ရုပ္ရွင္အစည္းအရံုးကို ယုန္ေလးအတြက္ ဦးေဆာင္ျပီး ေတာင္းပန္ေပးဖုိ႔ ၾကိဳးစားေနတဲ့ ျမင့္ျမတ္

အဆိုတော်ယုန်လေးရဲ့ ငါတို့အားလုံးရဲ့မြေ သီချင်းနဲ့ပတ်သက်ပြီး ဂယက်ရိုက်နေကြတာကိုတော့ ပရိသတ်ကြီးမြင်တွေ့ကြမှာပါနော်။

သီချင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေမရှိပေမယ့် MV သရုပ်ဆောင်ချက်တွေ အပေါ်မှာ ဝေဖန်မှုတွေများစွာရှိနေတာကြောင့် အဆိုတော်ယုန်လေးကိုယ်တိုင် သူ့ဖေ့ဘုတ်ကနေပြီး စာနှင့်တစ်မျိုး Live လွှင့်ပြီးတစ်မျိုး ပရိသတ်ကြီးနှင့် အနုပညာရှင်တွေကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဒီသီချင်း MV ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှုရှိ/မရှိ စိစစ်သွားမယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း သရုပ်ဆောင် မြင့်မြတ်ဦးဆောင်ပြီး OG Crew တွေပါဝင်တဲ့အဖွဲ့ဟာ ယုန်လေးအတွက် ရုပ်ရှင်အစည်းအရုံးမှာ တောင်းပန်ပေးဖို့ ရောက်ရှိနေပြီလို့ ယုန်လေးက သူ့ရဲ့ဖေ့ဘုတ်အကောင့်ကနေ ဖော်ပြလာပါတယ်။

“တော်တော်များများ အဆင်းဘီးတက်ပေးတဲ့ အချိန်မှာ မိတ်ဆွေ စစ် . အတု သိခွင့်ရလိမ့်ပါတယ် .ကိုအယ်ကြီး နှင့် ပါဝင်သူညီ ညီမငယ် အစ်ကို . အစ်မ . အမေမွှေး ဝိုင်းအားပေးသလို .

မနေ့က ညနေ့က ည အထိ ကျွန်တော် အချစ်ဆုံးကောင် မြင့်မြတ် . ပြီးတော့ ကိုခင်လိူင် . ထူးခြား . Kညီ .အတူရှိပေးကျတယ် . နှစ်သိမ့်ပေးကျတယ် .”

“သူရူတင် နောက်ကျရင် နောက်ကျနိုင်တယ် .ရုပ်ရှင် အစည်းရုံးကို ကျွန်တော့် အတွက် တောင်းပန်ဖို့ ဆိုပြီး အခု မနက်အစောကြီး ထ ပြီး ကျွန်တော် ထက် ဦးအောင် . မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန်ရောက်နေကျတယ်

ဒီလို မိသားစုတွေ ရှိတာကိုက အားအရမ်းရှိပါတယ် . Messenger ကေနေရာ . Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူး မမေ့ပါဘူး

ဘယ်လို စိတ်ခံစားမူ့ မျိုးကြုံမလဲ ဆိုတာ ခံစားဖူးတဲ့သူ . မိဘမရှိတဲ့ လူတိုင်း ဒီ သိမ်ငယ်အားငယ်စိတ်ကိုသိမှာပါ မွေးထဲက မိဘနှစ်ပါး လုံးဆုံးတာပါ

ဘယ်ရဲမူးကြီးသား မှ မဟုတ်ပါဘူး ခင်များ ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်ထဲပဲ ခံယူပါရစေ ပါဝင်ပေးသူ များ တစ်ယောက်နှင့်မှ မဆိုင်ပါ 🙏”

ယုန်လေးကတော့ ဒီလိုအခြေအနေဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ သူ့အတွက် မိတ်ဆွေ အစစ်အမှန်တွေကို သိခွင့်ရခဲ့တယ်လို့ဆိုပါတယ်။

သူ့ကို အားပေးနှစ်သိမ့်ပေးတဲ့ အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသေးတယ်။

WLC

Zawgyi

အဆိုေတာ္ယုန္ေလးရဲ႕ ငါတို႔အားလုံးရဲ႕ေျမ သီခ်င္းနဲ႔ပတ္သက္ၿပီး ဂယက္႐ိုက္ေနၾကတာကိုေတာ့ ပရိသတ္ႀကီးျမင္ေတြ႕ၾကမွာပါေနာ္။

