ဇူလိုင္ ၁ ရက္မွစၿပီး ယာဥ္ပိုင္ရွင္ကိုယ္တိုင္ လာေရာက္စရာမလိုဘဲ အမည္ေျပာင္းခြင့္ ရမည္

ဇူလိုင် ၁ ရက်မှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်း ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ဇွန် ၃၀ ရက်တွင် အသိပေးကြေညာထားသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ယာဉ်အမည်ပြောင်းဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန်နှင့်

အကြောင်းအမျိုးမျိုးကြောင့်ယာဉ်ပိုင်ရှင်များ လူကိုယ်တိုင်လာရောက်ရေး အခက်အခဲမဖြစ်စေရန် ရည်ရွယ်၍ ယာဉ်အမည်ပြောင်းပိုင်ရှင်ကိုယ်တိုင် လုပ်ငန်းလာရောက်ဆောင်ရွက်ခြင်းအား ဖြေလျှော့ပေးခြင်းဖြစ်သည်။

“အရင်က ယာဉ်အမည်ပြောင်းဆောင်ရွက်တာကို ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့ လုပ်ထားတာကနေ ကိုဗစ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေဖို့နဲ့ ပိုင်ရှင်တွေအခက်အခဲမရှိစေဖို့အတွက်

ဇူလိုင် ၁ ရက်ကစပြီး ယာဉ်အမည်ပေါက်ပြောင်းလဲတာကို ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့မလိုတော့ဘဲ ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်”ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနရုံးချူပ်မှ

ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်က ဇွန် ၃၀ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောကြားသည်။

ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူ ပြီးကြောင်း အခွန်ပုံစံ၌ အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊

အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၁၀)မူရင်း၊ အရောင်းအဝယ်စာချုပ်၊ ပြည်တွင်းအခွန်တွင် ယာဉ်ဝယ်ယူခြင်းအတွက် အခွန်စည်းကြပ်မှုခံယူပြီးကြောင်း အခွန်ပုံစံနှင့် လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏

နိုင်ငံသားစိစစ်ရေးကတ်မူရင်း တင်ပြပြီး ယာဉ်ပိုင်ရှင်ကိုယ်တိုင်မဟုတ်ဘဲလာရောက်သူကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

၂၀၁၉ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ် မ ၂၅ အရ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေဖြင့် မော်တော်ယာဉ်ဝယ်ယူပါက တစ်ကျပ်မှ ကျပ်သိန်း ၁ထောင်အထိကို ၃ ရာခိုင်နှုန်း၊

ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်း ၃ ထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ ထောင်အထက်မှ ကျပ်သိန်း ၁ သောင်းအထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁သောင်းအထက်မှ သိန်း ၃သောင်းအထိကို

၁၅ ရာခိုင်နှုန်း၊ သိန်း ၃ သောင်းအထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် ယာဉ်တန်ဖိုးအလိုက် ရာဖြတ်အခွန်တန်ဖိုးအတိုင်း ယာဉ်အမည်ပြောင်းခွန်ကောက်ခံလျက်ရှိသည်။

မြန်မာတိုင်းမ်

Zawgyi

ဇူလိုင္ ၁ ရက္မွစ၍ ယာဥ္ပိုင္ရွင္ကိုယ္တိုင္ လာေရာက္စရာမလိုဘဲ အမည္ေျပာင္း ေဆာင္႐ြက္ခြင့္ေပးသြားမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႉဦးစီးဌာနမွ ဇြန္ ၃၀ ရက္တြင္ အသိေပးေၾကညာထားသည္။

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႉဦးစီးဌာနမွ ယာဥ္အမည္ေျပာင္းေဆာင္႐ြက္ရာတြင္ လက္ရွိျဖစ္ေပၚေနသည့္ COVID-19 ကပ္ေရာဂါေၾကာင့္ လူစုလူေဝးမျဖစ္ေစရန္ႏွင့္

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ယာဥ္ပိုင္ရွင္မ်ား လူကိုယ္တိုင္လာေရာက္ေရး အခက္အခဲမျဖစ္ေစရန္ ရည္႐ြယ္၍ ယာဥ္အမည္ေျပာင္းပိုင္ရွင္ကိုယ္တိုင္ လုပ္ငန္းလာေရာက္ေဆာင္႐ြက္ျခင္းအား ေျဖေလွ်ာ့ေပးျခင္းျဖစ္သည္။

