ျမန္မာျပည္ထဲက ဘာျမဴဒါ (သို႔ ) ျပန္လမ္းမဲ့အင္း …

မြန်မာပြည်ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဖြစ်စဉ် (၁)

ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် မဟာမိတ်တပ်တွေဟာ စစ်ရှုံးပြီးထွက်ပြေးတဲ့ ဂျပန်တပ်တွေကို လေကြောင်းတိုက်ပွဲတွေ လိုက်လံဆင်နွှဲခဲ့ပါတယ် ။အဲဒီစစ်လေယာဉ်အမြောက်အများဟာ နောင်ယန်းအင်းကို ဖြတ်ပြီးပျံသန်းချိန်မှာ ထူးဆန်းစွာပျောက်ဆုံးသွားကြပါတယ် ။

အင်းထဲပျက်ကျတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြီး စုံစမ်းရှာဖွေဖို့ တပ်ရင်းတစ်ခုကို ထပ်မံစေလွှတ်လိုက်ပေမယ့် ၊ အဲဒီစေလွှတ်ခံရတဲ့ တပ်ရင်းတစ်ရင်းလုံးပါ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတော့တယ် ။

ဒါကတော့ အိန္ဒိယမြန်မာနယ်စပ် ၊ ပန်ဆောင်မြို့အနီးက နောင်ယန်းအင်းလို့ခေါ်တဲ့အင်းတစ်ခုကို ပြန်လမ်းမဲ့အင်း ( T h e L a k e O f N o R e t u r n ) လို့ နာမည်စတွင်စေခဲ့တဲ့ အကြောင်းရင်းများစွာတွေထဲက တစ်ခုပဲဖြစ်ပါတော့တယ် ။

ဖြစ်စဉ် (၂)

စစ်ရှုံးပြီး မြန်မာနိုင်ငံကနေ ပြန်လည်ဆုတ်ခွာသွားတဲ့ ဂျပန်စစ်တပ် တပ်ခွဲတစ်ခွဲဟာ နောင်ယန်းအင်းအနီးမှာ ညအိပ် စခန်းချ ရပ်နားစဉ်မှာပဲ ထူးဆန်းစွာ ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

ဂျပန်စစ်တပ်အကြီးအကဲတွေကတော့ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတု ဒဏ်နဲ့ငှက်ဖျား ရောဂါကြောင့် သေဆုံးကုန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပေမယ့် ဒါဟာလည်း တိကျသေချာတဲ့အဖြေတစ်ခုတော့ မဟုတ်ခဲ့ပြန်ပါဘူး ။

ဖြစ်စဉ် (၃)

ကမ္ဘာကျော် လီဒိုလမ်းမကြီး၊ ဖောက်လုပ်ရာမှာ အလုပ်လုပ်နေတဲ့ အမေရိကန်စစ်သား အဖွဲ့တစ်ဖွဲ့ဟာ နောင်ယန်းအင်း အနီးမှာ ထူးဆန်းစွာနဲ့ ထပ်မံပျောက်ဆုံးခဲ့ပြန်ပါတယ် ။

ထူထပ်တဲ့ ခြုံနွယ်တွေကြောင့် လမ်းပျောက်သွားတာ ဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပေမယ့် ၊ ဒီအဖြစ်အပျက်ဟာ နောင်ယန်းအင်းကို ထပ်မံပြီး ပဟေဠိဆန်စေခဲ့ပါတယ် ။

ဖြစ်စဉ် (၄)

၁၉၄၂ ခုနှစ်မှာ အင်္ဂလိပ်စစ်တပ်တစ်တပ်ဟာလည်း နောင်ယန်းအင်းအနီးမှာ ပျောက်ဆုံးသွားပြန်ပါတယ်။ သဲရှင် (Quicksand) ထဲမှာ သဲကျွံပြီး ပျောက်ဆုံးသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ် ။အဖြေကိုတော့နောင်ယန်းအင်းကလွဲပြီး ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး ။

ဖြစ်စဉ် (၅)