သီခ်င္းႏွင့္ပတ္သက္ၿပီး ေဝဖန္မႈေတြမရွိေပမယ့္ MV သ႐ုပ္ေဆာင္ခ်က္ေတြ အေပၚမွာ ေဝဖန္မႈေတြမ်ားစြာရွိေနတာေၾကာင့္ အဆိုေတာ္ယုန္ေလးကိုယ္တိုင္ သူ႔ေဖ့ဘုတ္ကေနၿပီး စာႏွင့္တစ္မ်ိဳး Live လႊင့္ၿပီးတစ္မ်ိဳး ပရိသတ္ႀကီးႏွင့္ အႏုပညာရွင္ေတြကို ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာနကလည္း ဒီသီခ်င္း MV ႐ိုက္ကူးမႈႏွင့္ပတ္သက္ၿပီး ကိုဗစ္စည္းကမ္းခ်က္ေတြကို လိုက္နာမႈရွိ/မရွိ စိစစ္သြားမယ္လို႔ သိရပါတယ္။

ဒီေန႔မနက္ပိုင္းမွာလည္း သ႐ုပ္ေဆာင္ ျမင့္ျမတ္ဦးေဆာင္ၿပီး OG Crew ေတြပါဝင္တဲ့အဖြဲ႕ဟာ ယုန္ေလးအတြက္ ႐ုပ္ရွင္အစည္းအ႐ုံးမွာ ေတာင္းပန္ေပးဖို႔ ေရာက္ရွိေနၿပီလို႔ ယုန္ေလးက သူ႔ရဲ႕ေဖ့ဘုတ္အေကာင့္ကေန ေဖာ္ျပလာပါတယ္။

“ေတာ္ေတာ္မ်ားမ်ား အဆင္းဘီးတက္ေပးတဲ့ အခ်ိန္မွာ မိတ္ေဆြ စစ္ . အတု သိခြင့္ရလိမ့္ပါတယ္ .ကိုအယ္ႀကီး ႏွင့္ ပါဝင္သူညီ ညီမငယ္ အစ္ကို . အစ္မ . အေမေမႊး ဝိုင္းအားေပးသလို .

မေန႔က ညေန႔က ည အထိ ကြၽန္ေတာ္ အခ်စ္ဆုံးေကာင္ ျမင့္ျမတ္ . ၿပီးေတာ့ ကိုခင္လိူင္ . ထူးျခား . Kညီ .အတူရွိေပးက်တယ္ . ႏွစ္သိမ့္ေပးက်တယ္ .”

“သူ႐ူတင္ ေနာက္က်ရင္ ေနာက္က်ႏိုင္တယ္ .႐ုပ္ရွင္ အစည္း႐ုံးကို ကြၽန္ေတာ့္ အတြက္ ေတာင္းပန္ဖို႔ ဆိုၿပီး အခု မနက္အေစာႀကီး ထ ၿပီး ကြၽန္ေတာ္ ထက္ ဦးေအာင္ . ျမင့္ျမတ္ ဦးေဆာင္ၿပီး OG Crew အကုန္ေရာက္ေနက်တယ္

ဒီလို မိသားစုေတြ ရွိတာကိုက အားအရမ္းရွိပါတယ္ . Messenger ေကေနရာ . Ph နဲ႔ ေရာ အားေပးတဲ့ အေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူး မေမ့ပါဘူး

ဘယ္လို စိတ္ခံစားမူ႔ မ်ိဳးႀကဳံမလဲ ဆိုတာ ခံစားဖူးတဲ့သူ . မိဘမရွိတဲ့ လူတိုင္း ဒီ သိမ္ငယ္အားငယ္စိတ္ကိုသိမွာပါ ေမြးထဲက မိဘႏွစ္ပါး လုံးဆုံးတာပါ

ဘယ္ရဲမူးႀကီးသား မွ မဟုတ္ပါဘူး ခင္မ်ား ဘာျဖစ္ျဖစ္ ကြၽန္ေတာ္ တစ္ေယာက္ထဲပဲ ခံယူပါရေစ ပါဝင္ေပးသူ မ်ား တစ္ေယာက္ႏွင့္မွ မဆိုင္ပါ 🙏”

ယုန္ေလးကေတာ့ ဒီလိုအေျခအေနျဖစ္ေပၚခဲ့တဲ့အခ်ိန္မွာ သူ႔အတြက္ မိတ္ေဆြ အစစ္အမွန္ေတြကို သိခြင့္ရခဲ့တယ္လို႔ဆိုပါတယ္။

သူ႔ကို အားေပးႏွစ္သိမ့္ေပးတဲ့ အေယာက္စီတိုင္းကိုလည္း ေက်းဇူးတင္စကားေျပာၾကားခဲ့ပါေသးတယ္။

WLC