွိပါသည္။

သို႔ရာတြင္ ႏိုင္ငံတကာ ခရီးသည္ေလယာဥ္မ်ား ယာယီရပ္ဆိုင္းထားသည့္ကာလအတြင္း ျပည္ပ သို႔ အေၾကာင္း အမ်ိဳးမ်ိဳးျဖင့္ အေရးေပၚထြက္ခြာလိုသည့္ ျမန္မာ ႏိုင္ငံသားမ်ားသည္လည္း အခက္အခဲမ်ား ႀကဳံေတြ႕ေနၾကရေၾကာင္း သိရွိရပါသည္။

၂။ ထို႔ေၾကာင့္ ႏိုင္ငံတကာခရီးသည္ေလယာဥ္မ်ား ယာယီရပ္ဆိုင္း ထားစဥ္ကာလအတြင္း ျပည္ပတြင္ ေဆးကုသမႈႏွင့္ ခြဲစိတ္ကုသမႈ ေဆာင္႐ြက္ရန္ အေရးေပၚ သြားေရာက္လိုသူမ်ား အတြက္လည္းေကာင္း၊

ျပည္ပတြင္ အလုပ္လုပ္ကိုင္ရန္ လုပ္ငန္းခြင္သို႔ အခ်ိန္မီ ဝင္ေရာက္ရန္ လိုအပ္ေနသည့္ အလုပ္သမားမ်ား၊ သေဘၤာသားမ်ားအတြက္ လည္းေကာင္း၊ ႏိုင္ငံေတာ္အစိုးရ အစီအစဥ္ျဖင့္ျဖစ္ေစ၊

မိမိအစီအစဥ္ျဖင့္ ျဖစ္ေစ ျပည္ပတြင္ ပညာသင္ၾကားရန္ သြားေရာက္ၾကရမည့္ ပညာသင္ မ်ား၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအတြက္ လည္းေကာင္း၊ အျခား အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပသို႔ အေရးေပၚသြားေရာက္ရန္

လိုအပ္ေန သူမ်ားအတြက္လည္းေကာင္း အဆင္ေျပေခ်ာေမြ႕စြာ ထြက္ခြာႏိုင္ၾက ေစရန္ ေရွးရႈလ်က္၊ ျပည္ပသို႔ထြက္ခြာမည့္ ကယ္ဆယ္ေရး ေလယာဥ္ (Relief Flight) မ်ား၊

အထူးေလယာဥ္ (Special Flight) မ်ားတြင္ လိုက္ပါခြင့္ ရရွိေစေရးအတြက္ ညႇိႏႈိင္းစီစဥ္ေဆာင္႐ြက္‌ေပးသြားမည္ ျဖစ္ပါသည္။

၃။ ထိုသို႔ ကယ္ဆယ္ေရး/အထူးေလယာဥ္မ်ားျဖင့္ ျပည္ပႏိုင္ငံသို႔ အေရးတႀကီး သြားေရာက္လိုသူ ျမန္မာႏိုင္ငံသားမ်ားအတြက္ ေအာက္ေဖာ္ျပပါ လုပ္ငန္းစဥ္မ်ားအတိုင္း စီစဥ္ေဆာင္႐ြက္ ေပးသြားမည္ ျဖစ္ပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္ –

(က) ျမန္မာႏိုင္ငံမွ ထြက္ခြာမည့္ Relief Flight၊ Special Flight ႏွင့္ Cargo Flight အခ်ိန္ဇယားမ်ားအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔မွ ပူးေပါင္းညႇိႏႈိင္းလ်က္ ေၾကညာသြားမည္ ျဖစ္ပါသည္။

(ခ) ထိုသို႔ ျပည္ပသို႔ သြားေရာက္လိုေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ားမွ သတ္မွတ္ထားေသာ ျပည္ဝင္ခြင့္ဆိုင္ရာ ကန႔္သတ္ခ်က္မ်ားအလိုက္ လိုအပ္သည့္

အေထာက္အထားစာ႐ြက္ စာတမ္းမ်ားအား ႀကိဳတင္ျပင္ဆင္ထားရွိရန္ျဖစ္ၿပီး ျပည္ဝင္ဗီဇာ ေလွ်ာက္ထားျခင္းလုပ္ငန္းကို ရန္ကုန္ၿမိဳ႕ရွိ သက္ဆိုင္ရာသံ႐ုံးမ်ားသို႔ မိမိအစီအစဥ္ျဖင့္ တိုက္႐ိုက္ေလွ်ာက္ထားရမည္ျဖစ္ပါသည္။

(ဂ) အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပသို႔ အေရးတႀကီး သြားေရာက္ လိုသူမ်ားအေနျဖင့္ လ်ာထား ကယ္ဆယ္ေရးေလယာဥ္ခရီးစဥ္မ်ားအရ သက္ဆိုင္ရာေလေၾကာင္းလိုင္းမ်ားသို႔ လိုအပ္သည့္ အေထာက္အထား စာ႐ြက္စာတမ္းမ်ားႏွင့္အတူ

ႀကိဳတင္စာရင္းေပးသြင္းၿပီးေနာက္ အဆိုပါေလေၾကာင္းလိုင္းမ်ားမွ ခရီးသည္မ်ား သြားေရာက္မည့္ႏိုင္ငံ မ်ား၏ ျပည္ဝင္ခြင့္ဆိုင္ရာ လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိသူ စာရင္းအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ဆက္လက္ေပးပို႔မည္ျဖစ္ပါသည္။

(ႁခြင္းခ်က္ အေနျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္၍ ေဆးကုသမႈခံယူမည့္သူမ်ားႏွင့္ လူနာေစာင့္မ်ားႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထိုင္းသံ႐ုံးသို႔ သံတမန္စာျဖင့္ ညႇိႏႈိင္းေပးရန္ လိုအပ္ခ်က္အရ ကာယကံရွင္မ်ား အေနျဖင့္

