1 94

ဘဝဇာတ္ခုံေပၚမွ ကံၾကမၼာေတြ

ပုံ(၁)က က်ဆံုးသြားတ့ဲအရာရွိရယ္ သူ႔မိခင္ရယ္ – သူ႔အမရယ္ေပါ့…

1 2

ပုံ(၂)ကက်ဆံုးသူအရာရွိရယ္-သူ႔ဇနီးရယ္…

2 37

ပုံ(၃)ကက်ဆံုးသူအရာရွိရယ္ …သူ႔အမ(အရင္း)ရယ္….သူရဲ႕တူမေလး(အမသမီး)ရယ္ …

3 27

ဒီပုံေလးေတြထဲက အရာရွိဟာ မေန႔ညကျဖစ္ခ့ဲတ့ဲ ေျမာက္ဦးျဖစ္စဥ္မွာ တိုက္ပြဲဝင္ရင္း အသက္စြန္႔သြားသူပါ …

ဒီအရာရွိရဲ႕ ဖခင္ဟာလည္း တပ္မေတာ္သားတဦးပါ …အေစာပိုင္းကာလ ကရင္ျပည္နယ္စစ္ဆင္ေရးတစ္ခုျဖစ္တ့ဲ မဲသေဝါတိုက္ပြဲမွာ တိုက္ပြဲဝင္ရင္းက်ဆံုးသြားခ့ဲတဲ့ (ဗိုလ္မႈး သူရ ျမင့္စိုး)ဆိုသူျဖစ္ပါတယ္ … စစ္သားတေယာက္တိုက္ခိုက္ရင္းစစ္ေျမျပင္မွာ က်ဆံုးတာအထူးအဆန္းမဟုတ္ေပမယ့္ လူသားတဦးအေနနဲ႔ျပန္စဥ္းစားရင္ေတာ့ အ့ဲဒိအခ်ိန္က အျဖစ္ဟာ ေၾကကြဲစရာ ဇာတ္လမ္းတခုျဖစ္ခ့ဲပါတယ္…

ဒီအရာရွိေလးရဲ႕ဖခင္ျဖစ္သူ ဗိုလ္မႈးသူရျမင့္စိုး တိုက္ပြဲက်ဆံုးခ်ိန္မွာ ဒီအရာရွိဟာ လူ႔ေလာကကိုမေရာက္ရွိေသးဘဲ မိခင္ဝမ္းတြင္းမွာပဲ သေႏၶသားအျဖစ္နဲ႔တည္ရွိေနပါေသးတယ္ … ဒီအရာရွိေလး ေမြးဖြါးလာခ်ိန္မွ ယခုက်ဆံုးခ်ိန္ထိသူဟာ ဖခင္ကို ျမင္ေတြ႕သြားခ့ဲရျခင္း မရခ့ဲသူပါ …

ဖခင္ရဲ႕ဓါတ္ပုံေလးကိုသာ ေဟာဒါမင္းရဲ႕အေဖ ကိုျမင့္စိုးေပါ့လို႔ သူ႕အေမကဓါတ္ပုံေလးကို လက္နဲ႔ေထာက္ၿပီးျပခ့ဲတာကို ကေလးဘဝထဲက ခံစားခ့ဲရသူျဖစ္ခ့ဲပါတယ္… ေမြးဖြါးခ်ိန္မွ ယခုသူတိုက္ပြဲက်ဆံုးခ်ိန္ထိ “အေဖ´´ဆိုတ့ဲစကား သူတခါမွမေခၚခ့ဲရရွာသူပါ …

သူရဲ႕ မိခင္ဟာလည္း စစ္သားတေယာက္ရဲ႕ဇနီးမယားပီပီ စိတ္ဓါတ္ႀကံ႕ခိုင္စြာနဲ႔ ေလာကအလယ္မွာ က်န္ခ့ဲတ့ဲ လူလားမေျမာက္ေသးတ့ဲ သမီးနဲ႔သားကို ေခတ္ပညာတတ္ေတြျဖစ္လာေအာင္ မိန္းမသားတန္မယ့္ … ၾကမ္းတမ္းတ့ဲ ေလာကဒါဏ္ခရီးကို သားသမီးေဇာနဲ႔ခက္ခဲစြာေက်ာ္ျဖတ္ရင္ဆိုင္ရင္း ကေလးေတြကိုလူလားေျမာက္ေအာင္ လူရာဝင္ေအာင္လုပ္ကိုင္ေပးခ့ဲရသူပါ …

ခုလို ေကာင္းမြန္တ့ဲ မိသားစုေလးတခုကိုျဖစ္ေျမာက္ေအာင္တည္ေဆာက္ၿပီးခ်ိန္မွာ … သူရဲ႕သားငယ္တေယာက္ တိုင္းျပည္တာဝန္ထမ္းရင္း အသက္စြန္႔က်ဆံုးရွာၿပီဆိုတ့ဲအသံၾကားရခ်ိန္မွာ … မိခင္အိုတေယာက္ ကမၻာပ်က္သလိုခံစားလိုက္ရတာဘယ္သူမွ မသိလိုက္ပါဘူး …..။

