ယုန္ေလး သီခ်င္းကို လက္ခံခဲ့ရတဲ့အေၾကာင္းကို ညီနႏၵ ေျပာၿပီ

အဆိုတော် ယုန်လေး ဒါရိုက်တာ အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ “ ငါတို့ အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” သီချင်းမှာ ဗိုလ်ချုပ်မှူးကြီး ကာရိုက်တာအနေနဲ့ ပါဝင်ခဲ့တဲ့ ညီနန္ဒဟာ အဲဒီသီချင်းမှာ ပါဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆိုပါတယ်။

“ကျနော် ဒီ Music Video နဲ့ ပတ်သက်ပြီး ယုန်လေး စကမ်းလှမ်းချိန်မှာ ယုန်လေးက သီချင်း အရင် နားထောင်ကြည့်ပါ။ သီချင်းရဲ့ ပေးချင်တဲ့ M e s s a g e က ကောင်းပါတယ်။

အားလုံး စည်းလုံးဖို့ ဆိုတော့ ကျနော်တို့လည်း သရုပ်ဆောင်ဆိုတော့ အနုပညာအမြင်နဲ့ မြင်ကြည့်တယ်”

“ကျနော်က ယုန်လေးကို မေးတယ်။ ကျနော် ဘယ်နေရာက သရုပ်ဆောင်ရမှာလဲပေါ့။ ယုန်လေးက အမေစုကို ကယ်ရမှာ။ အမေစုနဲ့ လက်ဆွဲ နှုတ်ဆက်မယ်။

စည်းလုံးသွားမယ်ပေါ့။ ကျနော်ကလည်း အမေစုကို ကယ်ခွင့်ရတာလည်း ဖြစ်တဲ့အတွက် ကျနော် အိုကေဆိုပြီး ရိုက်လိုက်တယ်။ တကယ်ရိုက်တဲ့ အချိန်မှာလည်း ဒါပဲ။ မနက်က ပြန်စဉ်းစားတယ်”

“ကျနော် ဒီ Music Video မှာ ကျနော် သရုပ်ဆောင်ထားတဲ့ အပိုင်းလေးပဲ ကြည့်တယ်။

ကျနော်က ဖန်တီးတဲ့သူလည်း မဟုတ်ဘူး။ ကျနော် သရုပ်ဆောင်ထားတာသည် အမေစုကို ကယ်တယ်၊ အမေစုနဲ့ လက်ဆွဲ နှုတ်ဆက်တယ်။ စည်းလုံးသွားတယ်။

ဒီလောက်ပဲ။ ကျန်တဲ့ တင်ပြမှုအပိုင်း လွဲချော်နေတာကတော့ ကျနော်နဲ့ မဆိုင်ဘူး”လို့ ညီနန္ဒက ပြောပါတယ်။

အနုပညာ လုပ်ချင်တဲ့စိတ်နဲ့ပဲ ရိုက်ခဲ့တာဖြစ်တဲ့အတွက် အနူးအညွတ် တောင်းပန်တယ်လို့လည်း ညီနန္ဒက ပြောပါတယ်

“အနုပညာလုပ်ချင်တဲ့ စိတ်နဲ့ပဲ ဖော်ထုတ်လိုက်တာပါ။ နိုင်ငံရေးအမြင်အရ ကြည့်ရင် တချို့ ဒေါသထွက်ပြီး ဆဲနေကြတဲ့ အပိုင်းလေးတွေ ရှိတယ်။

အဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ ဘာသင်ခန်းစာ ရလိုက်လဲဆိုတော့ နောက်ပိုင်း အနုပညာလုပ်ပြီဆိုရင် ဒီထက်ပိုပြီး စေ့စပ်သေချာပြီး အစအဆုံး သေချာမေးပြီး ဆင်ခြင်ပြီး ရိုက်ဖို့ သင်ခန်းစာ ရပါတယ်”လို့ ညီနန္ဒက ပြောပါတယ်။

