နိုင်ငံရေးကို ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ ဖွင့်ဟလိုက်ပြီး အားလုံးကို ရှိခိုးတောင်းပန်းသွားတဲ့ ယုန်လေး

နိုင်ငံရေးကို ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ ဖွင့်ဟလိုက်ပြီး M T V သီချင်းကို ပြန်လည် ဖြုတ်ချသွားမယ့် အဆိုတော်ယုန်လေး

လက်ရှိမှာ ငါတို့အားလုံးရဲ့မြေ..(စည်းလုံးသင့်ပြီ မြန်မာပြည်) M T V သီချင်းကြောင့် ဝေဖန်မှုခံနေရတဲ့ အဆိုတော်ယုန်လေးဟာ သူ့အနေနဲ့ အခုအချိန်မှာ MTV သီချင်းကြောင့် ရိုက်ခတ်ခဲ့တဲ့ ကြီးမားတဲ့ ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်တအားကျနေခဲ့ပြီလို့ ဆိုပါတယ်။

အဆိုတော်ယုန်လေးအနေနဲ့ အနုပညာအပေါ် ရူးသွပ်မှုတစ်ခုတည်းကိုဦးတည်ပြီး သီချင်းကို ဖန်တီးခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

နောက်ကွယ်မှာ မည်သူတစ်ဦးတစ်ယောက်မှ စေခိုင်းတာမျိုး မရှိသလို ပိုက်ဆံတပြားတချပ်ကိုမှ မယူဘဲ အနုပညာရူးသွပ်မှုတစ်ခုတည်းနဲ့သာ သီချင်းကို ဖန်တီးခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အဆိုတော်ယုန်လေး ဖန်တီးခဲ့တဲ့ M T V သီချင်းနဲ့ ပတ်သက်ပြီး အခုအခါမှာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေအကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေပါတယ်။

အဆိုတော်ယုန်လေးရဲ့ M T V သီချင်းထဲမှာ မြန်မာ့နိုင်ငံရေး လောကက အထင်ကရ ပုဂိုလ်တွေရဲ့ ပုံရိပ်တွေ ထည့်သွင်းအသုံးပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရတာပါ။

အဆိုတော်ယုန်လေးဟာ အခုဖြစ်ရပ်အတွက် သူ့ကိုယ်ပိုင် F a c e b o o k စာမျက်နှာမှာ l i v e လွှင့် ဖြေရှင်းခဲ့ပြီး အကြီးအကဲတွေနဲ့ M T V သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်အားလုံးကို တရားဝင်တောင်းပန်ခဲ့ပြီး

ဝေဖန်မှုခံနေရတဲ့ MTV သီချင်းကိုလည်း ပြန်လည်ဖြုတ်ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Z_Media

Zawgyi









#Z_Media