Ten lost Tribes of Israel (အစ္စရေးက ပျောက်ဆုံးသွားတဲ့ မျိုးနွယ်စု ၁၀စု)ဆိုတဲ့ စာအုပ်ရေးခဲ့သူ စာရေးဆရာ တစ်ဦးဟာလဲ ဒီရေကန်အနီးမှာပဲ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ် ။အကြောင်းရင်းကိုတော့ ထုံးစံအတိုင်း တိတိပပ အဖြေရှာ မရခဲ့ပြန်ပါဘူး ။

ဒီလို ပြန်လမ်းမဲ့အင်း ( T h e L a k e O f N o R e t u r n ) ဆိုပြီး နာမည်ကြီးလှတဲ့ နောင်ယန်းအင်းမှာ ဆွတ်ပျံ့လှိုက်မောဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ခုလည်း ရှိနေခဲ့ပြန်ပါတယ် ။

လီဒိုလမ်းမကြီးဖောက်လုပ်စဉ်က ပါဝင်ခဲ့တဲ့ Herman Perry ဟာ တန်ရှန်းနာဂမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးနဲ့ မေတ္တာသက်ဝင်ပြီး ပေါင်းဖက်ဖို့ကြိုးစားပေမယ့် မတူညီတဲ့ လူနေမှုစနစ်ကြား ကြုံတွေ့ရတဲ့ အခက်အခဲတွေများစွာ ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ။

ဒီဇာတ်လမ်းကို စာရေးဆရာ Brendan Koerner က Now the Hell Will Start ဆိုတဲ့စာအုပ်မှာ ဇာတ်လမ်းဆင် ရေးဖွဲ့ထားပါတယ် ။

အချစ်ကြောင့် အလွမ်းတွေ အဆွေးတွေကြောင့်ပြန်လမ်းမဲ့အင်း ( L a k e O f N o R e t u r n ) ဟာ ပိုမိုကျော်ကြားလာခဲ့ပါတော့တယ် ။

၂၀၀၇ ခုနှစ် အတွင်းမှာ အိန္ဒိယနိုင်ငံကထုတ်ဝေတဲ့ The Telegraph သတင်းစာမှာ ကမ္ဘာကျော် ဘာမြူဒါတြိဂံ (Burmuder Triangle) နဲ့ တွဲဖက်ပြီး နောင်ယန်းအင်းကို Local Bermuda Triangle လို့ တင်စား ရေးသားခဲ့ကြောင်း သိရှိရပါတယ် ။

မည်သို့ပင်ဖြစ်ပါစေ … ။ ဒေသခံတွေက နတ်ဘီလူးတွေ ကျက်စားတယ်လို့ ယုံကြည်ကြတဲ့ ၊ အိန္ဒိယ မြန်မာ နယ်စပ်ကို ပိုင်းခြားသတ်မှတ်ထားတဲ့

ပတ်ကွိုင်တောင်တန်းရဲ့ တောင်ခြေမှာရှိတဲ့ ၊ ရေအနည်းဆုံးအချိန်မှာ အလျား ၁ မိုင်နီးပါး ( ၀.၈၇) မိုင် ၊ အနံ ( ၀.၅ ) မိုင် ကျယ်၀န်းတဲ့ နာမည်ကျော် နောင်ယန်းအင်းဟာ ပဟေဠိဆန်တဲ့ အလှတရားတွေနဲ့ ယခုထက်တိုင် နာမည်ကျော်လျက် ရှိနေဆဲပါပဲ … ။

ကိုးကား _ Tun Tun Win’s p o s t

ပုံများနှင့်ကိုးကားစာများအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်ဗျာ

Zawgyi

ျမန္မာျပည္ထဲက ဘာျမဴဒါ (သို႔ ) ျပန္လမ္းမဲ့အင္း

ျဖစ္စဥ္ (၁)

ဒုတိယကမာၻစစ္အတြင္းက အဂၤလိပ္ မဟာမိတ္တပ္ေတြဟာ စစ္ရႈံးၿပီးထြက္ေျပးတဲ့ ဂ်ပန္တပ္ေတြကို ေလေၾကာင္းတိုက္ပြဲေတြ လိုက္လံဆင္ႏႊဲခဲ့ပါတယ္ ။အဲဒီစစ္ေလယာဥ္အေျမာက္အမ်ားဟာ ေနာင္ယန္းအင္းကို ျဖတ္ၿပီးပ်ံသန္းခ်ိန္မွာ ထူးဆန္းစြာေပ်ာက္ဆုံးသြားၾကပါတယ္ ။

