1 43

နေပြည်တော် Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူ ဒေါ်ဥမ္မာလှိုင်ကို အမှုပြန်ဖွင့်မယ်လို့ ရှေ့နေပြော…

ဗစ်တိုးရီးယားအမှုမှာ ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ခဲ့တဲ့ Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူကို ပြန်အမှုဖွင့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦသိန်းသန်းဦးက ပြောပါတယ်။

ဒေါ်စုဒါလီအောင်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခံနေရပြီလို့ ယူဆတဲ့အတွက် နိုင်လွတ်လုံ လို့ခေါ်တဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ နဲ့ ပြန်အမှုဖွင့်မှာလို့ ဆိုပါတယ်။

ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ရှေ့ေုန ဒေါ်စုဒါလီအောင်ကို ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။

ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအပါအ၀င် နိုင်လွတ်လုံ ဥပဒေနဲ့ပါ အမှုဖွင့်ခဲ့တာဖြစ်ပေမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲခွင့်သာရရှိခဲ့တာပါ။

ဒေါ်စုဒါလီအောင် ဘက်က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးနဲ့ ဦးခင်မောင်ဇော်တို့က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက CMP လို့ ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှုကို ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၂၁ မှာ တရားလိုဘက်ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။


သီဟထွန်း/အာအက်ဖ်အေ

Unicode

နေပြည််တော် Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူ ဒေါ်ဥမ္မာလှိိုိင်ကို အမှုပြန်ဖွင့်မယ်လို့ ရှေ့နေပြော…

ဗစ်တိိုးရီးယားအမှုမှာ ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ခဲ့တဲ့ Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူကို ပြန်အမှုဖွင့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦသိန်းသန်းဦးက ပြောပါတယ်။

ဒေါ်စုုဒါလီအောင်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခံနေရပြီလို့ ယူဆတဲ့အတွက် နိုင်လွတ်လုံ လို့ခေါ်တဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ နဲ့ ပြန်အမှုဖွင့်မှာလို့ ဆိုပါတယ်။

ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိိုင်က ရှေ့ေုန ဒေါ်စုဒါလီအောင်ကို ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။

ဒေါ်စုုဒါလီအောင်ကိို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအပါအဝင် နိုင်လွတ်လုံ ဥပဒေနဲ့ပါ အမှုဖွင့်ခဲ့တာဖြစ်ပေမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲခွင့်သာရရှိခဲ့တာပါ။

ဒေါ်စုဒါလီအောင် ဘက်က တရားလွှတ်တော််ရှေ့နေ ဥိီးသိန်းသိန််းဦးနဲ့ ဦးခင််မောင်ဇော်တို့က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီနေ့ နေပြည််တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက CMP လို့ ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှုကို ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၂၁ မှာ တရားလိုဘက်ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။

အလားတူ ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူအပါအဝင် ခြောက်ဦးကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

သီဟထွန်း/အာအက်ဖ်အေ

Facebook Comments