1 135



2 13





2 13





ငါတို့တိုင်းပြည်ကြီးမှာ ဌာနဆိုင်ရာ​တွေက သူတို့လုပ်ချင်တာလုပ်လွိုရတယ်ဆိုတဲ့သ​ဘောလား?





သတိသာထားပေတော့

ခရက်ဒစ် Ni Ni Khaing fb

Unicode

မီတာခ တလတလ၈​သောင်း ၉​သောင်း​​ကျော်လောက်ကျတယ် မီတာခအများကြီးကျလို့ air conသုံးတာ​တွေ​လျော့ ​ရေခဲ​သေတ္တာညပိုင်းပဲဖွင့်သုံး မီးကို​​မလိုအပ်တာကိုမသုံးပဲ​ချွေတာ​နေလဲ ၈​သောင်း​ကျော်​ဆောင်​နေရလို့ မသင်္ကာတာနဲ့ ပြီးခဲ့တဲ့လက မီတာမ​ဆောင်ခင် မီတာရုံးသွားပြီး တာဝန်ကျ​နေတဲ့ အထက်လူကြီးကို ဝင်တိုင်လိုက်တယ် သူတို့ကလာစစ်​ဆေး​ပေးမယ်လို့​ပြောလိုက်တယ်

ကိုယ့်ဘာသာစစ်ရ​အောင်လည်း digitalမီတာပုံးက ဓါတ်တိုင်​ပေါ်မှာ ​နောက်၃ရက်​လောက်ကြာ​တော့ စစ်​ဆေး​ရေးဝန်ထမ်းနဲ့ မီတာဖတ်တဲ့သူ​ရောက်လာတယ် ဓါတ်တိုင်​အောက်​ရောက်​​တော့ ကိုယ့်မီတာစာရွက်က code noနဲ့ digital စက်နဲ့ဓာတ်တိုင်အောက်က လှမ်းဖတ်တယ် မီတာကိုဖတ်လိုက်​တော့ ယူနစ်၂၀၀​ကျော် ပို​ကောက်ထားတာ​တွေ့ရတယ်

အဲ့ဒါနဲ့ဘာလို့အဲ့လိုဖြစ်ရတာလည်း ဘာ​ကြောင့်ဖြစ်တာလဲ ကျွန်မတို့မသုံးပဲနဲ့တလတလ ယူနစ်၂၀၀​ကျော်ဖိုးသက်သက်​ဆောင်​နေရတာလား

အဲ့လို​ဆောင်​နေရတာဘယ်​လောက်​တောင်ကြာ​နေပြီလဲ အထက်ကို​ရောက်​​အောင်တိုင်မယ်လဲ​ပြောလိုက်​ရော

မီတာဖတ်တဲ့ဝန်ထမ်းက ကျွန်​တော်ယူနစ်ကိုလာမဖတ်ပဲမှန်းပြီးရေးလိုက်တာတဲ့ မှန်း​ကောက်မိတာပါတဲ့ အဲ့လိုလုပ်လို့ရလား နင်တို့မီတာရုံးကအဲ့လိုလုပ်စား​နေတာလား နင်အဲ့လိုမှန်းကောက်နေတာဘယ်လောက်ကြာပြီလည်းမေးတော့ဘာမှပြန်မပြောဘူး

ငါဘူမသိကိုးမသိနဲ့ အဲ့လို​ဆောင်​နေရတာ ဘယ်​လောက်ကြာ​နေပြီလဲ​ဆိုပြီး စိတ်တိုတိုနဲ့​အော်​ငေါက်လည်း​ပြောလိုက်​ရော ပါလာတဲ့လူကြီးကသူအဆင်​ပြေ​အောင်လုပ်​ပေးပါမယ်တဲ့ ခု​တော့ ၈​သောင်း​ကျော်​ဆောင်​ထားလိုက်ပါတဲ့ ​နောက်လကျရင် ပိုကောက်ထားတဲ့ ယူနစ်၂၀၀​ကျော်ကို ၁၂၅ကျပ်နဲ့ပြန်တွက်ပြီး​​​လျော့​ကောက်​ပေးပါ့မယ်လို့​ပြောတယ်

မီတာရုံးကဝန်ထမ်း​တွေ တလတလ မီတာလိုက်မဖတ်ပဲ အဲ့လိုရမ်း​ကောက်​နေကြတာလား?

ဒီလမီတာစာရွက်​ရောက်​တော့ မီတာခက ၅၃၅ကျပ်တဲ့

၁ယူနစ်ပဲသုံးထားတယ်တဲ့

ဝန်​ဆောင်ခက၅ဝဝကျပ်တဲ့

ငါတို့တိုင်းပြည်ကြီးမှာ ဌာနဆိုင်ရာ​တွေက သူတို့လုပ်ချင်တာလုပ်လိုွရတယ်ဆိုတဲ့သ​ဘောလား?

တတ်လဲတတ်နိုင်တဲ့ဟာ​တွေ

​နေပြည်​တော်ထိတက်တိုင်ချင်တာ ​ငွေကုန်လူပန်း ​စောက်အလုပ်​တွေရှုပ်မှာစိုးလို့ စိတ်ကို​လျော့လိုက်ရတယ်

ဒီpostကိုတင်ချင်​နေတာ ဒီလမီတာစာရွက်​ရောက်​အောင် ၁လနီးပါးသည်း ခံ​​စောင့်​နေရလို့ခုမှတင်ရတယ်

အဲ့လိုလိမ်စားချင်လို့ digitalမီတာပုံးကို ဓာတ်တိုင်ပေါ်တင်ထားတာနေမယ်

သတိသာထားပေတော့

ခရက်ဒစ် Ni Ni Khaing fb