ေလေၾကာင္းလိုင္းသို႔ စာရင္းေပးသြင္းသည္ႏွင့္တစ္ၿပိဳင္နက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ လိုအပ္သည့္စာ႐ြက္စာတမ္းမ်ားႏွင့္အတူ တင္ျပရန္ လိုအပ္ပါသည္။)

(ဃ) ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္ ယင္းသို႔ေပးပို႔လာသည့္ ခရီးသည္စာရင္းအား ခ်မွတ္ထားသည့္ ဦးစားေပးအစီအစဥ္အလိုက္ စိစစ္လ်က္ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီသို႔ ခြင့္ျပဳခ်က္ေတာင္းခံ ရယူၿပီး

ကယ္ဆယ္ေရး/အထူးေလယာဥ္မ်ားတြင္ လိုက္ပါႏိုင္ေရးအတြက္ လိုအပ္သည္မ်ားကို သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ား၊ သံ႐ုံးမ်ားႏွင့္ ဆက္သြယ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါသည္။

(င) ထိုသို႔ သက္ဆိုင္ရာ ေလယာဥ္ခရီးစဥ္မ်ားအလိုက္ လိုက္ပါခြင့္ရရွိသူ အတည္ျပဳစာရင္းအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေလေၾကာင္းလိုင္းမ်ား သို႔ ျပန္လည္ေပးပို႔ သြားမည္ ျဖစ္ၿပီး၊

လိုက္ပါခြင့္ရရွိသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ေလေၾကာင္းလိုင္းမ်ားသို႔ ဆက္သြယ္၍ ေလယာဥ္ လက္မွတ္ဝယ္ယူေရး ဆက္လက္ေဆာင္႐ြက္ၾကရန္ ျဖစ္ပါသည္။

(စ) ျပည္ပသို႔ သြားေရာက္လိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ လိုအပ္ခ်က္အရ COVID-19 ကင္းရွင္းေၾကာင္း ဓါတ္ခြဲစစ္ေဆးခ်က္ ရယူႏိုင္ေရးအတြက္ အမ်ိဳးသား

က်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔မဟုတ္ ျပည္သူ႔က်န္းမာေရး ဓါတ္ခြဲမႈ ဆိုင္ရာဌာန(မႏၲေလး) တို႔တြင္ မိမိအစီအစဥ္ျဖင့္ ဓါတ္ခြဲစစ္ေဆးျခင္း ခံယူရန္ ျဖစ္ပါသည္။

(က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဓါတ္ခြဲစစ္ေဆးေပးႏိုင္မႈ အကန႔္အသတ္အရ သက္ဆိုင္ရာ ကယ္ဆယ္ေရး/အထူးေလယာဥ္မ်ား တြင္ အတည္ျပဳလိုက္ပါခြင့္ ရရွိသူမ်ားကိုသာ သတ္မွတ္ရက္အတြင္း ဓါတ္ခြဲစစ္ေဆးမႈ ျပဳလုပ္ ေပးမည္ျဖစ္ပါသည္။)

(ဆ) ျမန္မာႏိုင္ငံဘက္မွ ထြက္ခြာသည့္ ကယ္ဆယ္ေရး/အထူးေလယာဥ္ မ်ားျဖင့္ ဆုံရပ္ႏိုင္ငံမ်ားမွတစ္ဆင့္ (အထူးသျဖင့္ ကိုရီးယားသမၼတႏိုင္ငံ၊ အင္ခြၽန္းအျပည္ျပည္ ဆိုင္ရာေလဆိပ္) ေလယာဥ္ကူးေျပာင္း လိုက္ပါမည့္ သူမ်ားအေနျဖင့္

ေလဆိပ္တြင္ Transit ေစာင့္ဆိုင္းခြင့္ျပဳခ်ိန္ (၂၄) နာရီ အတြင္း မိမိတို႔သြားေရာက္မည့္ ႏိုင္ငံသို႔ ကူးေျပာင္းခရီးစဥ္ ခ်ိတ္ဆက္ လိုက္ပါႏိုင္ေရး ႀကိဳတင္စီစဥ္ထားရွိရန္ႏွင့္ ယင္းသို႔ စီစဥ္ထားရွိသည့္

ေလယာဥ္လက္မွတ္အား သက္ဆိုင္ရာေလေၾကာင္းလိုင္းသို႔ တစ္ပါတည္း ျပသရန္လိုအပ္မည္ ျဖစ္ပါသည္။

၄။ လက္ရွိတြင္ ျပည္ပႏိုင္ငံအမ်ားစု၌ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္ ေရးဆိုင္ရာ ျပည္ဝင္ကန႔္သတ္မ်ား ခ်မွတ္ေဆာင္႐ြက္ထားဆဲျဖစ္ရာ ျပည္ပႏိုင္ငံအသီးသီးသို႔ အေၾကာင္း အမ်ိဳးမ်ိဳးျဖင့္

သြားေရာက္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ သက္ဆိုင္ရာ ႏိုင္ငံမ်ားမွ ခ်မွတ္ထားေသာ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဆိုင္ရာ လိုအပ္ခ်က္ မ်ားႏွင့္

စည္းကမ္းသတ္မွတ္ခ်က္မ်ားအား ႀကိဳတင္ ေလ့လာထားၾကရန္ႏွင့္ တိက်စြာ လိုက္နာ ေဆာင္႐ြက္ၾကရန္ လိုအပ္မည္ ျဖစ္ပါေၾကာင္းကိုလည္း အသိေပးအပ္ပါသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေနျပည္ေတာ္ ရက္စြဲ၊ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ ၂၇ ရက္