အင္းထဲပ်က္က်တာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ၿပီး စုံစမ္းရွာေဖြဖို႔ တပ္ရင္းတစ္ခုကို ထပ္မံေစလႊတ္လိုက္ေပမယ့္ ၊ အဲဒီေစလႊတ္ခံရတဲ့ တပ္ရင္းတစ္ရင္းလုံးပါ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားခဲ့ပါေတာ့တယ္ ။

ဒါကေတာ့ အိႏၵိယျမန္မာနယ္စပ္ ၊ ပန္ေဆာင္ၿမိဳ႕အနီးက ေနာင္ယန္းအင္းလို႔ေခၚတဲ့အင္းတစ္ခုကို ျပန္လမ္းမဲ့အင္း ( T h e L a k e O f N o R e t u r n ) လို႔ နာမည္စတြင္ေစခဲ့တဲ့ အေၾကာင္းရင္းမ်ားစြာေတြထဲက တစ္ခုပဲျဖစ္ပါေတာ့တယ္ ။

ျဖစ္စဥ္ (၂)

စစ္ရႈံးၿပီး ျမန္မာႏိုင္ငံကေန ျပန္လည္ဆုတ္ခြာသြားတဲ့ ဂ်ပန္စစ္တပ္ တပ္ခြဲတစ္ခြဲဟာ ေနာင္ယန္းအင္းအနီးမွာ ညအိပ္ စခန္းခ် ရပ္နားစဥ္မွာပဲ ထူးဆန္းစြာ ထပ္မံေပ်ာက္ဆုံးသြားျပန္ပါတယ္။

ဂ်ပန္စစ္တပ္အႀကီးအကဲေတြကေတာ့ ခရီးပန္းတဲ့ဒဏ္၊ ရာသီဥတု ဒဏ္နဲ႔ငွက္ဖ်ား ေရာဂါေၾကာင့္ ေသဆုံးကုန္တာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ၾကေပမယ့္ ဒါဟာလည္း တိက်ေသခ်ာတဲ့အေျဖတစ္ခုေတာ့ မဟုတ္ခဲ့ျပန္ပါဘူး ။

ျဖစ္စဥ္ (၃)

ကမာၻေက်ာ္ လီဒိုလမ္းမႀကီး၊ ေဖာက္လုပ္ရာမွာ အလုပ္လုပ္ေနတဲ့ အေမရိကန္စစ္သား အဖြဲ႕တစ္ဖြဲ႕ဟာ ေနာင္ယန္းအင္း အနီးမွာ ထူးဆန္းစြာနဲ႔ ထပ္မံေပ်ာက္ဆုံးခဲ့ျပန္ပါတယ္ ။

ထူထပ္တဲ့ ၿခဳံႏြယ္ေတြေၾကာင့္ လမ္းေပ်ာက္သြားတာ ျဖစ္မယ္လို႔ သုံးသပ္ခဲ့ၾကေပမယ့္ ၊ ဒီအျဖစ္အပ်က္ဟာ ေနာင္ယန္းအင္းကို ထပ္မံၿပီး ပေဟဠိဆန္ေစခဲ့ပါတယ္ ။

ျဖစ္စဥ္ (၄)

၁၉၄၂ ခုႏွစ္မွာ အဂၤလိပ္စစ္တပ္တစ္တပ္ဟာလည္း ေနာင္ယန္းအင္းအနီးမွာ ေပ်ာက္ဆုံးသြားျပန္ပါတယ္။ သဲရွင္ (Quicksand) ထဲမွာ သဲကြၽံၿပီး ေပ်ာက္ဆုံးသြားတာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္ ။အေျဖကိုေတာ့ေနာင္ယန္းအင္းကလြဲၿပီး ဘယ္သူမွ သိႏိုင္မယ္ မထင္ပါဘူး ။

ျဖစ္စဥ္ (၅)