9/4/2019-ေန႔ေျမာက္ဦးတြင္က်ဆံုးခ့ဲေသာ ၾကယ္တပြင့္အတြက္ ဝမ္းနည္းစြာ ဂုဏ္ျပဳမွတ္တမ္းတင္ပါသည္ …။ crd. Bo Kyaw

Unicode

ဘဝဇာတ်ခုံပေါ်မှ ကံကြမ္မာတွေ

ပုံ(၁)က ကျဆုံးသွားတဲ့အရာရှိရယ် သူ့မိခင်ရယ် – သူ့အမရယ်ပေါ့…

ပုံ(၂)ကကျဆုံးသူအရာရှိရယ်-သူ့ဇနီးရယ်…

ပုံ(၃)ကကျဆုံးသူအရာရှိရယ် …သူ့အမ(အရင်း)ရယ်….သူရဲ့တူမလေး(အမသမီး)ရယ် …

ဒီပုံလေးတွေထဲက အရာရှိဟာ မနေ့ညကဖြစ်ခဲ့တဲ့ မြောက်ဦးဖြစ်စဉ်မှာ တိုက်ပွဲဝင်ရင်း အသက်စွန့်သွားသူပါ …

ဒီအရာရှိရဲ့ ဖခင်ဟာလည်း တပ်မတော်သားတဦးပါ …အစောပိုင်းကာလ ကရင်ပြည်နယ်စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ မဲသဝေါတိုက်ပွဲမှာ တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့တဲ့ (ဗိုလ်မှုး သူရ မြင့်စိုး)ဆိုသူဖြစ်ပါတယ် … စစ်သားတယောက်တိုက်ခိုက်ရင်းစစ်မြေပြင်မှာ ကျဆုံးတာအထူးအဆန်းမဟုတ်ပေမယ့် လူသားတဦးအနေနဲ့ပြန်စဉ်းစားရင်တော့ အဲ့ဒိအချိန်က အဖြစ်ဟာ ကြေကွဲစရာ ဇာတ်လမ်းတခုဖြစ်ခဲ့ပါတယ်…

ဒီအရာရှိလေးရဲ့ဖခင်ဖြစ်သူ ဗိုလ်မှုးသူရမြင့်စိုး တိုက်ပွဲကျဆုံးချိန်မှာ ဒီအရာရှိဟာ လူ့လောကကိုမရောက်ရှိသေးဘဲ မိခင်ဝမ်းတွင်းမှာပဲ သန္ဓေသားအဖြစ်နဲ့တည်ရှိနေပါသေးတယ် … ဒီအရာရှိလေး မွေးဖွါးလာချိန်မှ ယခုကျဆုံးချိန်ထိသူဟာ ဖခင်ကို မြင်တွေ့သွားခဲ့ရခြင်း မရခဲ့သူပါ …

ဖခင်ရဲ့ဓါတ်ပုံလေးကိုသာ ဟောဒါမင်းရဲ့အဖေ ကိုမြင့်စိုးပေါ့လို့ သူ့အမေကဓါတ်ပုံလေးကို လက်နဲ့ထောက်ပြီးပြခဲ့တာကို ကလေးဘဝထဲက ခံစားခဲ့ရသူဖြစ်ခဲ့ပါတယ်… မွေးဖွါးချိန်မှ ယခုသူတိုက်ပွဲကျဆုံးချိန်ထိ “အဖေ´´ဆိုတဲ့စကား သူတခါမှမခေါ်ခဲ့ရရှာသူပါ …

သူရဲ့ မိခင်ဟာလည်း စစ်သားတယောက်ရဲ့ဇနီးမယားပီပီ စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ လောကအလယ်မှာ ကျန်ခဲ့တဲ့ လူလားမမြောက်သေးတဲ့ သမီးနဲ့သားကို ခေတ်ပညာတတ်တွေဖြစ်လာအောင် မိန်းမသားတန်မယ့် … ကြမ်းတမ်းတဲ့ လောကဒါဏ်ခရီးကို သားသမီးဇောနဲ့ခက်ခဲစွာကျော်ဖြတ်ရင်ဆိုင်ရင်း ကလေးတွေကိုလူလားမြောက်အောင် လူရာဝင်အောင်လုပ်ကိုင်ပေးခဲ့ရသူပါ …

ခုလို ကောင်းမွန်တဲ့ မိသားစုလေးတခုကိုဖြစ်မြောက်အောင်တည်ဆောက်ပြီးချိန်မှာ … သူရဲ့သားငယ်တယောက် တိုင်းပြည်တာဝန်ထမ်းရင်း အသက်စွန့်ကျဆုံးရှာပြီဆိုတဲ့အသံကြားရချိန်မှာ … မိခင်အိုတယောက် ကမ္ဘာပျက်သလိုခံစားလိုက်ရတာဘယ်သူမှ မသိလိုက်ပါဘူး …..။

9/4/2019-နေ့မြောက်ဦးတွင်ကျဆုံးခဲ့သော ကြယ်တပွင့်အတွက် ဝမ်းနည်းစွာ ဂုဏ်ပြုမှတ်တမ်းတင်ပါသည် …။ crd. Bo Kyaw

Facebook Comments