Music Video နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘဲ နောင်ဒီလို မဖြစ်အောင် ကိုယ်တိုင်ပဲ ဆင်ခြင်သွားမယ်လို့ ညီနန္ဒက ပြောပါတယ်။

“ဒီအချိန်မှာလည်း ဒီ Music Video နဲ့ ပတ်သက်ပြီး ဘယ်သူ့မှ အပြစ်မတင်ပါဘူး။ ကိုယ်တိုင်လည်း ကင်မရာ ရှေ့မှာ ရိုက်ခဲ့မိတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုပါတယ်။

ဘယ်သူ့မှ အပြစ် မတင်ပါဘူး။ နောက် ဒီလို မဖြစ်အောင် အတတ်နိုင်ဆုံး ဆင်ခြင်မယ်”လို့ ညီနန္ဒက ဆိုပါတယ်။

“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက “O r i g i n a l G a n g s t e r ” P a g e မှာ တင်ခဲ့တာ ဖြစ်ပြီး

ဒီသီချင်းမှာ အဆိုတော်များစွာ ပါဝင် သီဆိုထားပါတယ်။ အဆိုတော် ယုန်လေးကတော့ ဒီသီချင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook အကောင့်ကနေ အနုပညာရှင်များ၊ ပရိသတ်များကို Live လွှင့်ကာ ပြန်လည် တောင်းပန်ထားပါတယ်။

Zawgyi

အဆိုေတာ္ ယုန္ေလး ဒါ႐ိုက္တာ အေနနဲ႔ ပုံေဖာ္႐ိုက္ကူးထားတဲ့ “ ငါတို႔ အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)” သီခ်င္းမွာ ဗိုလ္ခ်ဳပ္မႉးႀကီး ကာ႐ိုက္တာအေနနဲ႔ ပါဝင္ခဲ့တဲ့ ညီနႏၵဟာ အဲဒီသီခ်င္းမွာ ပါဝင္ျဖစ္ပုံနဲ႔ ပတ္သက္ၿပီး အခုလိုပဲ ဆိုပါတယ္။

“က်ေနာ္ ဒီ Music Video နဲ႔ ပတ္သက္ၿပီး ယုန္ေလး စကမ္းလွမ္းခ်ိန္မွာ ယုန္ေလးက သီခ်င္း အရင္ နားေထာင္ၾကည့္ပါ။ သီခ်င္းရဲ႕ ေပးခ်င္တဲ့ M e s s a g e က ေကာင္းပါတယ္။

အားလုံး စည္းလုံးဖို႔ ဆိုေတာ့ က်ေနာ္တို႔လည္း သ႐ုပ္ေဆာင္ဆိုေတာ့ အႏုပညာအျမင္နဲ႔ ျမင္ၾကည့္တယ္”

“က်ေနာ္က ယုန္ေလးကို ေမးတယ္။ က်ေနာ္ ဘယ္ေနရာက သ႐ုပ္ေဆာင္ရမွာလဲေပါ့။ ယုန္ေလးက အေမစုကို ကယ္ရမွာ။ အေမစုနဲ႔ လက္ဆြဲ ႏႈတ္ဆက္မယ္။

စည္းလုံးသြားမယ္ေပါ့။ က်ေနာ္ကလည္း အေမစုကို ကယ္ခြင့္ရတာလည္း ျဖစ္တဲ့အတြက္ က်ေနာ္ အိုေကဆိုၿပီး ႐ိုက္လိုက္တယ္။ တကယ္႐ိုက္တဲ့ အခ်ိန္မွာလည္း ဒါပဲ။ မနက္က ျပန္စဥ္းစားတယ္”