Ten lost Tribes of Israel (အစၥေရးက ေပ်ာက္ဆုံးသြားတဲ့ မ်ိဳးႏြယ္စု ၁၀စု)ဆိုတဲ့ စာအုပ္ေရးခဲ့သူ စာေရးဆရာ တစ္ဦးဟာလဲ ဒီေရကန္အနီးမွာပဲ ေပ်ာက္ဆုံးသြားခဲ့ျပန္ပါတယ္ ။အေၾကာင္းရင္းကိုေတာ့ ထုံးစံအတိုင္း တိတိပပ အေျဖရွာ မရခဲ့ျပန္ပါဘူး ။

ဒီလို ျပန္လမ္းမဲ့အင္း ( T h e L a k e O f N o R e t u r n ) ဆိုၿပီး နာမည္ႀကီးလွတဲ့ ေနာင္ယန္းအင္းမွာ ဆြတ္ပ်ံ႕လႈိက္ေမာဖြယ္ရာ အခ်စ္ဇာတ္လမ္းေလးတစ္ခုလည္း ရွိေနခဲ့ျပန္ပါတယ္ ။

လီဒိုလမ္းမႀကီးေဖာက္လုပ္စဥ္က ပါဝင္ခဲ့တဲ့ Herman Perry ဟာ တန္ရွန္းနာဂမ်ိဳးႏြယ္စုဝင္ အမ်ိဳးသမီးတစ္ဦးနဲ႔ ေမတၱာသက္ဝင္ၿပီး ေပါင္းဖက္ဖို႔ႀကိဳးစားေပမယ့္ မတူညီတဲ့ လူေနမႈစနစ္ၾကား ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြမ်ားစြာ ႀကဳံေတြ႕ရတဲ့ ဇာတ္လမ္းေလးပဲ ျဖစ္ပါတယ္ ။

ဒီဇာတ္လမ္းကို စာေရးဆရာ Brendan Koerner က Now the Hell Will Start ဆိုတဲ့စာအုပ္မွာ ဇာတ္လမ္းဆင္ ေရးဖြဲ႕ထားပါတယ္ ။

အခ်စ္ေၾကာင့္ အလြမ္းေတြ အေဆြးေတြေၾကာင့္ျပန္လမ္းမဲ့အင္း ( L a k e O f N o R e t u r n ) ဟာ ပိုမိုေက်ာ္ၾကားလာခဲ့ပါေတာ့တယ္ ။

၂၀၀၇ ခုႏွစ္ အတြင္းမွာ အိႏၵိယႏိုင္ငံကထုတ္ေဝတဲ့ The Telegraph သတင္းစာမွာ ကမာၻေက်ာ္ ဘာျမဴဒါႀတိဂံ (Burmuder Triangle) နဲ႔ တြဲဖက္ၿပီး ေနာင္ယန္းအင္းကို Local Bermuda Triangle လို႔ တင္စား ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္ ။

မည္သို႔ပင္ျဖစ္ပါေစ … ။ ေဒသခံေတြက နတ္ဘီလူးေတြ က်က္စားတယ္လို႔ ယုံၾကည္ၾကတဲ့ ၊ အိႏၵိယ ျမန္မာ နယ္စပ္ကို ပိုင္းျခားသတ္မွတ္ထားတဲ့

ပတ္ကြိဳင္ေတာင္တန္းရဲ႕ ေတာင္ေျခမွာရွိတဲ့ ၊ ေရအနည္းဆုံးအခ်ိန္မွာ အလ်ား ၁ မိုင္နီးပါး ( ၀.၈၇) မိုင္ ၊ အနံ ( ၀.၅ ) မိုင္ က်ယ္၀န္းတဲ့ နာမည္ေက်ာ္ ေနာင္ယန္းအင္းဟာ ပေဟဠိဆန္တဲ့ အလွတရားေတြနဲ႔ ယခုထက္တိုင္ နာမည္ေက်ာ္လ်က္ ရွိေနဆဲပါပဲ … ။

ကိုးကား _ Tun Tun Win’s p o s t

ပုံမ်ားႏွင့္ကိုးကားစာမ်ားအားေလးစားစြာခရက္ဒစ္ေပးပါသည္ခင္ဗ်ာ