“အရင္က ယာဥ္အမည္ေျပာင္းေဆာင္႐ြက္တာကို ပိုင္ရွင္ကိုယ္တိုင္လာေရာက္ေဆာင္႐ြက္ဖို႔ လုပ္ထားတာကေန ကိုဗစ္ေရာဂါေၾကာင့္ လူစုလူေဝးမျဖစ္ေစဖို႔နဲ႔ ပိုင္ရွင္ေတြအခက္အခဲမရွိေစဖို႔အတြက္

ဇူလိုင္ ၁ ရက္ကစၿပီး ယာဥ္အမည္ေပါက္ေျပာင္းလဲတာကို ပိုင္ရွင္ကိုယ္တိုင္လာေရာက္ေဆာင္႐ြက္ဖို႔မလိုေတာ့ဘဲ ေျဖေလွ်ာ့ေပးခဲ့တာျဖစ္ပါတယ္”ဟု ေနျပည္ေတာ္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႉဦးစီးဌာန႐ုံးခ်ဴပ္မွ

ၫႊန္ၾကားေရးမႉး ဦးမ်ိဳးေက်ာ္ေအာင္က ဇြန္ ၃၀ ရက္တြင္ ျမန္မာတိုင္းမ္သို႔ ေျပာၾကားသည္။

ယာဥ္ဝယ္ယူျခင္းအတြက္ ျပည္တြင္းအခြန္ဦးစီးဌာနတြင္ အခြန္စည္းၾကပ္မႈခံယူ ၿပီးေၾကာင္း အခြန္ပုံစံ၌ အမည္ေပါက္ေပးေဆာင္သူ၏ ႏိုင္ငံသားစိစစ္ေရးကတ္မူရင္း၊

အိမ္ေထာင္စုလူဦးေရစာရင္း(ပုံစံ-၁၀)မူရင္း၊ အေရာင္းအဝယ္စာခ်ဳပ္၊ ျပည္တြင္းအခြန္တြင္ ယာဥ္ဝယ္ယူျခင္းအတြက္ အခြန္စည္းၾကပ္မႈခံယူၿပီးေၾကာင္း အခြန္ပုံစံႏွင့္ လုပ္ငန္းလာေရာက္ေဆာင္႐ြက္သူ၏

ႏိုင္ငံသားစိစစ္ေရးကတ္မူရင္း တင္ျပၿပီး ယာဥ္ပိုင္ရွင္ကိုယ္တိုင္မဟုတ္ဘဲလာေရာက္သူကို ေဆာင္႐ြက္ေပးမည္ျဖစ္သည္။

၂၀၁၉ခုႏွစ္ ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒပုဒ္ မ ၂၅ အရ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာေငြျဖင့္ ေမာ္ေတာ္ယာဥ္ဝယ္ယူပါက တစ္က်ပ္မွ က်ပ္သိန္း ၁ေထာင္အထိကို ၃ ရာခိုင္ႏႈန္း၊

က်ပ္သိန္းတစ္ေထာင္အထက္မွ က်ပ္သိန္း ၃ ေထာင္အထိကို ၅ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃ ေထာင္အထက္မွ က်ပ္သိန္း ၁ ေသာင္းအထိကို ၁၀ ရာခိုင္ႏႈန္းႏွင့္ က်ပ္သိန္း ၁ေသာင္းအထက္မွ သိန္း ၃ေသာင္းအထိကို

၁၅ ရာခိုင္ႏႈန္း၊ သိန္း ၃ ေသာင္းအထက္ကို ၃၀ ရာခိုင္ႏႈန္းျဖင့္ ယာဥ္တန္ဖိုးအလိုက္ ရာျဖတ္အခြန္တန္ဖိုးအတိုင္း ယာဥ္အမည္ေျပာင္းခြန္ေကာက္ခံလ်က္ရွိသည္။

ျမန္မာတိုင္းမ္

Be the first to comment

Leave a Reply

Your email address will not be published.


*