1 94

ရန္ကုန္၌ စီဘီဘဏ္၀န္ထမ္းမ်ားအား ေသနတ္ျဖင့္ ၿခိမ္းေျခာက္၍ ဘဏ္မွ ေငြက်ပ္သိန္း(၆၀၀)ခန႔္ လုယူထြက္ေျပးသြားသူအား ဖမ္းဆီးရမိ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၁

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၃၅)ရပ္ကြက္၊ ပင္လုံလမ္း ႏွင့္ အဏၰဝါလမ္းသြယ္ေထာင့္ အမွတ္(၁၂၁၇)ရွိ စီဘီဘဏ္၌

9 1

ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ နံနက္ ၉ နာရီ ၁၅ မိနစ္အခ်ိန္တြင္ အမ်ိဳးသားတစ္ဦးက ဘဏ္ဝန္ထမ္းမ်ားအား ေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ ဗုံးဟု ယူဆရေသာ အရာ၀တၳဳကို ခ်ထားခဲ့ၿပီး

၂

ေငြက်ပ္သိန္း(၆၀၀)ခန႔္ လုယူထြက္ေျပးမႈျဖစ္ပြားခဲ့ သျဖင့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕မရဲစခန္း (ပ)၃၂၀/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ခဲ့ပါသည္။

၃

အဆိုပါအမႈအား ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ စုံစမ္းေဖာ္ထုတ္ခဲ့ရာ စုံစမ္းစစ္ေဆး ေပၚေပါက္ခ်က္အရလည္းေကာင္း၊ တာဝန္သိျပည္သူမ်ား၏ သတင္းေပးခ်က္အရ လည္းေကာင္း ျပစ္မႈက်ဴးလြန္သူ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊

အင္ၾကင္းၿမိဳင္လမ္း၊ အမွတ္(၃၃)ရပ္ကြက္ေန တရားခံ စိုးေက်ာ္ေက်ာ္(၄၇)ႏွစ္၊ (ဘ)ဦးလွေအာင္အား ေဖေဖာ္ဝါရီလ ၁၁ ရက္ ည ၆ နာရီခြဲ အခ်ိန္တြင္ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္

YGN 5K/xxxx Probox ယာဥ္၊ လုယက္သြားေသာ ျမန္မာေငြက်ပ္သိန္း(၃၇၀)ေက်ာ္၊ လုယူေငြမ်ားျဖင့္ လဲလွယ္ထားေသာ အေမရိကန္ေဒၚလာ (၇၀၀၀)တို႔ႏွင့္အတူ ဖမ္းဆီးရမိၿပီး

၄

တရားခံ စိုးေက်ာ္ေက်ာ္မွာ အေရးႀကီးေငြလိုအပ္ေနသည့္အတြက္ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ကာ ျပစ္မႈက်ဴးလြန္သူအေနျဖင့္ ေဘာေစ့ျဖင့္ ပစ္ရေသာ သတၱဳကိုယ္ထည္ ေသနတ္အတု၊ ဗုံးအတုတို႔ျဖင့္ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္းစိစစ္သိရွိရၿပီး

အဆိုပါ ေသနတ္ အတုႏွင့္ ဗုံးအတုျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ား၊ ျပစ္မႈက်ဴးလြန္စဥ္ အသုံးျပဳခဲ့ ေသာ AYY CC/xxxx ယာဥ္နံပါတ္အတုတို႔ကို

ရွာေဖြေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ၿပီးျဖစ္သည့္အတြက္ အမ်ားျပည္သူမ်ားအေနျဖင့္လည္း စိုးရိမ္ထိတ္လန႔္ဖြယ္ရာမရွိေၾကာင္း သတင္းရရွိသည္။

ခရက္ဒစ္ ရဲဇာနည္

Unicode

ရန်ကုန်၌ စီဘီဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ဘဏ်မှ ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးသွားသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ပင်လုံလမ်း နှင့် အဏ္ဏဝါလမ်းသွယ်ထောင့် အမှတ်(၁၂၁၇)ရှိ စီဘီဘဏ်၌

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် အမျိုးသားတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟု ယူဆရသော အရာဝတ္ထုကို ချထားခဲ့ပြီး

ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်အရလည်းကောင်း၊ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လည်းကောင်း ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊

အင်ကြင်းမြိုင်လမ်း၊ အမှတ်(၃၃)ရပ်ကွက်နေ တရားခံ စိုးကျော်ကျော်(၄၇)နှစ်၊ (ဘ)ဦးလှအောင်အား ဖေဖော်ဝါရီလ ၁၁ ရက် ည ၆ နာရီခွဲ အချိန်တွင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်

YGN 5K/xxxx Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ်သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ (၇၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိပြီး

တရားခံ စိုးကျော်ကျော်မှာ အရေးကြီးငွေလိုအပ်နေသည့်အတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအနေဖြင့် ဘောစေ့ဖြင့် ပစ်ရသော သတ္တုကိုယ်ထည် သေနတ်အတု၊ ဗုံးအတုတို့ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းစိစစ်သိရှိရပြီး

အဆိုပါ သေနတ် အတုနှင့် ဗုံးအတုပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့ သော AYY CC/xxxx ယာဉ်နံပါတ်အတုတို့ကို

ရှာဖွေဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီးဖြစ်သည့်အတွက် အများပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာမရှိကြောင်း သတင်းရရှိသည်။

ခရက်ဒစ် ရဲဇာနည်