1 100

ေဖေဖာ္ဝါရီ ေနာက္ဆုံးပတ္အတြင္း လူတိုင္းအျပင္ထြက္ျခင္းမွ ေရွာင္ၾကဥ္သင့္သည္အထိ ရန္ကုန္ၿမိဳ႕၏ ေလထုအရည္အေသြး အၫႊန္းကိန္းသည္ အႏၲရာယ္ရွိအဆင့္သို႔ ေရာက္ရွိမည္ဟု မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

ေဖေဖာ္ဝါရီ ၂၁ ရက္မွ ၂၉ ရက္အထိ ေလထုအရည္အေသြးအၫႊန္းကိန္းမွာ ၃၀၁ မွ ၅၀ဝ အထိ ရွိမည္ျဖစ္၍ လူတိုင္းအျပင္ထြက္ျခင္းမွ ေရွာင္ၾကဥ္သင့္ၿပီး အသက္ရႉလမ္း ေၾကာင္းဆိုင္ရာ သို႔မဟုတ္ ႏွလုံးေရာဂါရွိသူမ်ား၊

သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကေလးသူငယ္မ်ား အႏၲရာယ္ကင္းေသာေနရာ၌သာ ေနထိုင္သင့္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ေဖေဖာ္ဝါရီ ၁၁ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။

ေဖေဖာ္ဝါရီ ၁၃ ရက္မွ ၂၀ ရက္အထိ ေလထုအရည္အေသြးအၫႊန္းကိန္းမွာ ၂၀၁ မွ ၃၀ဝ အထိရွိမည္ျဖစ္ၿပီး လူတိုင္းက်န္းမာေရး ျပင္းထန္စြာထိခိုက္ေစႏိုင္ကာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ သို႔မဟုတ္ ႏွလုံးေရာဂါရွိသူမ်ား၊

သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကေလးသူငယ္မ်ား ယင္းနယ္နိမိတ္မွေရွာင္ၾကဥ္သင့္ၿပီး ျပင္ပလႈပ္ရွားမႈမ်ား မျပဳလုပ္သင့္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

ေလထုအရည္အေသြးအၫႊန္းကိန္းသည္ ေလထုထဲတြင္ အမႈန္၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ ႏွင့္ လူကိုအႏၲရာယ္ျဖစ္ေစႏိုင္ေသာ အမႈန္အမႊားမ်ား မည္မွ်ပါဝင္သလဲဆိုသည္ကို တိုင္းတာၿပီး

သန္႔ရွင္းေသာေလထုႏွင့္ မသန္႔ရွင္းေသာေလထု ဟူ၍ခြဲျခားေပးျခင္းျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာသည္။

“ရန္ကုန္ေလထုအတြက္ေတာ့ တိုင္းတာ ေပးသြားမွာပါ။ တစ္ႏိုင္ငံလုံးအတြက္ကေတာ့ မတိုင္းတာႏိုင္ေသးဘူး။

ဂ်ပန္ကလႉထားတာက စက္ႏွစ္လုံးမွာ တစ္လုံးကို ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက ေပးထားတဲ့အတြက္ အခ်က္အလက္တစ္လမွတစ္ႀကိမ္ပဲ ရတာေၾကာင့္ တစ္ႏိုင္ငံလုံးအတြက္က တိုင္းတာဖို႔ အဆင္မေျပေသးဘူး”ဟု ၎ကဆိုသည္။

ျမန္မာတိုင္းမ္

Unicode

ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း လူတိုင်းအပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်သည်အထိ ရန်ကုန်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်းသည် အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၉ ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၃၀၁ မှ ၅ဝဝ အထိ ရှိမည်ဖြစ်၍ လူတိုင်းအပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်ပြီး အသက်ရှူလမ်း ကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊

သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အန္တရာယ်ကင်းသောနေရာ၌သာ နေထိုင်သင့်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀ ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၂၀၁ မှ ၃ဝဝ အထိရှိမည်ဖြစ်ပြီး လူတိုင်းကျန်းမာရေး ပြင်းထန်စွာထိခိုက်စေနိုင်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊

သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ယင်းနယ်နိမိတ်မှရှောင်ကြဉ်သင့်ပြီး ပြင်ပလှုပ်ရှားမှုများ မပြုလုပ်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လေထုအရည်အသွေးအညွှန်းကိန်းသည် လေထုထဲတွင် အမှုန်၊ ကာဗွန်ဒိုင်အောက်ဆိုက် နှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အမှုန်အမွှားများ မည်မျှပါဝင်သလဲဆိုသည်ကို တိုင်းတာပြီး

သန့်ရှင်းသောလေထုနှင့် မသန့်ရှင်းသောလေထု ဟူ၍ခွဲခြားပေးခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

“ရန်ကုန်လေထုအတွက်တော့ တိုင်းတာ ပေးသွားမှာပါ။ တစ်နိုင်ငံလုံးအတွက်ကတော့ မတိုင်းတာနိုင်သေးဘူး။

ဂျပန်ကလှူထားတာက စက်နှစ်လုံးမှာ တစ်လုံးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပေးထားတဲ့အတွက် အချက်အလက်တစ်လမှတစ်ကြိမ်ပဲ ရတာကြောင့် တစ်နိုင်ငံလုံးအတွက်က တိုင်းတာဖို့ အဆင်မပြေသေးဘူး”ဟု ၎င်းကဆိုသည်။

မြန်မာတိုင်းမ်