“က်ေနာ္ ဒီ Music Video မွာ က်ေနာ္ သ႐ုပ္ေဆာင္ထားတဲ့ အပိုင္းေလးပဲ ၾကည့္တယ္။

က်ေနာ္က ဖန္တီးတဲ့သူလည္း မဟုတ္ဘူး။ က်ေနာ္ သ႐ုပ္ေဆာင္ထားတာသည္ အေမစုကို ကယ္တယ္၊ အေမစုနဲ႔ လက္ဆြဲ ႏႈတ္ဆက္တယ္။ စည္းလုံးသြားတယ္။

ဒီေလာက္ပဲ။ က်န္တဲ့ တင္ျပမႈအပိုင္း လြဲေခ်ာ္ေနတာကေတာ့ က်ေနာ္နဲ႔ မဆိုင္ဘူး”လို႔ ညီနႏၵက ေျပာပါတယ္။

အႏုပညာ လုပ္ခ်င္တဲ့စိတ္နဲ႔ပဲ ႐ိုက္ခဲ့တာျဖစ္တဲ့အတြက္ အႏူးအၫြတ္ ေတာင္းပန္တယ္လို႔လည္း ညီနႏၵက ေျပာပါတယ္

“အႏုပညာလုပ္ခ်င္တဲ့ စိတ္နဲ႔ပဲ ေဖာ္ထုတ္လိုက္တာပါ။ ႏိုင္ငံေရးအျမင္အရ ၾကည့္ရင္ တခ်ိဳ႕ ေဒါသထြက္ၿပီး ဆဲေနၾကတဲ့ အပိုင္းေလးေတြ ရွိတယ္။

အဲ့အတြက္ အႏူးအၫြတ္ ေတာင္းပန္ပါတယ္။ ဘာသင္ခန္းစာ ရလိုက္လဲဆိုေတာ့ ေနာက္ပိုင္း အႏုပညာလုပ္ၿပီဆိုရင္ ဒီထက္ပိုၿပီး ေစ့စပ္ေသခ်ာၿပီး အစအဆုံး ေသခ်ာေမးၿပီး ဆင္ျခင္ၿပီး ႐ိုက္ဖို႔ သင္ခန္းစာ ရပါတယ္”လို႔ ညီနႏၵက ေျပာပါတယ္။

Music Video နဲ႔ ပတ္သက္ၿပီး ဘယ္သူ႔ကိုမွ အျပစ္မတင္ခ်င္ဘဲ ေနာင္ဒီလို မျဖစ္ေအာင္ ကိုယ္တိုင္ပဲ ဆင္ျခင္သြားမယ္လို႔ ညီနႏၵက ေျပာပါတယ္။

“ဒီအခ်ိန္မွာလည္း ဒီ Music Video နဲ႔ ပတ္သက္ၿပီး ဘယ္သူ႔မွ အျပစ္မတင္ပါဘူး။ ကိုယ္တိုင္လည္း ကင္မရာ ေရွ႕မွာ ႐ိုက္ခဲ့မိတယ္။ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္လိုပါတယ္။

ဘယ္သူ႔မွ အျပစ္ မတင္ပါဘူး။ ေနာက္ ဒီလို မျဖစ္ေအာင္ အတတ္ႏိုင္ဆုံး ဆင္ျခင္မယ္”လို႔ ညီနႏၵက ဆိုပါတယ္။

“ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္)” Music Video ကို ၾသဂုတ္လ ၄ ရက္ေန႔ မနက္ပိုင္းက “O r i g i n a l G a n g s t e r ” P a g e မွာ တင္ခဲ့တာ ျဖစ္ၿပီး

ဒီသီခ်င္းမွာ အဆိုေတာ္မ်ားစြာ ပါဝင္ သီဆိုထားပါတယ္။ အဆိုေတာ္ ယုန္ေလးကေတာ့ ဒီသီခ်င္းနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ Facebook အေကာင့္ကေန အႏုပညာရွင္မ်ား၊ ပရိသတ္မ်ားကို Live လႊင့္ကာ ျပန္လည္ ေတာင္းပန္ထားပါတယ္။

irrawaddy